နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်တွေဟာ အရိုးအားနည်းတဲ့ရောဂါတွေ ဖြစ်ပေါ်စေနိုင်


နွားနို့နဲ့ဓါတ်မတည့်တဲ့ ကလေးငယ်လေးတွေဟာ တခြားအစားအစာတွေနဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်တွေထက် အရိုးအားနည်းတာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ကလေးငယ်တွေရဲ့ ၃ရာခိုင်နှုန်းမှာ နွားနို့နဲ့ ဓါတ်မတည့်တဲ့တာတွေ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဓါတ်မတည့်မှုတွေကို ကုသဖို့ကတော့ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ အပြည့်အ၀ပါတဲ့ နွားနို့နဲ့ နို့ထွက်အစားအစာတွေကို မစားစေတော့တာပဲဖြစ်ပါတယ်။

လေ့လာချက်တွေအရ အရိုးသိပ်သည်းဆနဲ့ နွားနို့ဓါတ်မတည့်မှုတွေကြား တိုက်ရိုက်သက်ရောက်မှုမရှိတာကို တွေ့ရှိရပါသတဲ့။

အသက် ၃ နှစ်အရွယ် ကလေးငယ်တွေအများစု ၈၇ရာခိုင်နှုန်းခန့်ဟာ နွားနို့နဲ့ဓါတ်မတည့်ကြပါဘူးတဲ့။ ဒါပေမယ့် လေ့လာချက်တွေအရ ၁၅ရာနှုန်းလောက်ကသာ ဆယ်ကျော်သက်အရွယ်အထိ ဒီလိုဓါတ်မတည့်တာတွေ ဖြစ်တတ်ကြတယ်လို့ အစီရင်ခံစာတစ်ချို့မှာ ဖော်ပြထားပါတယ်။

အချိန်အကြာကြီး နွားနို့နဲ့ဓါတ်မတည့်ဘဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေမှာတော့ အရိုးသိပ်သည်းဆအားနည်းမှုတွေနဲ့ ချိတ်ဆက်မှုရှိနိုင်ပါသတဲ့။

ကိုယ့်ကလေးငယ်က နွားနို့နဲ့ဓါတ်မတည့်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?

 “ မိဘတွေအနေနဲ့ ကလေးတွေရဲ့ နေ့စဉ်အဟာရအစားအစာတွေထဲမှာ တခြားကယ်လ်ဆီယမ်ဓါတ် ရစေမယ့် အစားအစာတွေကို စားသုံးဖို့ အားပေးသင့်ပါတယ်။ ပဲနို့၊ သစ်ချစေ့ သို့ ဆန်ကထုတ်လုပ်ထားတဲ့ နို့ နဲ့ ကယ်လ်ဆီယမ်ပါတဲ့ လိမ္မော်သီးဖျော်ရည်တွေကို အစားထိုး တိုက်ကျွေးသင့်တယ်ပါတယ် “ လို့ Miami ရှိ Nickllaus Children’s Hospital မှ ဒါရိုက်တာ Dr. Luis Gonzalez-Mendoza က ပြောပြပေးထားပါတယ်။

( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ