ကိုယ်အလေးချိန်လျှော့ချပေးသည့် နည်းလမ်းသစ်ကို စမ်းသပ်


ကိုယ်အလေးချိန်လျှော့ချလိုသူ၏ ခံတွင်းမှတစ်ဆင့် ပြွန်ချောင်းတစ်ခုကို အစာအိမ်ထဲအထိသွင်းကာ အစာအိမ်ကို ချုပ်ပေးသည့်နည်းလမ်းသစ်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ရှိ Weill Cornell ဆေးတက္ကသိုလ်မှ သုတေသီများက စမ်းသပ်အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါနည်းစနစ်ကို Endoscopic Sleeve Gastroplasty ဟု ခေါ်ကြောင်း၊ အစာအိမ်ကို အကော်ဒီယံတူရိယာ ပုံဖြစ်သွားအောင် ချုပ်ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ ချုပ်ပေးခြင်းဖြင့် အစာအိမ်၏အရွယ် ငယ်သွားကာ ကာယကံရှင် သည် အစာအနည်းငယ်စားရုံဖြင့် ဗိုက်ပြည့်သွားလေ့ရှိသည့်အတွက် အစားလျှော့စားနိုင်မည်ဖြစ်ကြောင်း၊ ထို့ အပြင် အစာအိမ်ကို ချုပ်ထားပြီးဖြစ်သည့်အတွက် အစာလျှော့စားခြင်းကြောင့် အစာအိမ်ထိခိုက်မည့်အန္တရာယ်လည်း မရှိ တော့ကြောင်း သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Reem Sharaiha က ပြောပြသည်။

 အစာအိမ်ထဲကို မှန်ပြောင်းထည့်ပြီး ချုပ်တာဖြစ်တဲ့အတွက် အရင်လို ခွဲစိပ်ဖို့ မလိုတော့တာကိုက ကာယကံရှင် အတွက် ကြီးမားတဲ့အကျိုးကျေးဇူးတစ်ရပ်လို့  ဆိုနိုင်ပါတယ်။ ရှေ့ လျှောက် အ၀လွန်သူတွေကို ကိုယ်အလေးချိန် လျှော့ချပေးဖို့  လွယ်သွားပါပြီ။ ဗိုက်ကိုလည်း ခွဲပြီးဖွင့်ဖို့  မလိုတော့ပါဘူး။ ခွဲစိပ်မှုလို့ ကို မဆိုနိုင်တော့ပါဘူး။ အပြင် ကနေပဲ အစာအိမ်ကို အကော်ဒီယံပုံချုပ်ပေးလိုက်ရုံပဲ ဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ အ၀လွန်နေသူများတွင် ကျန်းမာရေးအားနည်းချက်ကြောင့် ခွဲစိပ်မှုမခံယူနိုင်သူများ ရှိကြောင်း၊ ထို့ အပြင် ဗိုက်ခွဲရ မည်ကို ကြောက်လန့် တတ်ကြပြီး ဗိုက်ခွဲပြီးလျင်လည်း သာမန်လူတစ်ယောက်အတိုင်း ပြန်ဖြစ်နိုင်ရန်မှာ ခဲယဉ်းလေ့ ရှိသည့်အတွက် ယခု အစာအိမ်ထဲသို့ မှန်ပြောင်းထည့်သွင်းပြီးချုပ်သည့်နည်းလမ်းသစ်ကို လူကြိုက်များလာနိုင်ဖွယ် ရှိကြောင်း သိရသည်။

အ၀လွန်ခြင်းသည် ကူးစက်ရောဂါသဖွယ်ဖြစ်နေပြီး အနောက်တိုင်းနိုင်ငံများတွင် နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်း ထက်မနည်းမှာ အ၀လွန်နေကြကြောင်း၊ အသက်၊အရပ်နှင့်ကိုယ်အလေးချိန်အချိုးအစား BMI ၃၀ ထက် ကျော်လွန် နေလျင် အ၀လွန်နေသူဟု သတ်မှတ်နိုင်မည်ဖြစ်ပြီး အစာအိမ်အရွယ်အစားကို လျှော့ချပေးသည့်စနစ်က ကိုယ် အလေးချိန်လျှော့ချလိုသူများအတွက် အထိရောက်ဆုံးဖြစ်ကြောင်း သိ၇သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ