The Effects of Hepatitis C on the Body အသည်းရောင်စီကနေ ကိုယ်ခန္ဓာကို ဘယ်လိုဖြစ်စေသလဲ


အသည်းရောင်စီဗိုင်းရပ်စ်က သွေးကနေတဆင့် ကူးစက်တယ်။ သွေးစစ်ရင် Hepatitis C antibodies တွေတွေ့မယ်။ အသည်းကိုရောင်စေ၊ ပျက်စီးစေတယ်။ အသည်းက အဆိပ်အတောက်တွေကို ရှင်းပေးနေတယ်။ ဘိုင်းလ် ခေါ် သည်းခြေရည်ထုတ်ပေးနေတယ်။ ဂလူးကို့စ်နဲ့ ဗီတာမင်တွေကို သိုလှောင်ပေးတယ်။ အသည်းရောင်ရင် အဲဒီအလုပ်တွေ ကောင်းကောင်းမလုပ်နိုင်ဖြစ်တာတော့မယ်။

စစချင်း အသားဝါမယ်။ အားနည်းနေမယ်။ စောစောပိုင်းမှာ အဲတာတွေကို ခံနိုင်ရည်ရှိသေးတယ်။ နာတာရှည် ဖြစ်လာချိန်မှာတော့ Cirrhosis အသည်းခြောက်လာနိုင်တယ်။ ဆက်ပြီး အင်္ဂါအစိတ်အပိုင်းမျိုးစုံမှာ ရောဂါတွေ ရစေနိုင်တယ်။ အရေပြားနာတွေ၊ သွေးရောဂါတွေနဲ့ ဖျားတာ။ တချိန်မှာ အသည်းအလုပ်မလုပ်နိုင်တာနဲ့ အသည်းကင်ဆာ မဖြစ်လို့ မပြောနိုင်ပါ။ စောစောကုသရင် အဲတာတွေသက်သာစေပါမယ်။

Digestive System အစာခြေလမ်း
စားတာသောက်တာထဲက အဆီကို ကျေချက်တာမလုပ်နိုင်တော့ပါ။ သည်းခြေရည်နိုင်အောင်မထုတ်နိုင်လို့ဖြစ်တယ်။ ရေဖျင်းဖြစ်လာမယ်။ အယ်လ်ဗျူမင် ခေါ် ပရိုင်းလုံလောက်အောင်ထုတ်မပေးနိုင်တော့ပါ။ အနည်းဆုံး ပျို-အန်မယ်။ အသည်းနေရာ အောင့်နာမယ်။ ဝမ်းက ရွံ့ရောင်ဖြစ်မယ်။ ဆီးအရောင် ရင့်မယ်။

Central Nervous System ဗဟိုအာရုံကြောစနစ်
အဆိပ်တွေကို ချေဖျက်တာမနိုင်လို့ ဗဟိုအာရုံကြောစနစ်ကိုထိခိုက်လာမယ်။ Hepatic encephalopathy ခေါ်တယ်။ ချွေးပြန်မယ်။ အသက်ရှူထုတ်တာအနံ့ဆိုးမယ်။ ကြွက်သားအနုစိတ်အလုပ်တွေ မလုပ်နိုင်ဖြစ်လာတယ်။ အိပ်ပျော်ဘို့ ခက်လာမယ်။ မျက်စိ၊ ပါးစပ်ခြောက်လာမယ်။ စိတ်ရှုတ်ထွေးမယ်။ သတိမေ့မယ်။ အာရုံစိုက်နာအားနည်းလာမယ်။ လူပုံပါ ပြောင်းလာမယ်။ ခြေလက်တုန်နေမယ်။ ဒေါသကြီးမယ်။ စကားပြောလေးမယ်။ သတိလစ်မယ်။

Circulatory System သွေးလှည့်စနစ်
သွေးခဲစနစ်ပျက်စီးလာမယ်။ အစာလမ်းစနစ်သွားသွေးလှည့်စနစ်ကို ထိခိုက်လာမယ်။ Portal hypertension ခေါ်တယ်။ သွေးထွက်လွယ်မယ်။ သွေးအန်မယ်။ ဝမ်းအမည်းရောင်သွားမယ်။ ကန်တော့ပါ။ Variceal bleeding ခေါ်တယ်။ သွေးအာနည်းမယ်။ စားတာထဲက သကြားဓါတ်ကို ဂလူးကို့စ်အဖြစ်ပြောပေးတာ မလုပ်နိုင်တော့ပါ။ အင်နာဂျီ ခေါ် ခွန်အားမရှိဖြစ်လာမယ်။ ဆီးချိုဖြစ်လာမယ်။

Skin, Hair, and Nails အရေပြား၊ ဆံပင်နဲ့ ခြေသည်းလက်သည်း
သွေးထဲက ဟီမိုဂလိုဘင်နည်းလို့ အရေပြားနဲ့ အဖုံးလွှာတွေပျက်စီးလာမယ်။ ဟီမိုဂလိုဘင်ပျက်စီးရာကနေ Bilirubin ဘီလီရူဘင်ဆိုတာတွေများလာမယ်။ Jaundice ဂျွန်းဒစ် ခေါ် အသားဝါရောဂါခေါ်တယ်။

Endocrine and Immune Systems အင်ဒိုခရိုင်းစနစ်
အင်ဒိုခရိုင်းစနစ်ဆိုတာ ဟော်မုန်းတွေကို ထုတ်ပေးနေတာဖြစ်တယ်။ လည်ပင်းကြီးဟော်မုန်းလည်းပါတယ်။ ရောဂါပြီးစနစ် ကမောက်ကမဖြစ်ရာကနေ ကိုယ့်ပစ္စည်းကို ရန်သူလုပ်တော့မယ်။ Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ ဖြစ်လာမယ်။ ပိန်လာမယ်။ အိပ်မရဖြစ်မယ်။ Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါလည်းဖြစ်နိုင်တယ်။

Overall Health အထွေထွေကျန်းမာရေး
အားနည်းနေမယ်။ ဖျားမယ်။ ဟိုကဒီကနာမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ