အပင်မှရသည့်ဓါတုပစ္စည်းများဖြင့် အမျိုးသားများ သားဆက်ခြားနိုင်မည့်နည်းကို စမ်းသပ်


သဘာဝပေါက်ပင်များတွင်တွေ့ ရလေ့ရှိသည့် ဓါတုပစ္စည်းနှစ်မျိုးကိုအသုံးပြုကာ အမျိုးသားများတွင် သားဆက်ခြားနိုင်မည့်နည်းကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Sheffield University မှ ပါမောက္ခသုတေသီ Allan Pacey က ပြောသည်။

အဆိုပါ ဓါတုပစ္စည်းများမှာ pristimerin နှင့် lupeol ဖြစ်ပြီး ၄င်းတို့ ကို အ၀ါရောင်ပန်းပွင့်သော အလေ့ကျ ပေါက်ပင် Dandelion နှင့် Thunder God Vine အပင်တို့ မှ ရရှိကြောင်း၊ အဆိုပါဓါတုပစ္စည်းများကို ရှေး ယခင်ကတည်းက တိုင်းရင်းဆေးများတွင် ထည့်သွင်းအသုံးပြုလာခဲ့သည့် သာဓကများကိုတွေ့ ရကြောင်း သိရသည်။ Pristimerin နဲ့ Lupeol တို့ က မျိုးပွားခြင်းကို ပိတ်ဆို့ ပေးနိုင်ပါတယ်။ ဒီဓါတုပစ္စည်းတွေကို လိုသလောက် ရနိုင်မယ်ဆိုရင် အမျိုးသားတွေကို သန္ဓေတားပေးနိုင်မှာ ဖြစ်ပါတယ်။ အခုကြုံနေရတဲ့အခက်အခဲက ဒီဓါတု ပစ္စည်း နှစ်မျိုးက အဲဒီအပင်နှစ်မျိုးမှာ ပါဝင်မှု နည်းလွန်းတာပဲ ဖြစ်ပါတယ်။ အလုံအလောက်ရဖို့ မလွယ် သလို အလုံအလောက်ရဖို့ ကြိုးစားမယ်ဆိုရင်လည်း ကုန်ကျစရိတ်က မနည်းလှပါဘူး ဟု Allan က ဆက် လက် ပြောပြသည်။

အဆိုပါဓါတုပစ္စည်းနှစ်မျိုးသည် အဖိုသုက်ရည်မှ သုက်ပိုးများ၏ အမြီးကို မခါနိုင်အောင်တားဆီးပေးကြောင်း အမြီးမခါနိုင်သောကြောင့် သုက်ပိုးများက အရှေ့ သို့ ဆက်လက်ရွေ့ လျားနိုင်ခြင်းမရှိကြောင်း၊ ရှေ့ သို့  ဆက်လက်ရွေ့  လျားနိုင်ခြင်းမရှိလျင် သားအိမ်ထဲသို့ ရောက်အောင်သွားနိုင်တော့မည်မဟုတ်သည့် အတွက် မမျိုးဥနှင့်တွေ့ ဆုံနိုင်တော့မည်မဟုတ်ကြောင်း၊ ၄င်းနည်းဖြင့် အမျိုးသားများတွင် သန္ဓေတားနိုင် မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဓါတုပစ္စည်းနှစ်မျိုးက မော်လီကျူလာကွန်ဒုံးသဖွယ် စွမ်းဆောင် နိုင်မည်ဖြစ်ကြောင်း ၊ သုက်ပိုး၏ ကူးခတ်နိုင်စွမ်းကို စတင်လှုံ့ ဆော်ပေးသည့် progesterone ဟိုမုန်းကို ပိတ်ဆို့ ပေးနိုင်ကြောင်း၊ သို့  သော် သုက်ရည်ကိုမူ လွှတ်ပေးနိုင်မည်ဖြစ်သည့်အတွက် အမျိုးသားများတွင် အိမ်ထောင်ရေးသုခကို ပုံမှန်ခံစားရမည်ဖြစ်ကြောင်း သိ၇သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ