အိပ်ရာဝင်ချိန်ထိ ဖုန်းအသုံးပြုနေတဲ့ သူတွေဟာ စိတ်မကျန်းမာတဲ့သူတွေဖြစ်


ညအိပ်ရာဝင်ချိန်နောက်ပိုင်းမှာ လက်ကိုင်ဖုန်း အသုံးပြုတဲ့ သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိ ခဲ့ကြပါ တယ်။သုတေသီ တွေရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုတာကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာမဟုတ်ပါဘူး။ စိတ်ကျန်းမာရေး အခြေအနေဆိုးနေတဲ့သူတွေကသာ ညအိပ်ရာဝင်ချိန်မှာ ဖုန်းအသုံးပြုတတ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အိပ်ရာထဲရောက်တဲ့အချိန်ကျမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့တာ ၊ အင်တာနက် ကြည့်တာ ၊ မက်ဆေ့ခ်ျ ပို့တာနဲ့ ဖုန်းပြောတာ စတဲ့အပြုအမူတွေကို ပြုလုပ်တဲ့ဆယ်ကျော်သက်တွေဟာ အိပ်ရေးပျက်လာတဲ့အချိန်မှာ စိတ်ကျန်းမာရေးထိခိုက်ပြီး မိမိကိုယ်ကိုတ်သေတဲ့အထိ အတွေးတွေ ဖြစ်ပေါ်လာနိုင်ခြေများတယ်လို့ သိရပါတယ်။  အရက်၊ မူးယစ် ဆေးဝါးသုံးစွဲနေတဲ့သူဆိုရင်တော့ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။

ညအချိန်မှာ တောက်ပတဲ့ အလင်းရောင်ကို ကြည့်တာ ၊ ဦးနှောက်ကို နှိုးဆွသော အလုပ်များ ဆောင်ရွက်ခြင်းဟာ အိပ်စက်ခြင်း ဟော်မုန်း ဖြစ်သော မယ်လတိုနင် ဟော်မုန်း ထွက်ရှိမှုကို ပြောင်းလဲစေပြီး ညအချိန်တွင် ကောင်းစွာ အနားယူနိုင်ခြင်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို သုတေသနဟာ မိမိကိုယ်ကို သေကြောင်း ကြံစည်နှုန်း မြင့်မားတဲ့ ဂျပန်လူမျိုးတွေကို လေ့လာခဲ့တာဖြစ်တာကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ကွဲပြားနေခြင်း အပေါ်မှာလည်း မူတည်နေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Lifehack

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ