မှတ်ဥာဏ်ကို ထိခိုက်နိုင်တဲ့ အဝလွန်ခြင်း


အဝလွန်တဲ့သူတွေရဲ့ဦးနှောက်တွေဟာဆိုရင် သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်အစိတ်အပိုင်းတွေကို အလွယ်တကူ ပျက်စီးနိုင်ပြီး အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း မှတ်မိဖို့ ခက်ခဲ့တယ်လို့ သိရပါတယ်။ ဦးနှောက်ရဲ့ သာယာမှုကို ခံစားတတ်တဲ့ အစိတ်အပိုင်းမှာ ဟော်မုန်းတွေများပြားလာရင်တော့ အစားစားချင်စိတ်ကို အားပေးပြီး အဝလွန်မှုကို ဖြစ်စေတယ်လို့ ကျန်းမာရေးသုတေသီတွေက ဖော်ပြခဲ့ပါတယ်။

အဝလွန်ခြင်းဟာဆိုရင်တော့ ဦးနှောက်ရဲ့ အတိတ်မှတ်ဥာဏ်တွေကို ထိခိုက်စေနိုင်ပေမယ့်လည်း အထွေထွေဗဟုသုတမှတ်ဥာဏ်တွေကိုတော့ ထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။ ကြွက်တွေကိုတော့ ဒီစမ်းသပ်ချက်ကိုလုပ်ဆောင်ခဲ့ပြီး ဘာ့ကြောင့် မှတ်ဥာဏ်စွမ်းရည်ကျဆင်းရတယ်ဆိုတာကို ထင်ထင်ရှားရှား သိခဲ့ပေမယ့်လည်း လူသားတွေမှာတော့ ဒီရဲ့ လုပ်ဆောင်ချက်က ရှုပ်ထွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လေ့လာသူတွေဟာ အဝလွန်လူ ၅၀ ကို ကွန်ပျူတာနဲ့ ဂိမ်းကစားတဲ့ သုတေသနကို ပြုလုပ်စေခဲ့ကြပါတယ်။ ဒီဂိမ်းမှာတော့ ပစ္စည်းတွေကို ဘယ်နေရာမှာရှိတယ်ဆိုတာ ပြသထားမှာဖြစ်ပြီး ဒီဂိမ်းစတင်ချိန်မှာ ဘယ်နေရာမှာ ဘာပစ္စည်းဆိုတာကို ပြန်ပြီးဖော်ထုတ်ခိုင်းတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီရဲ့ ရလဒ်တွေကို စစ်တမ်းပြုစုခဲ့ရာမှာတော့ အဝလွန်နေသူတွေက ပိန်တဲ့သူတွေထက် ၁၅ ရာနှုန်းလောက် အမှတ်တွေ လျော့နည်းနေတာကို တွေ့ခဲ့ကြပါတယ်။

ဘာ့ကြောင့် ဒီလိုမျိုးဖြစ်ပေါ်ရတယ်ဆိုတာကိုတော့ ဆက်ပြီးတော့ လေ့လာနေဆဲဖြစ်ပြီး ဦးနှောက်ထိခိုက်မှုဟာ အဝလွန်တာနဲ့ ဆက်စပ်နေတယ်ဆိုတာ သေချာပါတယ်လို့ သုတေသီတွေက ပြောပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ