Fibroids and Pregnancy ကိုယ်ဝန်နှင့် သားအိမ်အလုံး


ဆရာရှင့် ကျွန်မအသက် ၃၁ပါ။ အိမ်ထောင်သက် ၂နှစ်၊ ကလေးမရှိပါ။ ကျွန်မမြန်မာပြည်ကို ၉ ရက်တာ ခဏပြန်တုန်း သုံးလခံဆေးထိုးခဲ့ပါတယ်။ အစောပိုင်းမှာလည်း ရာသီမလာခဲ့ပါဘူး အဲ့ဒီနောက် ရာသီမလာတာ အခုထိပါပဲ။ ဗိုက်ကလည်း နဂိုထက် ပူနေပါတယ်။ ကိုယ်ဝန်ရတယ်ထင်ပြီးနေလာခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်တော့ ultrasound ပဲ ရိုက်ကြည့် ဖြစ်ပါတယ်။ အသားလုံးလို့ ပြောပါတယ်ရှင့်။ အဲ့ဒါ စိတ်ပူရပါသလား။ OG ပြရန် အခက်အခဲများ ရှိနေလို့ မေးရခြင်း ဖြစ်ပါတယ် ဆရာကြီးရှင့်။ အခုဆိုရာသီမလာတာ ၇ လထဲ ဖြစ်နေပါပြီ။ ရာသီသွေးပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ အသားလုံးဆိုတာ အန္တရာယ်ရှိလားလည်းသိချင်ပါတယ်ရှင့်။ ultrasound ပုံပါ ပို့ပေးလိုက်ပါတယ်ရှင့်။

အာလ်ထွာဆောင်းဆိုတာ ပုံမဟုတ် အဖြေမှတ်ချက်သာပို့ပါရန်လို့ မေးနည်းစည်းကမ်းမှာထည့်ထား။ ရောဂါအမည် ဆေးစာနဲ့ မသိရ။ သားအိမ်အလုံး-အကျိတ်ဆိုရင် Fibroid, Myoma ဖြစ်မယ်။ ဘလော့မှာ ရှာဖတ်နိုင်။

နယ်မှာမို့ အင်တာနက်လိုင်းမကောင်းလို့ပါဆရာ။ ရှာနေပေမယ့် လည်နေပြီး အရမ်းကြာပါတယ်ရှင့်။ အမှားပါရင် ခွင့်လွှတ်ပါ။ ဆရာကျန်းမာချမ်းသာပါစေ။

ကိုယ်ဝန်ရှိလို့ စစ်ဆေးတော့မှ သားအိမ်မှာ အလုံး-အကျိတ်ရှိနေတာသိကြရသူ မနည်းပါ။ မေးတာလည်း ခဏခဏလာတယ်။ သားအိမ်မှာ အလုံး-အကျိတ်ရှိနေနေပေမယ့် ခံစားရတာမသိသာလို့ဖြစ်တယ်။

ကိုယ်ဝန်ကို ဘယ်လိုသက်ရောက်သလဲ။ မတူကြပါ။ အခက်အခဲဖြစ်စေတာ အတော်နည်းပါတယ်။ နာတာ၊ ပျို့အန်တာ၊ ဖျားတာ ဖြစ်တတ်တယ်။

သားအိမ်အလုံးဆိုတာ ကင်ဆာမဟုတ်ပါ။ ဘာလို့ဖြစ်သလဲ အတိအကျတော့ မပြောနိုင်ပါ။ ဟော်မုန်းနဲ့ဆိုင်တယ်။ မျိုးရိုးနဲ့ဆိုင်တယ်။

ကိုယ်ဝန်ရှိမှသိရသူတွေ ကလေးမမွေးခင် ကုသပေးလို့မဖြစ်ပါ။ ခွဲရင် သွေးထွက်များမယ်။

၂ စင်တီမီတာထက်ကြီးရင် နာတာခံစားရနိုင်တယ်။ အနာသက်သာဆေးတခုခု Acetaminophen ဖြစ်ဖြစ် Ibuprofen ဖြစ်ဖြစ်ပေးမယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန် ၃၂ ပတ်ထက်နောက်မကျသူတွေကိုသာ ပေးသင့်တယ်။ ကိုယ်ဝန်နဲ့အတူ အရွယ်အစားကြီးလာတတ်တယ်။ အညှာပါတဲ့အမျိုးအစားဖြစ်နေရင် အညှာလိမ်တာသတိထားရတယ်။ ပိုနာမယ်။

ကိုယ်ဝန်ရင့်လာရင် ဘာဖြစ်နိုင်သလဲ
အလုံးက အချင်းနဲ့နီးနေရင် သွေးလျှောက်တာကို သက်ရောက်နိုင်တယ်။ ကလေးဖွံ့ထွားမှုနည်းစေနိုင်တယ်။ စောမွေးတာ၊ ရေမြွာစောပေါက်တာဖြစ်နိုင်တယ်။

မွေးဖွားနေစဉ်မှာ ဘာဖြစ်နိုင်သလဲ
ကလေးအနေအထားအပေါ်မူတည်မယ်။ ခွဲမွေးရဖို့များတယ်။ ကံမကောင်းရင် ခွဲမွေးပြီး သားအိမ်ထုတ်ရတယ်။ ကံကောင်းသူတွေမှာ ကလေးမွေးပြီး အလုံးအရွယ်အစား သေးလာတယ်။ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ