Liver cancer early detection အသည်းကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ


ဆရာခင်ဗျား ကျနော်မှာ ဘီပိုး Positive ဖြစ်နေတာ ၁၉၈၉ ခုနှစ်ကထဲကဖြစ်ပါသည်။ ပြီးခဲ့တဲ့လကသွေးစစ်တော့လဲ ဘီ positive ပါဘဲဆရာ။ ကျနော် ကင်ဆာဖြစ်မှာစိုးရိမ်နေပါသည်။ ရောဂါအနုအရင့်နဲ့ ကင်ဆာအတွက် သွေးစစ်ရမဲ့ အချက်အလက်များကို ဖေါ်ပြပေးပါခင်ဗျာ။

ခက်တော့ခက်ပါတယ်။ ရောဂါလက္ခဏာတွေက နောက်ပိုင်းရောက်မှသာ ပေါ်လာတတ်တယ်။ ကင်ဆာအကျိတ်က သေးနေပြန်ရင်လဲ တွေ့ဘို့မလွယ်ပြန်ပါ။ စောစောသိနိုင်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာအတွက် ဆရာဝန်တွေကြား အယူအဆမတူတာတွေ ရှိပြန်တယ်။ တချို့က နာတာရှည်ဖြစ်နေတဲ့ အသည်းခြောက်တာကနေ ဆက်ဖြစ်တယ်။ ဆရာဝန်အများစုက အလားအလာရှိနိုင်သူတွေကို ၆-၁၂ လတခါ ဆေးစစ်ဘို့ လမ်းညွှန်တယ်။ Alpha-fetoprotein (AFP) သွေးစစ်တာနဲ့ အာလ်ထွာဆောင်းရိုက်တာ ၂ မျိုး လုပ်စေပါတယ်။

(၁) Alpha-fetoprotein (AFP) blood test
- AFP ဆိုတာ ပရိုတင်းတမျိုးဖြစ်တယ်။ သန္ဓေသားဘဝများ အများရှိရှိနေခဲ့ပြီး မွေးလာတဲ့နောက်မှာ နည်း-ပျောက်ကွယ် သွားရမယ်။ လူကြီးအရွယ်မျာ သွေးထဲ အဲတာများနေရင် အသည်းကင်ဆာ ဒါမှမဟုတ် ယောက်ျားဆိုရင် Germ cell tumor of the testicle ကျားအစိကင်ဆာ နဲ့ မိန်းမဆိုရင် Ovarian cancer မျိုးဥအိမ်ကင်ဆာဖြစ်မလား သံသယရှိတယ်။
- ခက်တာက မတိကျလှဘူး။ တချို့ အသည်းကင်ဆာမှာ ဒါကများမနေပြန်ဘူး။ များနေတာတွေ့ပြန်ရင်လဲ ကင်ဆာက ကြီးနေနိုင်တာလဲရှိပြန်သေးတယ်။ တခြားကင်ဆာမဟုတ်တဲ့ရာဂါကနေလဲ အဲဒါတွေများနေတတ်သေးတယ်။

(၂) Ultrasound အာလ်ထွာဆောင်း
- ကင်ဆာရှိနေရင် Masses (Tumors) အလုံး-အကျိတ်တွေ့မယ်။ ဒီနည်းကိုလဲ ၆-၁၂ လတခါလုပ်သင့်တယ်။
• ဘယ်လိုလူတွေက စစ်ဆေးသင့်သလဲ
- Chronic hepatitis B virus (HBV) ဘီပိုးကြောင့် နာတာရှည်အသည်းရောင်နေသူတွေ၊
- မိသားစုထဲမှာ အသည်းကင်ဆာရှိသူတွေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ