Cyproheptadine ဝချင်လို့ပေးတဲ့ဆေး



ပုံထဲကဆေးအကြောင်းလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးပြုပြီး ရှင်းပြပေးပါရှင့်။ စားဝင်အိပ်ပျော်တဲ့ဆေးလို့ပဲ သိထားပါတယ်။ ကောင်းကျိုးဆိုးကျိုး သိချင်ပါတယ်။
ဆိုက်ပရိုဟက်ပတာဒင်းဆေးဟာ (အင်တီဟစ်တမင်း) ပဌမမျိုးဆက် ဆေးအုပ်စုဝင် ဖြစ်တယ်။ (အလာဂျီ) အတွက်သုံးပါတယ်။ ဒါ့အပြင် ဒီဆေးမှာ စိတ်ကနေထိန်းမရတဲ့ ကြွက်သား အနုစားလေးတွေအပေါ် သက်ရောက်တဲ့ သတ္တိရှိတဲ့ဆေး၊ (အင်တီဆီရိုတိုနင်) သတ္တိနဲ့ ထုံဆေးသတ္တိတွေလဲ ရှိတယ်။ ထိခိုက်မှုအကြီးအကျယ်ဖြစ်ပြီးနောက်မှာ ဖြစ်တတ်တဲ့ အိပ်မက်ဆိုးရောဂါ အတွက်လဲ ထိရောက်ပါတယ်။ ကလေးတွေမှာ မိုင်ဂရင်းရောဂါဖြစ်တာကိုလဲ ပေးပါတယ်။ SSRI စိတ်မကျဆေးကနေ ဆက်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အားနည်းသူတွေကိုလဲ ပေးနိုင်တယ်။ ဆေးကြောင့် ချွေးထွက်လွန်ကဲတာလဲ ပေးတယ်။ အန်တဲ့ရောဂါလဲပေးတယ်။ ရက်တိုပေးရင်စားချင်စိတ်ကဲစေမယ်။ ကိုယ်အလေးချိန် တက်လာမယ်။
အလာဂျီရတာ၊ မတည့်တာနဲ့တွေလို့ မျက်ရည်တွေကျ၊ နှာချေ၊ နှာရည်ယို၊ ယားယံတာကို အဓိကသုံးတယ်။ Serotonin syndrome ခေါ်တဲ့ Selective serotonin reuptake inhibitors နဲ့ Monoamine oxidase inhibitors ဆေးတွေ ပေးရတာကို သက်သာစေအောင်လဲသုံးတယ်။ Serotonin producing carcinoid tumor ကင်ဆာတမျိုးကြောင့် Serotonin ဓါတ်ထွက်တာကို သက်သာစေဘို့မှာလဲ သုံးတယ်။ ကလေးတွေမှာ Migraine (မိုက်ဂရင်း) ခေါင်းမူးရောဂါကို ကာကွယ်ဘို့လဲသုံးနိုင်တယ်။ Drug-induced hyperhidrosis ဆေးကြောင့် ချွေးထွက်များလွန်းတာမှာလဲ ပေးတယ်။
ရေရှည်သုံးသူတွေမှာ (ကလေး၊ လူကြီး၊ တိရစ္ဆာန်) အစာစားချင်စိတ်တွေတိုးပြီး၊ လူ (အကောင်) က ကိုယ်အလေးချိန် တိုး လာတယ်။ ပိန်တဲ့သူတွေအတွက် ဆေးနည်းအဖြစ်ပေးလေ့ရှိတယ်။ ဒီဆေးပေးရင် အိပ်လို့ကောင်းတယ်၊ စိတ်တည်ငြိမ်တယ်၊ စိတ်သက်သာရစေတယ်။ တကယ့် စိတ်ရောဂါ ရှိရင်တော့ မထူးခြားဘူး။
ဘေးထွက်-ဆိုးကျိုးတွေ = အိပ်ချင်မယ်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ဝမ်းချုပ်၊ အာခေါင်၊ လည်ပင်း၊ နှာခေါင်းခြောက်၊ စိတ်တက်ကြွ၊ ပျို့ချင်၊ စိတ်လှုပ်ရှား၊ ဂနာမငြိမ်ဖြစ်၊ သုတေသနတခုအရ 8–12 mg ကို ၅ ရက်ပေးရင်၊ ကြီးထွားဟော်မုန်း ထုတ်တာ နည်းတယ်လို့ သိရတယ်။
ဒီဆေး မပေးသင့်သူတွေ = နာတာရှည်ရောဂါရှိနေသူ၊ မျက်စိရေတိမ်၊ ယောက်ျားဆီးကျိတ်ရောဂါ၊ အစာအိမ်လေနာ၊ ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ဝန်ဆောင်ဘို့အလားအလာရှိနေသူ၊ ကလေးနို့တိုက်နေသူတွေ ဒီဆေးမပေးသင့်ပါ။
Cyproheptadine ကို (Cypon) (Periactin) (Peritol) စတဲ့ နာမည်တွေနဲ့ရောင်းတယ်။ ဆေးပြား၊ ဆေးရည်၊ အစက်ချဆေးအနေနဲ့ လာတယ်။ ကလေးတွေ အစာစားချင်အောင် 4-8 mg ဒါမှမဟုတ် 10-20 drops တနေ့ ၃ ကြိမ် ပေးတယ်။
FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ ရောင်းကုန်နာမည် Periactin အနေနဲ့လာတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ