Tetanus မေးခိုင်ရောဂါ


မေးခိုင်ပိုးဝင်တယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲဆရာ။ ဘယ်လိုလက္ခဏာတွေပြတတ်လဲဆရာ။

မေးခိုင်ရောဂါသည် Gram-positive Clostridium tetani ဗက်တီးရီးယားကြောင့် ဖြစ်ရသည်။ အနာ-ဒဏ်ရာထဲသို့ ၄င်းပိုးဝင်၍ဖြစ်သည်။ မေးရိုးကြွက်သားများ လှုပ်မရဖြစ်၍ မေးခိုင်ရောဂါဟု လူသိများသည်။ ပိုးဝင်ပြီး ၂-၁၄ ရက်ကြာမှ ရောဂါလက္ခဏာများပေါ်သည်။ အနာ-ဒဏ်ရာများသည် အထဲနက်မှသာဖြစ်စေတတ်သည်။ ဥပမာ သံစူးခြင်း၊ ခွဲစိတ်ခြင်း၊ မွေးပြီးကလေး ချက်ကြိုး ဖြတ်ခြင်းကြောင့် ဖြစ်တတ်သည်။ ကလေးဖြစ်လျင် နို့မစို့နိုင်ဖြစ်လာမည်။ ကြွက်သားများ တောင့်တင်းနေမည်။ ပါးစပ်ဟရ ခက်လာမည်။ အစာဝါးသည့်ကြွက်သားများ၊ မျက်နှာအမူအယာ လုပ်သည့်ကြွက်သားများ တောင့်တင်းနေသဖြင့် မဲ့ပြုံးပြုံးနေသလို ဖြစ်နေမည်။ ခါးတောင့်တင်းနေမည်။

ဆိုးဝါးပါက ဝမ်းဗိုက်ရှေ့ကကြွက်သားများပင် ပြတ်ထွက်စေနိုင်သည်။ အသက်ရှူရာတွင် အသုံးပြုသည့်ကြွက်သားများ အလုပ်မလုပ်နိုင်ဖြစ်လာပါက အသက်ကောင်းစွာ မရှူနိုင်ဖြစ်လာမည်။ သလိပ်-ချွဲ မထုတ်နိုင်ဖြစ်လာမည်။ တက်မည်၊ အထူးသဖြင့် အသံကြားပါက၊ အလင်းရောင်မြင်ပါက တက်မည်။ လူနာခါးအောက်လက်ဝါးထိုးကြည့်လျှင် အိပ်ယာနှင့် ကပ်မနေ။ ဆိုးဝါးပါက ဝမ်းဗိုက်ရှေ့ကကြွက်သားများပင် ပြတ်ထွက်စေနိုင်သည်။ အသက်ရှူရာတွင် အသုံးပြုသည့် ကြွက်သားများ အလုပ်မလုပ်နိုင်ဖြစ်လာပါက အသက်ကောင်းစွာ မရှူနိုင်ဖြစ်လာမည်။ အောက်စီဂျင်နှင့် အသက်ရှူကရိယာလိုနိုင်သည်။ သလိပ်-ချွဲ မထုတ်နိုင်ဖြစ်လာမည်။ လည်ပင်းဖေါက်ပေးရနိုင်သည်။ တက်မည်၊ အထူးသဖြင့် အသံကြားပါက၊ အလင်းရောင်မြင်ပါက တက်မည်။ အတက်ဆေး ထိုးပေးရမည်။

ဆေရုံတက်ကုသရမည်။ လူနာကို မှောင်ပြီးတိတ်ဆိတ်သည့်နေရာမှာထားပါ။
• Tetanus immune globulin IV or IM ထိုးပေးပါ။
• Metronidazole IV for 10 days ထိုးပေးပါ။
• တက်လျင် Diazepam IV or Infusion, Magnesium (IV) infusion အတက်သာသာဆေးများ ထိုးပေးပါ။
• Chlorpromazine or other muscle relaxants ကြွက်သားပျော့ဆေးများ ထိုးပေးပါ။

အသက်ရှူခက်လာလျင် Tracheostomy လည်ပင်းဖောက်ပေးခြင်း၊ အသက်ရှူစက် တပ်ပေးခြင်း၊ တက်လျင် Diazepam IV or Infusion, Magnesium (IV) infusion အတက်သာသာစေရန် ဆေးများ၊ Chlorpromazine or other muscle relaxants ကြွက်သားပျော့ဆေးများပေးနည်။ အစာအာဟာရကို ပါးစပ်မှ လုံလောက်အောင် မစားနိုင်ပါက ပိုက်ဖြင့် ထည့်ပေးရမည်။

ကာကွယ်ရန်
• TT or ATT vaccination
• DT and DPT vaccine

အများအားဖြင့် အသက်ကယ်နိုင်ပါတယ်။ ကျွန်တော် တောတွေမှာတာဝန်ကျစဉ်က မရှိရှိတာနဲ့ကုသပေးရတယ်။ အသက်ဆုံးတာ မှတ်မိသလောက် အတော်ကိုနည်းပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ