အိပ်စက်ချိန်အနှောက်အယှက်ဖြစ်ခြင်းကြောင့် အရိုးဖွဲ့ စည်းမှုအားနည်းနိုင်


ညအိပ်စက်ချိန်တွင် အကြောင်းတစ်ခုခုကြောင့် နှစ်ခြိုက်စွာမအိပ်ရဘဲ အိပ်ရေးမ၀သည့်သက်တမ်း ကြာရှည်လာသောအခါ အခြားသောရောဂါဝေဒနာအမျိုးမျိုးကိုဖြစ်ပွားစေနိုင်သည့်အပြင် အရိုးဖွဲ့ စည်း
မှုကိုလည်း အားနည်းစေနိုင်သည်ကိုတွေ့ ရှိရကြောင်း အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုတက္ကသိုလ် မှသုတေသီများက ပြောသည်။အိပ်ရေးပျက်တာ ရက်သတ္တပတ် ၃ပတ်ထက်မနည်း ကြာလာတယ် ဆိုရင်ကိုပဲ သွေးထဲမှာ အရိုးကိုအား ဖြစ်စေမယ့် ဗီဇဓါတုပစ္စည်းတွေပါဝင်မှုအားက နည်းလာပါတယ်။

အိပ်ရေးပျက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့  ဇီဝနာရီနဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း အနှောက်အယှက်ပေးလေတော့ အခြားသောကျန်းမာရေးဆိုးကျိုး အမြောက်အများနဲ့ အတူ အရိုးကိုအားကောင်းစေနိုင်မယ့် ဇီဝပစ္စည်းတွေ ကိုလည်း ခန္ဓာကိုယ်က အလုံ အလောက် မထုတ်လုပ်နိုင်တော့တာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးဖြစ်သူ Christine Swanson က ပြောပြသည်။

အကျိုးဆက်အားဖြင့် အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ အရိုးပါးခြင်း အစရှိသည့် အရိုးဝေဒနာများကို ခံစား ရလာနိုင်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတစ်ခုထဲတွင်ပင် အရိုးပွ၊အရိုးပါး၊အရိုးကြွပ်ရောဂါခံစားနေရသူ ၅၄ သန်းထက်မနည်းရှိကြောင်း၊ အခြားအကြောင်းရင်း မယ်မယ်ရရမရှိဘဲ အဆိုပါဝေဒနာများကို ခံစားနေ ရသောကြောင့် လက်သည်တရားခံမှာ အိပ်ရေးပျက်ခြင်းသာဖြစ်နိုင်ကြောင်း Swanson က သုံးသပ် သည်။စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် ရက်သတ္တပတ် ၃ ပတ် အိပ်ရေးပျက်ပြီးနောက် လူ့ သွေးထဲတွင် အရိုးကို ဖြစ်စေသည့် ဇီဝပစ္စည်း P1NP ပါဝင်မှု လျော့ကျသွားသည်ကိုတွေ့ ရကြောင်း၊ အသက်ငယ်ရွယ်သူ အမျိုး သားများတွင် ပို၍အကျများကြောင်း၊ အသက် ၅၀ အထက်အမျိုးသားများ၌ P1NP ၁၈ ရာခိုင်နှုန်း ကျဆင်း သွားချိန်ဝယ် အသက် ၂၀ အောက် အမျိုးသားများ၌ ၂၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ထို့ အပြင် အရိုးဟောင်းများ ပျက်စီးပွန်းပဲ့ခြင်းကို ချက်ခြင်းပြန်လည်အစားထိုးပေးရမည့် CTX ဇီဝပစ္စည်းလည်း ထပ် တိုးလာခြင်းမရှိကြောင်း၊ တစ်နည်းအားဖြင့် အရိုးပျက်စီးခြင်းကို ကာကွယ်ဖြည့်တင်းပေးနိုင်မည့် ဇီဝပစ္စည်း လည်း မထွက်ရှိတော့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် အမြဲတစေအိပ်ရေးပျက်သူဦးရေ ၁၀ ရာခိုင်နှုန်းထက်မနည်းရှိပြီး ရံဖန်ရံခါ အိပ်ရေးပျက်တတ်သူ ၂၅ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ မည်သည့်အကြောင်းပြချက်ရှိသည်ဖြစ်စေ အိပ်ရေး ပျက်မခံသင့်ကြောင်း၊ အိပ်ရေးပျက်သည်နှင့်တပြိုင်နက် ခန္ဓာကိုယ်၏ဇီဝနာရီ ဖောက်လွဲဖောက်ပြန်မှုဖြစ် ပွားပြီး ဇီဝကမ္မဖြစ်စဉ်များအားလုံးကို အနှောက်အယှက်ပေးကာ ခန္ဓာသန်စွမ်းစိတ်ရွှင်လန်းစေရန်လိုအပ် သည့် ဇီဝပစ္စည်းများကို လိုအပ်သလို မထုတ်ပေးနိုင်တော့သည့်အတွက် ကြောက်မက်ဖွယ်ရောဂါဆိုးများ ကို ဖိတ်ခေါ်သည်နှင့်တူနေမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ