အမှောင်ထဲမှာ အစာစားခြင်းက ဝိတ်ကျစေ


ပညာရှင်တွေကတော့ အစာစားချိန်မှာ မီးပိတ်ပြီးစားတာ ဒါမှမဟုတ် မျက်လုံးကို အဝတ်အုပ်ပြီး အစာစားတာမျိုးတွေက ဝိတ်ကျစေတယ်လို့ ဆိုပါတယ်။

အမှောင်ထဲမှာ အစာစားတာဟာဆိုရင်တော့ ဦးနှောက်စေခိုင်းတဲ့ အစာခြေတဲ့လုပ်ငန်းကို နှောင့်နှေးသွားစေပြီး အစာခြေတံတွေးရည်တွေ ထုတ်လုပ်မှုကို နှောင့်နှေးသွားစေတာကြောင့် နောက်ထပ်အစာစားချင်စိတ်ကို လျှော့ချပေးလိုက်လို့ ဝိတ်ကျစေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လေ့လာသူတွေဟာ လူအယောက် ၅၀ ကို ညအိပ်မျက်မှန်တွေ တပ်ခိုင်းပြီး အစာတွေကို အခြားလူအယောက် ၅၀ နဲ့ ခွံ့ကျွေးစေခဲ့ကြပါတယ်။ သူတို့ကို အလေးချိန် 200 ဂရမ်ရှိတဲ့ အစားအစာတွေကို ကျွေးမွေးခဲ့ရာမှာတော့ အကုန်ကုန်အောင်မစားသုံးနိုင်ဘဲနဲ့ 150 ဂရမ်လောက်သာ ပျမ်းမျှစားသုံးနိုင်ခဲ့ကြပါတယ်။ လေ့လာမှုမပြုလုပ်ခင် နှစ်နာရီအတွင်းမှာလည်း သူတို့ကို ဘာအစားအစာမှ မကျွေးမွေးခဲ့ပါဘူး။

ဒီလိုအမှောင်ချပြီး အစာစားတာဟာ အစားအစာတွေကို မမြင်နိုင်လို့ အများကြီးမစားသုံးနိုင်တာလို့ ပညာရှင်တွေက ထင်မှတ်ခဲ့ကြပေမယ့်လည်း တကယ်တမ်းမှာတော့ ပါဝင်ပြီး အစမ်းသပ်ခံတဲ့လူတွေဟာ ဘယ်အစားအစာက ပမာဏဘယ်လောက်သာရှိတယ်ဆိုတာ သိနေပေမယ့်လည်း ထပ်ပြီး စားသုံးချင်စိတ်မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးဆောင်လေ့လာသူ ဒေါက်တာဘရစ်တာရင်နာကတော့ “အစားအစာတွေကို မမြင်ရဘဲစားသုံးစေတာဟာ ကိုယ်ကအများကြီးစားသုံးနိုင်တယ်လို့ ထင်ရပေမယ့်လည်း လက်တွေ့မှာတော့ စားသုံးတဲ့ပမာဏက နည်းပါးနေပါတယ်။ ဒီလိုမျိုး သဘာဝကို ဆန့်ကျင်ပြီးတော့ အစာစားသုံးတဲ့နည်းတွေက လူတွေကို မထင်မှတ်တဲ့ အကျိုးတွေသက်ရောက်စေပါတယ်” လို့ ပြောပြထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref :  Independent

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ