အရေပြား လေးဖက်နာ ရောဂါကို တခြားရောဂါများကဲ့သို့ အထင်မှားပြီး နောက်ကျမှ ကုသမှုများ ရှိနေ


အရေပြား လေးဖက်နာရောဂါကို အစပိုင်းတွင် တခြားရောဂါများကဲ့သို့ အထင်မှားပြီးနောက်ကျမှ ကုသမှုများရှိနေ ကြောင်း ၂ဝ၁၇ ခုနှစ် ကမ္ဘာ့အရေပြား လေးဖက်နာနေ့ အထိမ်းအမှတ်အဖြစ် မေ ၁ ရက်က သူနာပြု တက္ကသိုလ်၌ ပြုလုပ်သော အခမ်းအနားမှ သိရသည်။

''အရေပြား လေးဖက်နာရောဂါကို အစပိုင်းမှာ တီဘီလိုလို၊ အူရောင်ငန်းဖျားလိုလို အထင်နဲ့ ကုနေကြတာ။ တချို့က ကုသနေရင်း နောက်ပိုင်းမှာ ဆရာဝန်နဲ့ပြသပြီး အရေပြားလေးဖက်နာ ရောဂါမှန်းသိမှ လာရောက်ကုသတာတွေလည်း ရှိပါတယ်။ နာတာရှည် ဖျားနာနေတာတို့ ဆိုရင် ဒီလိုရောဂါဖြစ်၊ မဖြစ် သတိထားသင့်ပါတယ်''ဟု ရန်ကုန်မြို့ ခုတင် ၅ဝဝ ဆံ့အထူးကုဆေးရုံကြီး အရိုးအကြောအဆစ် ဆေးကုဌာနမှ အထူးကုဒေါက်တာဒေါ်ချိုမာလွင်က ပြောသည်။

ထို့ပြင် အရေပြား လေးဖက်နာရောဂါဖြစ်ပါက တခြားသော ဆေးရွက်များနှင့် ဆေးအမည်သေချာမသိဘဲ ကုသခြင်း သည် ရောဂါအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သိရသည်။ အဆိုပါ ရောဂါဖြစ် ပွားပါက ခန္ဓာကိုယ်အတွင်းမှ ခုခံစွမ်းအားများသည်အပြင်မှ ဝင်ရောက်လာသော ရောဂါများကို တိုက်ဖျက်နိုင်ခြင်း မရှိဘဲ အဆစ်အမျက်များကိုက်ခြင်း၊အရေပြား၌ အကွက်များဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် ခန္ဓာကိုယ် အတွင်းကလီစာများ ထိခိုက်ခြင်း စသည့်ရောဂါများ ဖြစ်ပေါ်လာနိုင်သည်။

ထို့ပြင် တငွေ့ငွေ့ဖျားခြင်း၊ အဆစ်အမျက်များကိုက်ခြင်း၊ ပါးစပ်အနာပေါက်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ရင်တုန် မောပန်းခြင်း စသည့်လက္ခဏာများ ပြပါကလည်း အရေပြားလေးဖက်နာ ရောဂါ ဟုတ်၊ မဟုတ် စမ်းသပ်ရှာဖွေ သင့် ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ အပျိုဖော်ဝင်စနှင့် အသက် ၃ဝ မှ ၄ဝ အတွင်း အရေပြားလေးဖက်နာ ရောဂါ အဖြစ်များတတ်ကြောင်း သိရသည်။

မြဝတီ
https://www.facebook.com/mwdwebportal/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ