အသားစားခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်


ကိုယ်အလေးချိန်လျှော့ချခြင်း ဆိုင်ရာ လေ့လာဆန်းစစ်မှုအသစ်တွေအရတော့ အမဲသားစားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချ နိုင်တယ်လို့ သိရပါတယ်။ အသား စားသုံးခြင်းကြောင့် ကိုယ်အလေးချိန် တိုးစေသည်ဟု ဘိုးဘေး ဘီဘင် လက်ထက် ကတည်းက လက်ခံထား ခဲ့ကြတာမှားနေပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေး စာရေး ဆရာမ အက်စတာဘမ်း ရေးသားတဲ့ 'ကိုယ်အလေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်မှာတော့ အသားသာ စားသုံးခဲ့ကြရတဲ့ ကျောက်ခေတ်လူသားတွေမှာ ဝတယ်ဆိုတဲ့ ပြဿနာမရှိခဲ့ဘူးလို့ ရေးသားထားခဲ့ပါတယ်။ အဆီမပါတဲ့ လတ်ဆတ်အသား စားသုံးခြင်းဖြင့် ဦးနှောက်အတွင်းမှာရှိနေတဲ့ အကျိုးပြု ဓာတ်ပစ္စည်းများ တိုးမြင့်နိုင်သည့် ကောင်းကျိုးရှိပြီး ဒီဖြစ်စဉ်ကြောင့် ခန္ဓာကိုယ် ကျန်းမာ ကျစ်လျစ်စေမှာဖြစ်တယ်လို့ အင်တာဗျူး တစ်ခုမှာ အက်စတာဘမ်းက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

လတ်ဆတ်တဲ့သစ်သီးဝလံတွေ ၊ ဟင်းသီး ဟင်းရွက်တွေ ၊ ငါးနဲ့ အဆီကင်းတဲ့ အသားတွေမှာ လိုအပ်တဲ့ ကယ်လိုရီ ပမာဏထက် ပိုမိုခြင်း မရှိပါဘူး။ ဒီအစားအစာတွေဟာ ဖန်တီးပြုလုပ်ထားတဲ့ အစားအစာတွေထက် ကယ်လိုရီ ပိုမိုနည်းပါးတယ်လို့ ''ကိုယ်လေးချိန် အမြန်ကျစေမည့် လျှို့ဝှက်ချက်များ'' စာအုပ်မှာ ရေးသားထားခဲ့တာကို တွေ့ရပါတယ်။

''အစာလျှော့ စားပါလျက်နဲ့ ဘာလို့ ဝိတ်မကျ တာလဲလို့ စာဖတ် ပရိသတ် အများစုက ကျွန်မကို မေးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က လျှော့သာ စားနေတယ်၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစာကို စားဖို့ကျတော့ မေ့လျော့ နေလို့ပါ။ စားသောက်နည်း မှားနေတာပါ။ အသင့်စား စားသောက်ကုန်တွေနဲ့ ဖန်တီးထားတဲ့ အစာတွေကို လျှော့ပေါ့ စားသုံး သင့်ပါတယ်။ သဘာဝကျပြီး အာဟာရဖြစ်တဲ့ အစာတွေကို စားသုံး သင့်ပါတယ်''ဟု အက်စတာဘမ်းက ဆက်လက်ပြောကြားခဲ့ပါတယ်။



( Beauty Syh )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ