ကြက်ဥစားလျှင် သတိပြုရန်


မေး ။ ။ ပထမဆုံးမေးခွန်းအနေနဲ့ ကြက်ဥစားရင် ဗက်တီးရီးယားပိုးအချို့ ပါဝင်လာတတ်ပြီး အစာအ ဆိပ်သင့်နိုင်တယ်လို့ ကြားဖူးပါတယ်ဆရာ။ အဲဒါနဲ့ပတ်သက်လို့ ရှင်းပြေ ပးစေချင်ပါတယ်။
ဖြေ ။ ။ ဘယ်အစားအစာမဆို အကောင်းအဆိုး ဒွန်တွဲနေလေ့ရှိပါတယ်။ ဥပမာ-ရေတောင်မှ မသန့် ရှင်းတဲ့ရေကိုသောက်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ အခုလည်း ကြက်ဥဟာ ဘယ်ေ လာက်ပဲကောင်း တယ်ပြောပြော ကျန်းမာရေးကို ဘယ်လိုပဲအထောက်အကူပြုတယ်လို့ပဲဆိုဆို ရောဂါပိုးတွေ ပါလာခဲ့ ရင်တော့ စားသုံးသူကို ဒုက္ခရောက် စေမှာဖြစ်ပါတယ်။ ဒီလိုမျိုးကူးစက်ရောဂါတွေပါ မိမိခန္ဓာကိုယ် ထဲရောက်မလာဖို့ ဂရုပြုစားသုံး ကြရမှာဖြစ်ပါတယ်။


မေး ။ ။ ကြက်ဥကနေ ဘယ်လိုမျိုးကူးစက်ရောဂါတွေ ရရှိနိုင်ပါသလဲဆရာ။
ဖြေ ။ ။ အဓိကအနေနဲ့ ကြက်ရဲ့အစာလမ်းကြောင်းထဲမှာရှိတဲ့ ဗက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ဟာ ကြက်ရဲ့မစင်ကနေတစ်ဆင့် ကြက်ဥရဲ့အခွံမှာကပ်ပြီးပါလာတတ်ပါတယ်။ ဗက်တီးရီးယားအနေနဲ့ကြည့်ရင် ဆယ်မိုးနဲလားလို့ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ဗက်တီးရီးယားက အဓိကအဖြစ်များပြီး ဗိုင်းရပ်စ်ပိုးတွေအနေနဲ့ ကြက် ငှက်တုပ်ကွေးဗိုင်းရပ်စ်ကဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးတွေဟာ ကြက်ရဲ့မစင်ထဲမှာပါလာတာဖြစ်လို့ ကြက်ခြံထဲမှာလည်း ပျံ့နှံ့ရောက်ရှိနေနိုင်ပါတယ်။ ကြက်ဥရဲ့အခွံမှာကပ်နေလေ့ရှိပြီး အတွင်းသားထဲကိုတော့ ဖောက်ဝင်နိုင်စွမ်းမရှိပါဘူး။ ဒါကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြက်ဥတွေကို လက်နဲ့ကိုင်ပြီဆိုရင် လက်ကိုဆပ်ပြာနဲ့သေသေ ချာချာဆေးဖို့ပဲဖြစ်ပါတယ်။ ဒါမှသာ လက်မှာကပ်ငြိလာနိုင်တဲ့ရောဂါပိုးတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။


မေး ။ ။ ခုနက ဆရာပြောခဲ့တဲ့ ဆယ်မိုး နဲလားဆိုတဲ့ ဗက်တီးရီးယားက ဘယ်လိုမျိုးဗက်တီးရီးယားပါ လဲဆရာ။ ကြက်ဥရဲ့အခွံမှာ ဘယ်လောက်ကြာကြာကပ်နေနိုင်ပါသလဲ။ သူ့ကိုသေအောင် ဘယ်လိုများပြုလုပ်ရ တယ်ဆိုတာလည်း ပြောပြပေးပါ။
ဖြေ ။ ။ အဲဒီ ဗက်တီးရီးယားကို ၁၈၈၅ ခုနှစ်မှာ အမေရိကန်သိပ္ပံပညာရှင်နှစ်ဦး ဖြစ်တဲ့ Daniel Salmonနဲ့Theobold Smith တို့က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး မြ.ှေူာသည ရဲ့နာမည်ကိုအစွဲပြုလို့Mr. Salmon လို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီ ဗက်တီးရီးယားတွေဟာ အူနဲ့အစာလမ်းကြောင်းထဲမှာအဓိက နေထိုင်ပေါက်ပွား လေ့ရှိပါတယ်။ ဒါ့ကြောင့် Enterobacteria အုပ်စုထဲမှာထည့်ထားပါတယ်။ သူ့မှာ Flagelle လို့ခေါ်တဲ့ ခြေ၊လက်နဲ့ လုပ်ငန်းတူတဲ့ အမွေးအမှင်တွေ ပါဝင်လို့ တစ်နေရာကနေ တစ်နေရာကိုလွယ်ကူစွာသွားလာနိုင်ပါတယ်။ အူထဲမှာရှိတဲ့ အစာဟောင်းမစင်တွေကို စားသောက်နေထိုင်တဲ့ ဗက်တီးရီးယားတွေဖြစ်ပြီး လေမဲ့အခြေအနေမှာ ပွားများလို့ ခန္ဓာကိုယ်အူတွင်းမှာ လျင်မြန်စွာ ပွားများနိုင်စွမ်းရှိပါတယ်။
ပြင်ပကိုရောက်ပြီး ကြက်ဥအခွံရဲ့မျက်နှာပြင်မှာတော့ ထပ်မံပွားများခြင်း မရှိတော့ပါဘူး။ဒါပေမဲ့ ပါလာပြီးသား အကောင်တွေ ကတော့သေခဲပါတယ်။ ဒီဗက်တီးရီးယားတွေ ဟာအေးတာ ကိုကြိုက်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ ကြက်ဥတွေရဲ့အခွံမှာ လပေါင်းများစွာ ဆက်လက်ရှင်နေနိုင်ပါတယ်။ ဒါပေမဲ့အပူနဲ့ထိရင် သေဆုံးတာမြန်ပါတယ်။ 60 C ရေနွေးမှာ မိနစ် ၃ဝ ကြာ အပူပေးရုံနဲ့ ကြက်ဥအခွံမှာကပ်နေတဲ့ ရောဂါပိုးအားလုံး သေဆုံးနိုင်ပါတယ်။ 100 C ရေဆူမှတ်မှာ ပြုတ်ရင်တော့ တစ်ခဏချင်းသေဆုံးပါတယ်။ ဒါ့ကြောင့် ကြက်ဥကိုပြုတ် စားတာအန္တရာယ် ကင်းပါတယ်။ ဒါပေမဲ့ မပြုတ်ခင် ကိုင်တွယ်ခဲ့တဲ့ လက်ကိုတော့ သေသေချာချာဆေးကြော ဖို့လိုပါလိမ့်မယ်။


မေး ။ ။ အဲဒီ ဗက်တီးရီးယားတွေဟာ အပြင်အခွံပေါ်မှာပဲ တွေ့ရတာပါလားဆရာ။ ကြက်ဥ အတွင်းပိုင်းမှာရော အရင်တည်းက ပါလာနိုင်ပါသလားဆရာ။
ဖြေ ။ ။ သာမန်အားဖြင့်တော့ ကြက်ဥ အတွင်းသားထဲမှာ ဒီ Samonella ဗက်တီးရီးယားတွေ ပါလေ့မရှိပါဘူး။ ဒီလိုပါလာဖို့အတွက် ကြက်ဥဥတဲ့ ကြက်မမှာရှိတဲ့ ဗက်တီးရီးယားဟာ အစာလမ်းကြောင်းမှာ တင်မကဘဲ သွေးထဲကိုရောက်ပြီးရင် မျိုးဥအိမ်ထဲကိုရောက်ပြီး အဲဒီကမှ ကြက်ဥသန္ဓေတည်တဲ့အထဲကို ဝင်ရောက် သွားနိုင်မှသာ ဥကတည်းက ပါလာမှာဖြစ်ပါတယ်။ ဒီလိုပါလာဖို့အလားအလာအနေနဲ့ ပညာရှင်တွေက တွက်ကြည့်တဲ့ အခါ လူ့သက်တမ်း တစ်လျှောက်မှာ တစ်ကြိမ်သာတွေ့နိုင်တဲ့ အလားအလာရှိတယ်လို့ဆိုပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် လူတစ်ယောက်အတွက် ၈၄ နှစ်မှာ ဒီလိုမျိုး ကြက်ဥ တစ်လုံးစားရဖို့ အလားအလာရှိတယ်လို့ဆိုပါတယ်။


မေး ။ ။ အဲဒီ ဗက်တီးရီးယားတွေဟာ ဘယ်နည်းဘယ်ပုံနဲ့ ခန္ဓာကိုယ်ထဲကိုရောက်လာပြီး ဘယ်လိုမျိုး ဒုက္ခပေးတယ်ဆိုတာလည်းသိပါရစေဆရာ။ အသက်အန္တရာယ်ရှိပါသလား။
ဖြေ ။ ။ ခုနကပြောခဲ့တဲ့အတိုင်း ကြက်ဥကိုလက်နဲ့ကိုင်ပြီးလက်ကိုဆပ်ပြာနဲ့ သေသေချာချာမဆေးခဲ့ရင် လက်မှာSamonella ဗက်တီးရီးယားတွေ ကပ်နေပါလိမ့်မယ်။ အဲဒီလက်နဲ့ အခြားအစားအစာတွေကိုကိုင်ပြီးစားခဲ့ရင် မိမိရဲ့အစာလမ်းကြောင်းထဲကို အဲဒီရောဂါပိုးတွေရောက်ရှိလာမှာဖြစ်ပါတယ်။ ဒါမှမဟုတ် အဲဒီလက်နဲ့ အိမ်မှာရှိတဲ့ ကလေးတွေကိုကျွေးမွေးခဲ့ရင် ကလေးတွေရဲ့ အစာလမ်းကြောင်းထဲကို ရောက်သွားပါမယ်။ အစာလမ်းကြောင်းထဲ ရောက်တဲ့အခါ ပထမအစာအိမ်ထဲမှာ အစာခြေရည် (HCL) နဲ့ ထိတွေ့တဲ့အခါ ဗက်တီးရီးယားအတော်များများ သေဆုံးကုန်ကြပါသေးတယ်။ ဝင်လာတဲ့အကောင်အရေအတွက်နည်းမယ် အစာအိမ်ရဲ့အက်စစ်ကလည်း ပြင်းအား ပြည့်ခဲ့ရင် ဗက်တီးရီးယားအားလုံးသေကုန်ပါတယ်။ အဲဒီလိုဆိုရင်တော့ ဘာရောဂါမှ ဆက်မပေးနိုင်တော့ပါဘူး။ ဒါပေ မဲ့နဂိုက အစာအိမ်ရောဂါရှိလို့ အက်စစ်မထွက်အောင် ဆေးတွေသောက်ထားခဲ့မယ်၊ ဥပမာ - Cimetidine, Rinitidine လိုဆေးမျိုးတွေ၊ ဒါမှမဟုတ် အက်စစ်ဓာတ်လျော့နည်းစေမယ့် Antacid တွေ ဥပမာ Gelmag,Sodamint လို ဆေးမျိုးတွေသောက်ခဲ့ရင် အက်စစ်ဓာတ်လျော့နည်းနေလို့ ဗက်တီးရီးယားကို သတ်နိုင်တဲ့အင်အားမရှိတော့ပါဘူး။ အဲ့ဒီအခါမှာ ဗက်တီးရီးယားတွေဟာ အစာအိမ်ကိုဖြတ်ကျော်ပြီး အူသိမ်ထဲကို ရောက်လာပါတယ်။ အူသိမ်တို့အူမကြီး တို့ ရောက်ရင်တော့ သူတို့ကြိုက်တဲ့ ပတ်ဝန်းကျင် ဖြစ်သွားလို့ ချက်ချင်းပွားများလာပါတယ်။
ပထမ ၁၂ နာရီအတွင်းမှာတင် သန်းနဲ့ချီပြီးပွားများလာလို့ သူတို့ကထုတ်တဲ့ အဆိပ်ပမာဏကလည်းများလာတဲ့ အတွက် ရောဂါပိုးဝင်ပြီး ၁၂ နာရီ ကနေ ၇၂ နာရီ အတွင်းမှာ ပျို့ချင်အန်ချင်လာပါတယ်။ ပြီးတာနဲ့ဝမ်းသွားပါတယ်။ ဝမ်းသွားတဲ့အခါမှာ သွေးစလေးတွေပါလာတတ်ပါတယ်။ အချို့လည်း ဗိုက်ထဲမှာအောင့်တာ၊ နာတာ၊ လေထိုးသလိုမျိုး ဖြစ်တာတွေဖြစ် တတ်ပါတယ်။ အဆိပ်ပမာဏများခဲ့ရင် အဖျားပါတက်တတ်ပါတယ်။ ကိုယ်ခံအားပုံမှန်ရှိသူတွေမှာ တော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တိုက်ဖျက်လို့ အဲဒီဗက်တီးရီးယားတွေဟာ ၃၊ ၄ ရက်ကြာရင် သေဆုံးကုန်ပါတယ်။ ဒါကြောင့် လေးရက်ကျော်ရင် စသက်သာလာလေ့ရှိပြီး တစ်ပတ်ကြာရင် ပုံမှန်အနေအထားကိုပြန်ရောက်ပါ တယ်။ ဘာမှကုသမှုမယူရင်လည်းကောင်းသွားလေ့ရှိပါတယ်။ ဒါကတော့ ခုခံအားစနစ် ပုံမှန်ရှိနေသူတွေဖြစ်ပါတယ်။ ဒါလည်း ၉၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ကျန်တဲ့ ၅ ရာခိုင်နှုန်းကတော့ ခုခံအားစနစ် မလုံလောက်မှုကြောင့် ဗက်တီး ရီးယားတွေဟာ သေ ဆုံးခြင်းမရှိဘဲဆက်လက်ပြီး တစ်ဟုန်ထိုးပွားများလာတဲ့အတွက် ရောဂါလက္ခဏာတွေပိုဆိုး လာပါတယ်။ ဝမ်းသွားတာလည်းများ လာမယ်။ ရေဓာတ်တွေခန်းခြောက်လာမယ်။ သွေးပေါင်ချိန်တွေ ကျလာပါမယ်။ အဖျားတွေလည်း ပိုတက်လာပါတယ်။အဲဒီလိုအခါမျိုးမှာ ဆေးရုံတင်ပြီး စနစ်တကျကုသမှုခံယူခဲ့မယ်ဆိုရင် ပြန်ကောင်းသွားမှာပါ။ဥပမာ - Rehydration လို့ခေါ်တဲ့Drip တွေ ချိတ်ပေးတာမျိုး၊ ဗက်တီးရီးယားတွေသေဖို့ Antibiotic တွေ ပေးတာမျိုးတွေ မြန်မြန်လုပ်ဖို့လိုပါတယ်။ ဒီလိုမလုပ်ပေးခဲ့ရင် အသက်သေဆုံးနိုင်ပါတယ်။ အထူးသဖြင့် ဒီလိုမျိုးဖြစ်လေ့ရှိသူတွေကတော့။
(၁) အသက် ငါးနှစ်အောက် ကလေးငယ်တွေ အထူးသဖြင့် လသားအရွယ် ကလေးတွေ
(၂) အသက်သိပ်ကြီးသူတွေ
(၃) ခုခံအားစနစ် ထိခိုက်နေသူတွေ (ဥပမာ HIV)
(၄) ခန္ဓာကိုယ်အစားထိုးကုသမှုခံယူပြီး Immunosuppressive drug သောက်နေရသူတွေ
(၅) ကင်ဆာရောဂါဝေဒနာသည်တွေ အထူးသဖြင့်Chemotherapy နဲ့ ကုသမှုခံယူနေသူတွေ
(၆) အစာအိမ်ရောဂါရှိပြီး အက်စစ်ဓာတ်လျော့နည်းစေမည့် ဆေးတွေ သောက်နေရသူတွေမှာ ပိုဆိုးလေ့ရှိတော့ အဲဒီလိုလူမျိုးဆိုရင် စောစောကတည်းက Antibiotic တွေကြိုပေးထားသင့်ပါတယ်။ ဒါကလည်း နီးစပ်ရာ ဆရာဝန်နဲ့ ပြသတိုင်ပင်ရမှာဖြစ်ပါတယ်။


မေး ။ ။ အဲဒီလိုမျိုးမဖြစ်အောင် ဘယ်လိုမျိုး ကာကွယ်ရမယ်ဆိုတာလည်း ပြောပြပေးပါ။
ဖြေ ။ ။ (၁) အရေးအကြီးဆုံးကတော့ လက်ကိုဆပ်ပြာနဲ့ သေသေချာချာဆေးကြောတဲ့ အလေ့ အကျင့်ရှိဖို့ ဖြစ်ပါတယ်။ကြက်ဥတွေ ကိုင်ပြီးတိုင်းလည်းဆေးရမယ်။ အစာမစားမီ၊ အစာတွေကို လက်နဲ့မထိတွေ့ မီမှာ လက်ကိုသေသေချာချာဆေးရပါမယ်။ အိမ်သာကပြန်လာပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်တွေ ကိုင်တွယ်ပြီးတိုင်း၊ ကလေး တွေဆိုရင်လည်း အပြင်မှာကစားပြီးတိုင်း လက်ဆေးတဲ့ အလေ့အကျင့်ပြုလုပ်ရပါမယ်။
(၂) ကြက်ဥကို ဘယ်တော့မှပါးစပ်နဲ့တေ့ပြီး အစိမ်းသောက်တာမလုပ်ရပါဘူး။ဒီလိုလုပ်ရင် ဗက်တီးရီးယားတွေ တစ်ခါတည်းတန်းဝင်သွားနိုင်ပါတယ်။ အစိမ်းစားချင်ရင် သေသေချာချာခွဲပြီးမှ ဇွန်းနဲ့ စားရပါမယ်။
(၃) ကြက်ဥကိုပြုတ်တဲ့အခါ ရေနွေးနဲ့ပြုတ်ရင် 60C မှာ မိနစ် ၃ဝ ပြုတ်ရပါမယ်။ရေဆူဆူမှာ ပြုတ်ရင်တော့တစ်မိနစ်၊ နှစ်မိနစ်ဆိုရပါတယ်။ ဆီနဲ့ကြော်ရင်တော့ ပြဿနာမရှိပါ။
(၄) ကလေးတွေကို ပြုစုနေတဲ့သူတွေအနေနဲ့ တစ်ဖက်က ဟင်းတွေချက်ပြုတ်မယ်၊ တစ်ဖက်က ကလေးကို ထမင်းကျွေးတာမျိုး၊ မုန့်ကျွေးတာမျိုး တစ်ပြိုင်တည်း မလုပ်သင့်ပါဘူး။ လုပ်ခဲ့ရင် ခုနကအစား အစာတွေမှာ ပါလာနိုင်တဲ့ ရောဂါပိုးတွေဟာ ကလေးဆီအလွယ်တကူရောက်သွားနိုင်ပါတယ်။ အစားအစာတွေကို ကိုင်တွယ် ချက်ပြုတ်ပြီးရင်လက်ကို သေသေချာချာ ဆေးပြီးမှ ကလေးကိုကျွေးမွေးတဲ့ကိစ္စ လုပ်ရပါမယ်။

မေး ။ ။ ဒီရောဂါပိုးဟာ ရေရှည်ဒုက္ခပေးတာမျိုးရော ရှိတတ်ပါသလား။
ဖြေ ။ ။ အချို့ကလေးတွေမှာ Salmonella ဗက်တီးရီးယားကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ပြန်ကောင်းသွားပြီးတဲ့နောက် အဆစ်အမျက်ရောင်ရောဂါဖြစ်တတ်ပါတယ်။ ၂ ရာခိုင်နှုန်းလောက်မှာ တွေ့ရလေ့ရှိပါ တယ် Reactive arthritis ဒါမှမဟုတ် Postinfective Arthritis လို့ခေါ်ပါတယ်။ အချို့ကျတော့ အဆစ်ရောင်ရုံ၊ နာရုံတင်မကဘဲမျက်စိပါ ရောင်မယ်၊ ယားမယ်၊ ဆီးသွားတဲ့လမ်းကြောင်း ဆီးပြွန်ပါရောင်တာမျိုး ဖြစ်တော့ ဆီးသွား တိုင်းနာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီရောဂါအစုကို Reiter's syndrome လို့ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရင် ကုလို့ ခက်ခဲပါတယ်။လနဲ့နှစ်နဲ့ချီပြီးကြာတတ်လို့ စောစောတည်းက မဖြစ်အောင်နေထိုင်တာသာ အကောင်းဆုံးဖြစ်ပါ တယ်။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ