စမတ်ဖုန်းကြောင့် လမ်းအန္တရာယ်ဖြစ်ပွားသေဆုံးမှု များပြားလာ


အမေရိကန်ပြည်ထောင်စုတွင် လမ်းအသုံးပြုနေစဉ်အတွင်း စမတ်ဖုန်းသုံးစွဲမှုကြောင့် လမ်းအန္တရာယ်ဖြစ်ပွား ကာ သေဆုံးသူဦးရေမှာ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးဖြစ်လာကြောင်း အမေရိကန်အစိုးရအဝေးပြေး လမ်း ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ က ထုတ်ပြန်ကြေညာသည်။ လမ်းဖြတ်ကူးသူများ၊ လမ်းသွား လမ်းလာများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ ဆိုင်ကယ်စီးသူများ အစရှိ သူတို့ သည် လမ်းကို အသုံးပြုနေစဉ် တွင်လည်း စမတ်ဖုန်းကိုလက်ကမချတမ်းအသုံးပြုလေ့ရှိကြသည့် အတွက် ၂၀၁၆ ခုနှစ်အတွင်း သေဆုံးသူ ၆၀၀၀ ဦးထက်မနည်းရှိခဲ့ရာ နှစ်ပေါင်း ၂၀ အတွင်း လမ်းအန္တရယ် ဖြစ်ပွားသေဆုံးမှု အမြင့်ဆုံးဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာ ယာဉ်/လမ်းအန္တရာယ်ဖြစ်ပွားသေဆုံးမှုက ၄-ဆမက မြှင့်တက်လာခဲ့ပါတယ်။ သေဆုံးမှုအများစုဟာ စမတ်ဖုန်းအသုံးပြုမှုနဲ့  ဆက်နွယ်နေပါတယ်။ အဲဒီလိုဆက်နွယ်မှုတွေထဲမှာ ယာဉ် မောင်းက ဖုန်းအသုံးပြုနေလို့  ယာဉ်လမ်းအန္တရာယ်ဖြစ်တာလည်းရှိပေမယ့် လမ်းအသုံးပြုသူတွေက လမ်း ဖြတ်ကူးနေတုန်းမှာကို ဖုန်းအကြည့်မပျက်တဲ့အတွက် ယာဉ်တိုက်မှုအန္တရာယ် မကြာခဏဖြစ်ရခြင်း ဖြစ်ပါ တယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာသည်နှင့်အမျှ မော်တော်ယာဉ် ၀ယ်ယူစီးနင်းနိုင်အားလည်း ပိုကောင်းလာရာ ၀ယ် လမ်းပေါ်တွင် ကားပိုများလာသည့်အတွက် ယာဉ်အန္တရာယ် ပို၍ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ထို့ အပြင် ယခုကဲ့သို့  အားလပ်ရက်ရာသီတွင် လူအများ တစ်နေရာမှတစ်နေရာသို့  ခရီးသွားများရခြင်းကလည်း ယာဉ်လမ်းအန္တရာယ်ကို ပို၍ဖြစ်စေနိုင်ကြောင်း၊ ဤအချိန်မျိုးတွင် ဖုန်းကိုလက်ကမချနိုင်သူများ၊ မျက်နှာ မခွာနိုင်သူများအနေဖြင့် ယာဉ်/လမ်းအန္တရာယ်ကို ခံစားရနိုင်ခြေ ပို၍ပင်မြင့်မားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၏ ပထမခြောက်လအတွင်း အရက်သောက်ပြီး မူးမူးနှင့်ယာဉ်မောင်းနှင်သူများကြေင့် လမ်းဖြတ်ကူးသူသေဆုံးမှု ၃၄ ရာခိုင်နှုန်း၊ ယာဉ် မောင်း သေဆုံးမှု ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ ပို၍ပင်များကြောင်း၊ ယာဉ်မောင်း စမတ်ဖုန်းပြောနေ၍ ဖြစ်စေ၊ ဖုန်းစာတိုပို့ နေ၍ဖြစ်စေ၊ တစ်စုံတစ်ခုကို ငုံ့ ရှာနေ၍ဖြစ်စေ၊ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများ မှာလည်း အများအပြားပင်ဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် ယာဉ်လမ်းအသုံးပြုသူများအနေဖြင့် စမတ်ဖုန်းကို လမ်းပေါ်၌မသုံးရန်အကြံပြထားရပြီး လူအများ လျှောက်သည့်ပလက်ဖောင်းများတွင်လည်း ဖုန်းအသုံးပြုရင်းလမ်းလျှောက်သူများ အဆင်ပြေ အောင် အရောင်ဖြင့် စည်းများ တားပေးထားရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ