ငှက်ပျောသီးတွေပျောက်ကွယ်သွားနိုင်တယ်လို့လေ့လာမှုအသစ်တစ်ရပ်ကဆို


မကြာခင်ကျွန်တော်တို့စားသုံနေတဲ့အသီးပန်းကန်ထဲက ငှက်ပျောသီးတွေဟာ အတိတ်မှာပဲ ကျန်ခဲ့နိုင်တယ် လို့လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်၊

နယ်သာလန်နိုင်ငံကသုတေသီများက ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးငှက်ပျောသီးတွေထဲကတစ်ခုဖြစ်တဲ့ ပနားမားငှက်ပျောသီးတွေဟာ မှိုရောဂါတစ်မျိုးရဲ့ အန္တရာယ်ကျရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ဒီရောဂါဟာ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ သြစတြေးလျတို့ ကိုဖြတ်ပြီးပြန့်နှံ့လာနိုင်တယ်လို့သိရပါတယ်။

ဒီရောဂါဟာတစ်ကမ္ဘာလုံးရဲ့ သီးမွှေးငှက်ပျောသီးတွေ ၈၂ရာခိုင်နှုန်းတိုင်စိုက်ပျိုးထားတဲ့ တောင်အမေရိက ကိုဖြတ်ပြီးမလွဲမသွေကျရောက်လာနိုင်တယ်လို့သိရပါတယ်၊

ပနားမားမှိုရောဂါဟာမြေဆီလွှာထဲမှာနှစ်သုံးဆယ်နဲ့အထက်အထိ ဖြစ်ပွားနိုင်တယ်လို့သိရပါတယ်၊  ဒီမှိုရောဂါဟာအပင်ရဲ့ရေသောက်မြစ်ဖွဲ့စည်းမှုကိုအနှောင့်အယှက်ပေးပြီး အပင်ကိုရေဓာတ် ခမ်းခြောက်စေ ကာ အလျှင်အမြန်သေဆုံးစေမှာဖြစ်တယ်လို့ဆိုပါတယ်၊

(Matheu)

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: The Telegraph

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ