ဘိန်းပါသောဆေးစွဲရောဂါကြောင့် အသည်းရောင်အသားဝါစီကူးစက်မှု ၃ဆကျော်မြင့်မားလာ


အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၀ မှ ၂၀၁၅ အတွင်း အသည်းရောင်အသားဝါစီပိုးကူးစက်မှု ၃ ဆ ထက် မနည်း မြင့်မားလာခဲ့ကြောင်းနှင့် အဓိကနောက်ခံအကြောင်းရင်းမှာ ဘိန်းပါသော opioidဆေး စွဲရောဂါကြောင့်ဖြစ်ကြောင်းရောဂါထိန်းချုပ်ရေးနှင့်တားဆီးကာကွယ်ရေးဌာန CDC က ထုတ်ပြန်ကြေညာ သည်။ ၂၀၁၀ တွင် စီပိုးကူးစက်ခံရသူ ၈၅၀ ဦးသာရှိခဲ့ရာမှ ၂၀၁၅ တွင် ၂၄၃၆ ဦးအထိ ရှိခဲ့ကြောင်း၊ အသက် ၂၀ မှ ၂၉ နှစ်အရွယ်လူငယ်များအကြား ကူးစက်မှုအများဆုံးဖြစ်ပွားခဲ့ကြောင်း၊ ၄င်းတို့ အများစုသည် ဘိန်းပါ သော ဆေးဝါးတစ်မျိုးမျိုးကို အကြောထဲထည့်သွင်းသူများဖြစ်ကြောင်း၊ သို့ သော် မြေပြင်ပေါ်တွင် စီပိုးကူးစက်ခံရသူဦးရေမှာ မှတ်တမ်းပေါ်ရှိကိန်းဂဏန်းထက် ပိုများနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော လူငယ်များသည် မိမိ၌ စီပိုးကူးစက်ခံရသည်ကို မသိရှိသေးသောကြောင့် သက်ဆိုင်ရာ ဆေးရုံဆေးခန်း သို့  လာရောက်ပြသခြင်းမရှိသည်လည်း ဖြစ်နိုင်ကြောင်း၊ ထို့ အတွက် ၂၀၁၅ အတွင်း စီပိုးကူးစက်ခံရသူ ဦးရေမှာ ၃၄၀၀၀ ဦးထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

၁၉၆၀ ၀န်းကျင်က မွေးဖွားခဲ့ကြပြီး အခုအချိန်မှာ အသက် ၅၀ ၀န်းကျင်ရှိနေကြသူတွေထဲက ၃.၅ သန်း ဦးထက်မနည်းဟာ စီပိုးကူးစက်မှုခံထားရပါတယ်။ စီပိုးကူးစက်ခြင်းကြောင့် အသည်းပျက်စီးခြင်း၊ အဖျား တက်ခြင်း၊ ၀မ်းဗိုက်ပိုင်းနာကျင်ခြင်း၊ အစာစားလိုစိတ်ကုန်ခမ်းခြင်း၊ မူးဝေအော့အန်ခြင်း၊ အဆစ်အမျက် နာကျင်ခြင်းနဲ့  အသားဝါခြင်း အစရှိတာတွေကို ခံစားရနိုင်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Dr. Jonn Ward က ပြောပြသည်။ စီပိုးကူးစက်ရတဲ့အဓိကအကြောင်းရင်းက ဆေးထိုးအပ်သုံးပြီး မူးယစ်ဆေးဝါး သုံးစွဲတဲ့နှုန်း မြင့်မားလာခြင်း ကြောင့် ဖြစ်ပါတယ်။

 တစ်နိုင်ငံလုံးအနှံ့  မြို့ ပြကျေးလက်မကျန် ဒီအကျင့်ကူးစက်နေသလို စီပိုးလည်း ကူး စက်နေပါတယ်။ အဆိုးရွားဆုံးအခြေအနေတွေကို အနောက်အလယ်ပိုင်းဒေသတွေမှာ တွေ့ ရပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ အမေ၇ိကန်ပြည်ထောင်စုတွင် ဘိန်းဖြူပါဝင်သည့်ဆေးဝါးများကို အလွဲသုံး စားပြုလုပ်သည့်အကျင့်မှာ ကျယ်ပြန့် စွာဖြစ်ပွားနေပြီး ဆေးလွန်ကဲသေဆုံးမှု နှစ်စဉ်သောင်းနှင့်ချီ ဖြစ်ပွားနေရာဝယ် ယခု စီပိုးကူးစက် ရသည့်အကြောင်းရင်းလည်း ဖြစ်လာကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ