လူသားတွင် ဦးခေါင်းအစားထိုး ခွဲစိတ်မှု မလုပ်မီ သိပ္ပံပညာရှင် များက ကြွက်ကို ဦးခေါင်း အပိုတစ်လုံး တပ်ဆင်မှုပြုလုပ်


ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော ကမ္ဘာ့ပထမဆုံး ဖြစ်လာမည့် လူသားတွင် ဦးခေါင်း အစားထိုး ခွဲစိတ်မှု မတိုင်မီ သိပ္ပံပညာ ရှင်များသည် ကြွက်တွင်ဦးခေါင်း အပိုတစ်လုံး တပ်ဆင်သည့် ခွဲစိတ်မှုကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်သည်။

တရုတ်သိပ္ပံပညာရှင် များသည် သေးငယ်သော ကြွက်တစ်ကောင်၏ ဦးခေါင်းကို ကြီးမားသော ကြွက်တစ်ကောင်၏ ဦးခေါင်းအပေါ်တွင် တပ်ဆင်ခြင်းကို လုပ်ဆောင်ကာ ဦးခေါင်းနှစ်လုံးနှင့် ကြွက်တစ်ကောင်ကို ဖန်တီးလိုက်ခြင်းဖြစ်ပြီး ယင်းဦးခေါင်းနှစ်လုံးနှင့် ကြွက်မှာ ၃၆ နာရီခန့်သာ အသက်ရှင်သွားရသည်။

လူသားတွင် ဦးခေါင်းအစားထိုး ခွဲစိတ်မှုပြုလုပ်မည့် အငြင်းပွားဖွယ် အစီအစဉ်ကို လုပ်ဆောင်ရန် ရည်ရွယ်ထားသော အီတလီ အာရုံကြော ခွဲစိတ်ဆရာဝန် တစ်ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် အဆိုပါကြွက်တွင် ဦးခေါင်း အပိုတပ်ဆင်မှုကို အလှူရှင်ကြွက်၏ ဦးနှောက် ထိခိုက်စေမှုနှင့် ဆက်စပ်နေသော သွေးယိုစီးမှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ သိပ္ပံပညာရှင် များသည် အဆိုပါ ဦးခေါင်းအပို တပ်ဆင်သည့် ခွဲစိတ်မှု အစီအစဉ်ကို ခွေးများနှင့် မျောက်များတွင် ကနဦးလုပ်ဆောင် ပြီးသည့်အခါမှ ကြွက်တွင်ဦးခေါင်းအပို တပ်ဆင်မှု လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းကနဦး စမ်းသပ်မှုကြောင့်သာ ဦးနှောက်သို့ သွေးစီးဆင်းမှု ဖြတ်တောက် လိုက်သည့် အခါ အာရုံကြောများ မည်ကဲ့သို့ ဆက်လက် တည်ရှိနေသည်ကို သိရှိခွင့်ရခြင်းဖြစ်သည်။ သို့သော် ယင်းသို့ ဦးခေါင်းအပို တပ်ဆင်ခံရသည့် ကြွက်များသည် ရေရှည် အသက်ရှင်သန်နိုင်စွမ်း မရှိသေးကြောင်းနှင့် ယင်းသို့ ရေရှည် အသက်ရှင်နိုင်ရေး ကိုလည်း ဦးစားပေး အနေဖြင့် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိပ္ပံပညာရှင် များကပြောသည်။ အဆိုပါ ဦးခေါင်းအပို တပ်ဆင်သည့် ခွဲစိတ် မှုတစ်ခုစီတွင် ကြွက်သုံးကောင်စီကို အသုံးပြုရပြီး အသေးဆုံးကြွက်ကို ဦးခေါင်းအလှူရှင် အဖြစ် လည်းကောင်း၊ ကြွက်အကြီး နှစ်ကောင်ကို ဦးခေါင်းအပို လက်ခံသူနှင့် သွေးလှူသူများ အဖြစ် လည်းကောင်း အသုံးပြုခြင်းဖြစ်သည်။

မြဝတီ
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ