ဇီကာဗိုင်းရပ်စ်ခြိမ်းခြောက်မှုမှ ဘရာဇီးနိုင်ငံလွတ်မြောက်လာ


ဘရာဇီးနိုင်ငံဟာ ဇီကာဗိုင်းရပ်စ် ကြောင့်အတော်လေးဒုက္ခရောက်ခဲ့တဲ့ နိုင်ငံပါပဲ။ အခုအခါမှာတော့ ဇီကာ ဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကနေ ကင်း လွတ်လာပြီလို့ ပြောလို့ရပါပြီ။ ဘရာဇီး နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှုကို သိသိသာသာလျှော့ချလာနိုင်တဲ့နောက် မှာ နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေ ကနေ အဆုံးသတ်သွားပြီလို့ ဘရာဇီး နိုင်ငံက ကြေညာခဲ့ပါတယ်။ ယမန်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ယခုနှစ် ဇန်နဝါရီလနဲ့ ဧပြီလအတွင်းမှာ ရောဂါ ဖြစ်ပွားမှုနှုန်း ၉၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားတယ်လို့ အာဏာပိုင်များက ပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုက တော့ရောဂါပိုးကူးစက်ခံရတဲ့မိခင်က မွေးလာတဲ့ကလေးငယ်ဟာ ပုံမှန်မဟုတ် တဲ့ ဦးခေါင်းသေးငယ်တဲ့ ကလေးတွေ မွေးဖွားလာနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဇီကာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်နေတဲ့အချိန် ဘရာဇီး နိုင်ငံမှာ အိုလံပစ်အားကစားပြိုင်ပွဲကြီး ကျင်းပနေတဲ့အချိန်ပဲဖြစ်ပါတယ်။ အဲဒီ တော့အိုလံပစ်ပြိုင်ပွဲအတွင်း လာရောက် လည်ပတ်ကျမယ့် ခရီးသွားဧည့်သည် တွေအတွက် စိုးရိမ်ထိတ်လန့်မှုတွေ အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ အိုလံပစ် ပြိုင်ပွဲထိခိုက်မှာကိုလည်း စိုးရိမ်ခဲ့ရပါ တယ်။ အခုအခါမှာတော့ရောဂါပိုးကူးစက် မှုဟာ အရေးပေါ်အခြေအနေကနေ လွန် မြောက်လာပါပြီ။ က္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အရေးပေါ် အခြေအနေ ကြေညာထားမှုကို လွန်ခဲ့တဲ့ နိုဝင်ဘာလ ကတည်းက ရုပ်သိမ်းထားပြီးပါပြီ။

ဇီကာဗိုင်းရပ်စ်ကူးစက်မှုမြင့်မားစဉ် အခါက နိုင်ငံပေါင်း၃ဝမှာ ပုံမှန်မဟုတ်တဲ့ ကလေးငယ်တွေ မွေးဖွားလာမှာကို စိုးရိမ်ခဲ့ရပါတယ်။ ဘရာဇီးနိုင်ငံမှာတော့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလကစပြီး အရေး ပေါ် အခြေအနေအဖြစ်ကြေညာခဲ့ပြီး ဗိုင်းရပ်စ် သယ်ဆောင်လာတဲ့ခြင်တွေကို နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ယမန်နှစ်ကတော့ ရောဂါကူးစက်ခံရသူ ၁၇ဝ၅၃၅ ဦး ရှိခဲ့ပေမယ့် ယခုနှစ် ဇန်နဝါရီကနေ ဧပြီအတွင်းမှာတော့ ဖြစ်ပွားသူဦးရေ ၇၉၁၁ ဦးပဲရှိလာ တော့တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ကတော့ လူရှစ်ဦးသေဆုံးစေခဲ့ပေမယ့် ယခုနှစ်အတွင်းမှာတော့ ဇီကာကြောင့် သေဆုံးသူမရှိသေးဘူးလို့ ဆိုပါတယ်။ ဇီကာဟာခြင်ကနေတစ်ဆင့် အဓိက ကူးစက်ပေမယ့် လိင်ဆက်ဆံမှုကနေ လည်းကူးစက်နိုင်ပါတယ်။

ဇီကာဗိုင်းရပ်စ်ကို၁၉၄၇ ခုနှစ်မှာ ယူဂန္ဓာနိုင်ငံက မျောက်တွေမှာ ပထမ ဦးဆုံးတွေ့ရှိခဲ့ပါတယ်။ ၁၉၅၄ခုနှစ်မှာ တော့နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဦး ဆုံးလူကိုကူးစက်ခဲ့ပြီး အဲဒီနောက်မှာ တော့ အာဖရိက၊ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ ဖြစ်ပွားခဲ့ပါ တယ်။
၂ဝ၁၅ ခုနှစ်မှာတော့ ဘရာဇီးနိုင်ငံ မှာ ဖြစ်ပွားခဲ့ပြီး ကူးစက်မှုနှုန်းဟာအလွန် ပဲမြန်ဆန်ခဲ့ပါတယ်။ ကုသမှုအတွက် ကတော့ ခြင်ကိုက်ခံရမှုမှ ကင်းဝေးအောင် လုပ်ရုံမှတစ်ပါး အခြားမရှိသေးပါဘူး။

ခြူးစန္ဒီနွေး
ကိုးကား-ဘီဘီစီ
Myanmaalinn
https://www.facebook.com/pg/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ