ဗြိတိန်တွင် လူသန်းပေါင်း ၂၀ ကျော် ကိုယ်လက်လှုပ်ရှားမှုလုံလောက်စွာပြုလုပ်ခြင်းမရှိ


ဗြိတိန်နိုင်ငံတွင် ကျန်းမာရေးအတွက်လိုအပ်သည့် ကိုယ်လက်လှုပ်ရှားမှုများကို လုံးဝနီးပါးမပြုလုပ်ဘဲ နေထိုင်သူဦးရေမှာ သန်း ၂၀ ကျော်နေပြီး ၄င်းတို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ် သည်လည်း နှစ်စဉ် စတာလင်ပေါင် ၁.၂ ဘီလီယံထက်မနည်း ရှိနေကြောင်း ဗြိတိန်နှလုံးဖောင်ဒေးရှင်း
က သတိပေးချက်ထုတ်ပြန်ထားသည်။

စစ်တမ်းကောက်ယူချက်များအရ အမျိုးသမီးများသည် အမျိုးသားများထက် ကိုယ်လက်လှုပ်ရှားမှု ၃၆ ရာခိုင်နှုန်းထက်မနည်း လျော့နည်းကြောင်း၊ ထို့ ကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသည့် အမျိုးသား ဦးရေ ၈.၃ သန်းရှိ၇ာဝယ် အမျိုးသမီးဦးရေက ၁၁.၈ သန်း ရှိနေခြင်းဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှု လုံလောက်စွာပြုလုပ်ခြင်း ရှိ၊မရှိကို ဗြိတိန်အစိုးရက တစ်ပတ်အတွင်း ကိုယ်လက်လှုပ်ရှားချိန် ၁၅၀ မိနစ် ထက်မနည်း ရှိ၊မရှိနှင့် တစ်ပတ်လျင် အနည်းဆုံး ၂-ရက် အားကစားခြင်း ရှိ၊မရှိ ဟူသည့် စံချိန်စံညွှန်း တို့ ဖြင့် တိုင်းတာခြင်းဖြစ်ကြောင်း သိရသည်။လူတွေက ကုမ္ပဏီ၊ရုံး အစရှိတဲ့နေရာတွေမှာ အလုပ်လုပ်ကြပါတယ် ။

တစ်ရက်ကို တစ်နာရီလောက် ကားမောင်းပြီး ရုံးသွား၊ရုံးပြန်လုပ်ကြပါတယ်။ ရုံးကိုရောက်တော့ တစ်ရက်ကို ၈ နာရီကနေ ၁၀ နာရီအထိ ထိုင်ပြီး အလုပ်လုပ်ကြပါတယ်။ အိမ်ပြန်ရောက်တော့လည်း အမျိုးသမီးတွေက မိသားစုကိစ္စတွေနဲ့  အလုပ် ရှုပ်သွားကြသလို အမျိုးသားတွေကလည်း ဆက်ထိုင်ပြီး ရုပ်သံကြည့်တာ ၊အရက်သေစာသောက်စားတာ အစရှိတာတွေကိုလုပ်ကြတော့ တစ်နေ့ တစ်နေ့  လုပ်ရမယ့် ကိုယ်လက် လှုပ်ရှားမှုက မရှိသလောက်ဖြစ် သွားတာပါ ဟု သုတေသီ ဒေါက်တာ Mike Knapton က ရှင်းပြသည်။UK မှာ လူတွေက လူ့ ဘ၀သက်တမ်းရဲ့  ငါးပုံတစ်ပုံလောက်ကို ထိုင်နေရင်းနဲ့ ကုန်ဆုံးစေကြပါတယ်။

အဲဒါ ဟာ တစ်နှစ်ကို ၇၈ ရက် ထိုင်နေတာနဲ့ ညီမျှပါတယ်။ အဲဒီလိုအထိုင်များတာကြောင့် UK မှာ နှလုံးရောဂါ ဖြစ်ပွားပြီး အချိန်မတိုင်ဘဲသေဆုံးတာ တစ်နှစ်ကို ၁၀ ဦးထက်မနည်းရှိသလို အခြားရောဂါတွေဖြစ်ပွားပြီး သေဆုံးတာလည်း ပျှမ်းမျှ (၆)ဦးထက်မနည်း ရှိပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

ထို့ ကြောင့် အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ၊တစ်ပါတ်လျင် အနည်းဆုံး ၁၅၀ မိနစ် ကိုယ်လက်လှုပ်ရှား ပေးရန်လိုအပ်ကြောင်း၊ အလေးကိုအသုံးပြုကာ အားကစားခြင်းကို တစ်ပတ်လျင် ၂ ရက် အနည်းဆုံး လုပ် ပေးရန်လိုအပ်ကြောင်း၊ထိုင်သည့်အချိန်ကြာလာတိုင်း အပေါ့စားကိုယ်လက်လှုပ်ရှားမှုဖြင့် ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းလာအောင် ပြုလုပ်ပေးရန်လိုအပ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ