အရက်၏ဦးနှောက်အပေါ်အကျိုးသက်ရောက်မှုကို ထပ်မံရှင်းလင်း


အယ်လ်ကိုဟောပါဝင်သည့် အရက်၊ဘီယာ၊၀ိုင် ကဲ့သို့  အဖျော်ယမကာများသည် အစပိုင်းတွင် လူကို တက်ကြွစေပြီး နောက်ပိုင်းတွင် အိပ်ချင်စိတ်ကိုဖြစ်စေကာ ထပ်မံ၍ အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေ စေသည်မှာ ဦးနှောက်အပေါ် တစ်ဆင့်ပြီးတစ်ဆင့် အကျိုးသက်ရောက်သည့်အတွက်ဖြစ်ကြောင်း အမေရိ ကန် ပြည်ထောင်စု၊ North Carolina ဆေးတက္ကသိုလ်မှ သုတေသီများက ပြောသည်။

အယ်လ်ကိုဟောသည် ဗဟိုအာရုံကြောစနစ်အပေါ် အကျိုးသက်ရောက်အား ပြင်းထန်လှကြောင်း၊ အယ် လ်ကိုဟောသည် သွေးလည်ပတ်မှုစနစ်ထဲသို့  လျင်မြန်စွာဝင်ရောက်လေ့ရှိရာ အရက်စသောက်ချိန်မှ မိနစ် ၂၀ အတွင်း သွေးထဲသို့  အရက်မော်လီကျူးများ ရောက်သွားကြောင်း၊ ၄င်းမော်လီကျူးများက ဦးနှောက် ဆဲလ်များထဲအထိ ရောက်သွားလေ့ရှိပြီး ဆဲလ်များ၏ ပရိုတိန်းမော်လီကျူးများကို ထိခိုက်စေကြောင်း၊ ဦးနှောက်ဆဲလ် ၈၀ ရာခိုင်နှုန်းထက်မနည်းကို ထိခိုက်စေနိုင်ပြီး အာရုံကြောများထဲသို့  ကလိုရိုက်အိုင်းယွန်း များ မ၀င်ရောက်နိုင်အောင် ဟန့် တားထားသည့်လမ်းကြောင်းကို ဖွင့်ပေးကြောင်း၊ ၄င်းကလိုရိုက်အိုင်း ယွန်းများက ဦးနှောက်တွင်းရှိ နျူရွန်ဆဲလ်များအားလုံးကို အားမှိန်ကျသွားအောင်ပြုလုပ်ပေးကြောင်း၊ ထို အချိန်တွင် အိပ်ငိုက်လာခြင်းဖြစ်ကြောင်း၊ နျူရွန်ဆဲလ်များ အားမှိန်လွန်းသွားလျင် သတိမေ့ခြင်း၊ ထိုမှ တစ်ဆင့် ကိုးမားဝေဒနာခံစားရခြင်း၊ ထိုမှတစ်ဆင့် သေဆုံးခြင်းအထိ ဖြစ်သွားနိုင်ကြောင်း သုတေသီ တစ်ဦးဖြစ်သူ Leslie Morrow က ပြောပြသည်။ သို့ သော် အရက်သောက်ပြီး ၄ နာရီမှ ၅ နာရီ ကြာမြင့်သော် နျူရွန်ဆဲလ်များပေါ်ရှိ အယ်လ်ကိုဟော မော်လီကျူးများက ဆဲလ်အထဲသို့  ၀င်သွားကြောင်း၊ ထိုအခါ ဆဲလ်အားကို ထိန်းမထားနိုင်တော့ဘဲ အဆက်မပြတ် အလုပ်လုပ်ကြောင်း၊ ထို့ ကြောင့် ထိုအချိန်တွင် အရက်သောက်ထားသူမှာ လုံးဝမအိပ် စက်နိုင်တော့ဘဲ မျက်လုံးပြူးကြောင်ကာ ခံစားရခက်လှသည့်ဝေဒနာကို ခံစားရလေ့ရှိကြောင်း သိရသည်။

အိပ်မရသည့်ကာလ ကြာလာလျင် ကယောင်ကတမ်းပြောခြင်း၊ မိမိကိုယ်ကိုယ်မထိန်းနိုင်တော့ခြင်း၊ အစရှိသည့် ဝေဒနာများကို ခံစားရေလေ့ရှိရာ ဤတွေ့ ရှိချက်ကိုအခြေခံကာ အရက်စွဲလူနာများကို ပို၍ထိရောက်စွာ ကုသစောင့်ရှောက်ပေးနိုင်မည့် နည်းလမ်းများကို ဆက်လက်ရှာဖွေဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ