အသီးအရွက်တွေက ဝိတ်ကျစေရန်ကူညီနိုင်


အသီးအရွက်တွေစားသုံးတာဟာ အခုတော့သာမန်သာမဟုတ်တော့ပါဘူး။ သင့်အတွက်ကောင်းမွန်တဲ့ သော့ချက်တစ်ခု ဖြစ်လာပါပြီ။ ပန်းသီး၊ သစ်တော်သီး၊ အပြာရောင်ဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥ တွေလိုမျိုးသီးနှံတွေဟာ သင့်ကိုဝိတ်ကျအောင်ကူညီပေးမှာပါ။

အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်နဲ့ အန်ဂလီယာတက္ကသိုလ်က သုတေသီတွေက အသီးအရွက်တွေမှာ လူတွေရဲ့ ကျန်းမာစေတဲ့ဝိတ်မှာရှိနေအောင် ထိန်းထားပေးတဲ့ Flavonoid တွေကြွယ်ဝစွာ ပါဝင်တာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တစ်ရက်ကို အသီးအရွက် ၈၀ဂရမ်လောက်စားပေးရင်တောင်မှ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်လို့သိရပါတယ်။

Flavonoid ဆိုတာကတော့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး အသီးအရွက်တော်တော်များများနဲ့ လက်ဖက်ရည်၊ ချောကလက်၊ ဝိုင်တို့လိုစားသောက်ဖွယ်ရာတွေမှာ လည်းတွေ့နိုင်ပါတယ်။ အဲ့ဒီဒြပ်မှာ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးတဲ့ Antioidant တွေ အများအပြားပါဝင်တာပါ။

လေ့လာချက်ကို ဗြိတိသျှဆေးဝါးဂျာနယ်မှာ ဖော်ပြခဲ့ပြီး အချက်အလက်တွေကို အသက်၂၄နှစ် ကျော် အမျိုးသား ၊ အမျိုးသမီး ၁၂၄ ၀၈၆ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ သုတေသီတွေအနေနဲ့ လူတွေကို အုပ်စုသုံးခုခွဲခဲ့ပြီး အသက်၃၆နှစ်အရွယ် အမျိုးသမီးတွေ၊ အသက် ၄၈နှစ်အရွယ် အမျိုးသမီးတွေနဲ့၊ အသက်၄၇ နှစ်အရွယ် အမျိုးသားတွေတို့ပဲဖြစ်ပါတယ် ။ သူတို့အနေနဲ့ Flavonoid ပမာဏ အနည်းငယ်လောက်စားရင်တောင် ကျန်းမာရေးအတွက် ဝိတ်ကျသွားစေတယ်လို့ ဆိုပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ