ကလေး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့အတွက် လျှို့ဝှက်ချက်များ


နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူရတဲ့ ကလေးငယ်ဟာ ပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်ပါပဲ။

ကလေးငယ်တွေမှာ အိပ်စက်ခြင်းပုံစံအမျိုးမျိုး လိုအပ်ပြီး ဒီလိုအိပ်စက်ခြင်းတွေကနေလည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်တာမို့ ကောင်းမွန်မှန်ကန်စွာ အိပ်စက်စေဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို အသုံးပြုပြီး ပြည့်ပြည့်၀၀ အနားရစေမယ့် အိပ်စက်ခြင်းမျိုးကို ကလေးငယ်တွေ ရရှိစေဖို့ အခြေခံအုတ်မြစ် ဖြစ်လာမှာဖြစ်ပါတယ်။

ကလေးနဲ့ သင့်တော်မယ့် အိပ်စက်ချိန်ကို ရွေးချယ်ပါ

မွေးကင်းစကလေးငယ်လေး အတွက်ကတော့ အချိန်တော်တော်များများ အိပ်ချင်နေတတ်ကြတာမို့ ပညာရှင်တွေကတော့ ပုံမှန်အားဖြင့် ညနေ ၇ နာရီ ၈နာရီကြားကို ညအိပ်ယာဝင်ချိန်အဖြစ် အကြံပေးထားကြပါတယ်။ နည်းနည်းအချိန်ကြာကြာစောင့်ပေးပါက ပင်ပမ်းပြီး မနေမနားဆော့ကစားပြီးချိန်မှာတော့ ကလေးငယ်လေးတွေဟာ လွယ်လွယ်ကူကူ အိပ်ပျော်သွားတတ်ကြပါတယ်။

ညအိပ်ယာဝင်ချိန် သတ်မှတ်ပြီး ပုံမှန်အိပ်စက်ပါစေ

ကလေးငယ်တွေဟာ ပုံမှန်အလေ့အကျင့် လုပ်ပေးဖို့လိုပါတယ်။ ညစဉ် အချိန်မှန် အိပ်ယာဝင်စေခြင်းဖြင့် အဲဒီအချိန်ရောက်ရင် အိပ်စက်ရမယ်ဆိုတာကို ကလေးက မြန်မြန်ဆန်ဆန်ပဲ သင်ယူနားလည်သွားမှာ ဖြစ်ပါတယ်။

ရိုးရှင်းပြီး သက်တောင့်သက်သာရှိစေမယ့် အိပ်ယာဝင်ချိန် ဖန်တီးပေးပါ

မွေးကင်းစ ကလေးငယ်တွေမှာ ပုံမှန်ညအိပ်ယာဝင်စေခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ ညစဉ် ကလေးကို ချော့သိပ်နိုင်မယ့် နည်းလမ်းတွေဖြစ်တဲ့ ရေချိုးပြီး နှိပ်နယ်ပေးခြင်း၊ စာအုပ်ဖတ်ပြခြင်း၊ အိပ်ယာဝင်သီချင်းသီဆိုပေးခြင်း စတဲ့ သုံးလေးခုလောက် ရွေးချယ်ပြုလုပ်ပေးပါ။ ဒီလို အလေ့အကျင့်ပြုလုပ်ပေးခြင်းအားဖြင့် ကလေးငယ်ရော မိဘအတွက်ပါ အချိန်မှန်အလေ့အကျင့်ဖြစ်သွားစေပါတယ်။ အိပ်ယာမ၀င်ခင် နာရီဝက်အလိုကတည်းက မီးတွေပိတ်ပေးဖို့လည်း လိုအပ်ပါတယ်။

ကလေး ပင်ပမ်းပြီး အိပ်ချင်လာ(အိပ်ပျော်မသွားစေဘဲ)တဲ့အထိ စောင့်ပါ

မိဘအကူအညီ မပါဘဲ ကိုယ့်ဘာသာကို အိပ်ပျော်သွားစေဖို့ သင်ပြပေးပါ။ ကလေးကို လှုပ်ပြီးချော့မြူသိပ်မယ်ဆိုရင် ညလယ် တစ်ရေးနိုးချိန်မှာလည်း ဒီလိုသိပ်ပေးရဖို့ များပါတယ်။ ပင်ပမ်းပြီး အိပ်ချင်လာတဲ့အချိန်ရောက်မှ အိပ်ယာဝင်တဲ့ကလေးငယ်လေးတွေကတော့ သူ့တို့ဘာသာအိပ်ပျော်သွားတတ်ပြီး တစ်ရေးနိုးရင်တောင် ချော့သိပ်ဖို့ မလိုအပ်တော့ပါဘူး။

ညလယ်နို့ထစို့တဲ့အကျင့်ကို ဖျောက်ဖို့အချိန်ကို သိထားပါ

၆ လသားအရွယ် ရောက်လာတဲ့ ကလေးငယ်တွေ အများစုဟာ ညအချိန်မှာ ထပ်ပြီးစားဖို့မလိုဘဲ ပုံမှန်အိပ်ပျော်လေ့ ရှိနေကြပါပြီ။ ညလယ် တစ်ရေးနိုး နို့ထစို့တဲ့အကျင့်ကို ဖျောက်ဖို့၊ နို့ဖြတ်ဖို့အတွက် ညအိပ်ယာမ၀င်ချင် အစာပြေတစ်ခုခုကျွေးပြီး သိပ်လို့ရပါပြီ။ တစ်ရေးနိုးလာရင်လည်း အစာထကျွေးမယ့်အစား ကျောလေးကိုပွတ်ပေးပြီး ပြန်သိပ်ပေးတာမျိုး လုပ်လို့ရပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ