ကွန်ဂိုနိုင်ငံတွင် အီဘိုလာဗိုင်းရပ်ကူးစက်မှု ပြန်လည်ဖြစ်ပွား


အာဖရိကတိုက်တွင် ကွန်ဂိုနိုင်ငံ၌ အီဘိုလာဗိုင်းရပ်ကူးစက်ပျံ့ နှံ့ မှု ပြန်လည်ဖြစ်ပွားနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  WHO က အတည်ပြု ထုတ်ပြန်ကြေညာသည်။ ကွန်ဂိုနိုင်ငံအရှေ့ မြောက်ပိုင်း၌ အီဘိုလာဗိုင်းရပ်ကူးစက်ခံရကာ လူသုံးဦးသေဆုံးခဲ့ကြောင်း ကွန်ဂိုကျန်း မာရေးဝန်ကြီးက မေလ (၁၃) ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ပြီး လူထုအနေဖြင့် စိုးရိမ်ထိတ်လန့် ရန် မ လိုကြောင်း၊ အီဘိုလာဗိုင်းရပ်ပျံ့ နှံ့ မှုကိုထိန်းချုပ်ရန် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများဖြင့် အသင့်ရှိ ကြောင်း ၀န်ကြီးက ပြောကြားသည်။ WHO ကလည်း ကွန်ဂိုအာဏာပိုင်များနှင့်ပေါင်းစပ်ကာ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် အီဘိုလာဗိုင်းရပ် ပျံ့ နှံ့ ရာဒေသများသို့  ကျန်းမာရေးလုပ်သားများကို စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ၄င်းဒေသများတွင် အီဘိုလာကူးစက်မှုဟု သံသယရှိသည့်ဖြစ်စဉ် ၁၁ ခု ရှိနေသေးကြောင်း သိရသည်။

လတ်တလောတွင် WHO ၏ အာဖရိကဒေသဆိုင်ရာညွှန်ကြားရေးမှူး Matshidiso Moeti ကိုယ်တိုင် ကွန်ဂိုနိုင်ငံမြို့ တော် Kinshasa သို့ သွားရောက်ကာ အီဘိုလာဗိုင်းရပ်ပျံ့ နှံ့ မှုကို တုန့် ပြန်ရန် ဆွေး နွေးခြင်းပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုဗိုင်းရပ်ပျံ့ နှံ့ နေသည့်နေရာသည် မြို့ တော် Kinshasa မှ ကီလို မီတာ ၁၃၀၀ ထက်မနည်းကွာဝေးသည့် ဝေးလံသီခေါင်သည့်ဒေသဖြစ်ကြောင်း၊ သို့ သော်လည်း WHO က ကျွမ်းကျင်သူများကိုအဆိုပါဒေသများသို့ရက်ပိုင်းအတွင်းအရောက်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံတွင် ၂၀၁၄ အီဘိုလာဖြစ်ကြောင့် လူ ၄၉ ဦးသေဆုံးခဲ့ကြောင်း၊ ၄င်းနောက်ပိုင်း အီဘိုလာဗိုင်း ရပ်ကို ယခု ပထမဆုံးအကြိမ် ပြန်လည်တွေ့ ရှိရခြင်းဖြစ်ကြောင်း၊ ကွန်ဂို၏ ၂၀၁၄ အီဘိုလာဖြစ်စဉ်သည် ဂီနီ၊ ဆီယဲရားလီယွန် နှင့် လိုက်ဘေးရီးယားတို့ ၌ အကြီးအကျယ်ဖြစ်ပွားခဲ့သည့် ၂၀၁၃ အီဘိုလာဖြစ်စဉ် နှင့် ဆက်နွယ်မှုမရှိကြောင်း၊ ၂၀၁၃ အီဘိုလာဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၁၀၀၀ ဦးထက်မနည်း ရှိခဲ့ ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ