အမျိုးသမီးတွေထက် အမျိုးသားတွေဟာ ကားမောင်းဖို့ ပိုမိုသင့်တော်



ကားမောင်းတဲ့အခါ အမျိုးသားတွေဟာ သူတို့မှာ လမ်းကြောင်း နဲ့ပတ်သက်ရင် ပိုမို ကောင်းမွန်တဲ့ အာရုံခံစား မှုရှိတယ်လို့ ဆိုကြပေမယ့် ဒါကို အမျိုးသမီးတွေက လက်မခံကြပါဘူး။ အခုတော့ သိပ္ပံပညာ လေ့လာမှု တစ်ခုက ဒါကို သက်သေပြနိုင်ခဲ့ပါပြီ။

နော်ဝေနိုင်ငံက သုတေသီတွေဟာ ဗော်လန်တီယာ တွေရဲ့ ဦးနှောက်ကို Scan ဖတ်ကြည့်ပြီး ထို ဗော်လန်တီယာ တွေကို လမ်းကြောင်းရှာတဲ့ လုပ်ဆောင်ချက်ကို လုပ်စေခဲ့ရာမှာ အမျိုးသားတွေဟာ မတူညီတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို အသုံးပြုတာဖြစ်တဲ့အတွက် လမ်းကြောင်းရှာရာမှ အမျိုးသမီးတွေထက် ပိုမို ထိရောက်မှုရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

အမျိုးသမီးတွေအနေနဲ့ကတော့ Testosterone ဆိုတဲ့ ဟော်မုန်းတစ်မျိုးသာ သူတို့ရဲ့ လျှာပေါ်တင်ထားပေးနိုင်ရင် သူတို့ရဲ့ အရည်အချင်းတွေကို မြင့်တက်လာနိုင်တယ်လို့လည်း သုတေသန အရသိရပါတယ်။

ဒီသုတေသန မှာတော့ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်တို့ကို ကြီးမားတဲ့ ၀င်္ကဘာ တစ်ခုထဲမှာ 3D လေကာ ၊ ရေကာ မျက်မှန်ကို ၀တ်ဆင်စေပြီးပုံရိပ်ညွှန်ကြားချက်ကိရိယာ နဲ့ လမ်းကြောင်းရှာဖွေစေကာ သူတို့ရဲ့ ဦးနှောက်လုပ်ဆောင်ချက် ဓါတ်ပုံတွေကိုတော့ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။

အဲဒီအခါမှာ အမျိုါ်သားတွေဟာ အမျိုးသမီးတွေထက် ၅၀ ရာခိုင်နှုန်းတိတိ အဘက်ဘက် က သာလွန်တဲ့ လုပ်ဆောင်ချက်တွေရှိခဲ့ပါတယ်။ အခုလို ကွာခြားရခြင်းဟာလည်း လမ်းကြောင်းရှာဖွေတဲ့အခါ ၊ ကားမောင်းနှင်တဲ့အခါမှာ အမျိုးသားတွေက ဦးနှောက်ရဲ့ မှတ်ဥာဏ်နဲ့ စိတ်ခံစားမှုတွေဖြစ်တည်တဲ့ဗဟိုနေရာ Hippocampus ကို အသုံးပြုကြပြီး အမျိုးသမီးတွေကတော့ ဦးနှောက်ရဲ့ အရှေ့ပိုင်း ဧရိယာတွေကိုသာ အသုံးပြုကျတဲ့အတွက်ပဲဖြစ်ပါတယ်။

တူညီတာတစ်ခုကတော့ ကားမောင်းပြီး လမ်းကြောင်းရှာဖွေတဲ့အခါမှာ အမျိုးသားတွေရော ၊ အမျိုးသမီးတွေပါ ဦးနှောက်ရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတော်တော်များများကို အသုံးပြုကြတာပါပဲ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ