ကဖင်းဓါတ်လွန်ကဲမှုကြောင့် နှလုံးခုန်ရပ်တန့် ကာ ဆယ်ကျော်သက်တစ်ဦး သေဆုံး


အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်၌ အသက် (၁၆) နှစ်အရွယ်ကျောင်းသား တစ်ဦးသည် ကဖင်းဓါတ်လွန်ကဲမှုကြောင့် စာသင်ချိန်တွင် လဲကျသေဆုံးခဲ့ကြောင်း ၄င်းကိစ္စကို စုံစမ်း စစ်ဆေးနေသည့် Richland County မှ သေမှုသေခင်းဆရာဝန် Gary Watts က ပြောကြားသည်။

 သေဆုံးသူဆယ်ကျော်သက်မှာ Davis Allen ဖြစ်ကြောင်း၊ သွေးတွင်းကဖင်းဓါတ်လွန်ကဲမှုကြောင့် နှလုံး ခုန် မူမမှန်တော့ဘဲ အဆုံးတွင် နှလုံးခုန်ရပ်တန့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နှလုံးခုန်မူမမှန်သည့်အချိန် တွင် နှလုံး၏ညှစ်အား ကျဆင်းသွားလေ့ရှိရာ ဦးနှောက်နှင့် အခြား သက်ဖြစ်အင်္ဂါအစိပ်အပိုင်းများထံ သွေးကို လုံလောက်အောင်မပို့ နိုင်တော့သည့်အတွက် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ Allen သည် ကဖင်းဓါတ်ပါဝင်သည့် အချိုရည်နှင့် အခြားသောက်စရာများကို အလွန်အကျူးသောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ Café Latte, Diet Mountain Dew နှင့် အားဖြည့်အချိုရည်တို့ ကို ဆက်တိုက်သောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ သောက်ပြီး ၂နာရီအတွင်းမှာပင် စာသင်ခန်းထဲ၌ လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Allen ကို ရင်ခွဲစစ်ဆေးတဲ့အခါ နှလုံးမှာမူလအားနည်းချက်ရှိတာမတွေ့ ရပါဘူး။

အခြားသက်ဖြစ်အင်္ဂါအစိပ် အပိုင်းများကလည်း ကျန်းမာရေးကောင်းမွန်နေပါတယ်။ Allen ဟာ ကျန်းမာရေး ဒေါင်ဒေါင်မြည်အောင် ကောင်းသူလို့ ပြောနိုင်ပါတယ်။ ကျန်းမာရေးဘယ်လောက်ကောင်းကောင်း ကဖင်းဓါတ်များသွားတာကို မခံ နိုင်တဲ့အခါ နှလုံးခုန်မူမမှန်တော့ဘဲ နောက်ဆုံးမှာ သေဆုံးသည် အထိဖြစ်သွားတာ သင်ခန်းစာယူရမယ့် ကိစ္စဖြစ်ပါတယ်။ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့  လူငယ်လူရွယ်တွေအနေနဲ့  ကဖင်းဓါတ်ပါတဲ့ ကော်ဖီ၊ အားဖြည့်အချိုရည်၊ လန်းဆန်းအချိုရည် အစရှိတာတွေကို သင့်တင့်မျှတစွာသောက်တတ်ဖို့  လိုအပ်ပါတယ် ဟု Gary Watts က ပြောသည်။

စာသင်ကျောင်းများ၊ လမ်းဘေးဆိုင်များ၊ အစရှိသည်တို့ မှ လွယ်လင့်တကူ ၀ယ်ယူနိုင်သည့် အဆိုပါ ကဖင်းဓါတ်ပါဝင်သည့်အချိုရည်များသည် ကျောင်းသားငယ်များအတွက် အသက်အန္တရာယ်ရှိသည့်
အတွက် ရောင်းချသူများကလည်း အကန့် အသတ်ဖြင့်သာ ရောင်းချသင့်ကြောင်း၊ ကျောင်းသူကျောင်း သား များကလည်း ကဖင်းပါဝင်သည့်အချိုရည်များ၏ အန္တရာယ်ကို သဘောပေါက်သိမြင်ရန်လိုအပ် ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ