အားဖြည့်အချိုရည်များက ကော်ဖီထက်ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယား ပြည်နယ်ရှိDavid Grant USAFဆေးဝါးစင်တာ၏ သုတေ သနတွေ့ရှိ ချက် အသစ်တစ်ခုအရ ကမ္ဘာ့ဈေးကွက်တွင် ရောင်းချနေ သည့် အားဖြည့်အချိုရည် ၃၂ အောင်စ (တစ်လီတာနီးပါး)သောက် သုံးခြင်းသည် ပမာဏတူကော်ဖီ သောက်သုံးခြင်းထက် နှလုံး၏လုပ် ဆောင်ချက်များ ချို့ယွင်းလာခြင်း နှင့်သွေးပေါင်ချိန်တိုးလာခြင်းတို့ကို ဖြစ်ပွားစေနိုင်ကြောင်းသိရသည်။
ထို့ကြောင့် သွေးပေါင်ချိန်မြင့် မားသူများနှင့်နှလုံးရောဂါခံစားနေရ သူများအနေဖြင့် အားဖြည့်အချိုရည် များ သောက်သုံးခြင်းကိုရှောင်ရှား ကြရန် သုတေသီများကသတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်အတွင်း၌အားဖြည့် အချိုရည်အမျိုးအစားပေါင်း ၅ဝဝ ကျော်ရှိနေပြီး အားဖြည့်အချိုရည် များ ခေတ်စားကျော်ကြားလာသည် နှင့်အမျှ အရေးပေါ်ဌာနများတွင် အားဖြည့်အချိုရည် သောက်သုံး ခြင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာ သည့်ရောဂါများဖြင့် သေဆုံးမှု နှင့်ဆေးရုံသို့တက်ရောက်ကာ ဆေး ကုသခံယူနေရမှုများ မြင့်တက်လာ ကြောင်း ၄င်းသုတေသနရလဒ် တွင်ဖော်ပြထားသည်။ အဆိုပါ သုတေသနရလဒ်ကို the American Heart Association ဂျာနယ် တွင်ဖော်ပြထားခြင်းဖြစ်သည်။

တစ်ရက်လျှင် ကဖင်းဓာတ် ၄ဝဝ mg (ကော်ဖီငါးခွက်) ခန့် သောက်သုံးခြင်းသည် ကျန်းမာရေး အတွက်စိတ်ချရကြောင်း အမေရိ ကန်အစားအသောက်နှင့်ဆေးဝါး ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့မှ သတ် မှတ်ထားသော်လည်း အားဖြည့် အချိုရည်တွင်ပါဝင်သည့် ကဖင်း ဓာတ်သည် ပိုမိုများပြားကြောင်း သုတေသီများကဖော်ပြထားသည်။ အဆိုပါသုတေသနသည် လူငယ် ၁၈ ယောက်ကို အုပ်စုနှစ်စုခွဲကာ ပထမအုပ်စုကိုတစ်ရက်လျှင် အား ဖြည့်အချိုရည် ၃၂ အောင်စ(တစ် လီတာနီးပါး)ကို ခြောက်ရက်ကြာ သောက်သုံးစေခဲ့ပြီး ဒုတိယအုပ် စုကို ကဖင်းဓာတ်၃၂ဝမီလီဂရမ် ပါဝင်သည့်ကော်ဖီကို ခြောက်ရက် ကြာသောက်သုံးစေခဲ့ကာ ရရှိ လာသည့် ရလဒ်များအပေါ်တွင် အခြေခံကာ ဆန်းစစ်လေ့လာထား ခြင်းဖြစ်သည်။ သုတေသနရလဒ် အရအားဖြည့် အချိုရည်သောက် သူများသည် ကော်ဖီသောက်သူ များထက် နှစ်နာရီအတွင်းတွင် ၁ဝမီလီစက္ကန့်မျှ နှလုံးခုန်မြန်နေ သည်ကိုတွေ့ရှိရကြောင်း သိရ သည်။

သွန်းသွန်း
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ