အိပ်စက်နေရင်း ကိုယ်အလေးချိန်လျော့ကျသွားစေမယ့် နည်းလမ်းသစ်ကို တွေ့ရှိ


ဒီသတင်းကတော့ ကြားရတာ စိတ်ချမ်းသာစရာပါ သင်ဟာ အိပ်စက်နေရင်းနဲ့ ပဲ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပြီး ကိုယ်အလေးချိန် လျော့ကျစေနိုင်ပါတယ်တဲ့။

သိပ္ပံ ပညာရှင် အဖွဲ့ တစ်ဖွဲ့  ရှာဖွေတွေ့ ရှိခဲ့တာကတော့ ညဘက် အိပ်စက်နေစဉ်မှာပဲ သင့်ရဲ့  အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ရှိနေတဲ့ အဏုဇီဝ ဘက်တီးရီးယား ပိုးမွှားတွေဟာ ကယ်လိုရီ တွေကို လောင်ကျွမ်းစေနိုင်တယ်ဆိုတာပါပဲ။

Lowa တက္ကသိုလ်က သုတေသီအဖွဲ့ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းက အဏုဇီဝ ပိုးမွှားတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြောင်းလဲမှု တွေဖြစ်စေခြင်းဟာ ကိုယ်အလေးချိန် လျော့ကျမှု ကို ဖြစ်စေနိုင်တယ်ဆိုတာကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။

အဲဒီလို ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အဏုဇီဝ ပိုးမွှားတွေကို ရရှိလာဖို့အတွက်တော့ Risperidone ဆိုတဲ့ ဆေးဝါးတစ်မျိုးက ဖန်တီးပေးနိုင်ပါတယ်။ Risperidone ဆိုတဲ့ ဆေးဝါးကတော့ အော်တစ်ဇင် ၊ ၂ ကိုယ်ခွဲ စိတ်ရောဂါ ၊ စိတ်ကစဥ့်ကလျား ရောဂါ တို့ကိုခံစားနေရတဲ့ ကလေး ၊ လူကြီး တို့အတွက်သောက်သုံးရတဲ့ ဆေးပဲ ဖြစ်ပါတယ်။

ထို ဆေးကို သောက်ထားရင်တော့ ညအိပ်ချိန်တွေမှာ ကိုယ်အလေးချိန်လျော့ကျမှုကို ဖြစ်စေတဲ့ အဏုဇိဝ ပိုးမွှားတွေကိုသင့်ရဲ့  အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း ဖြစ်ပေါ်လာစေတာပဲ ဖြစ်ပါတယ်။

သုတေသီတွေကတော့ သူတို့ရဲ့  ရှာဖွေတွေ့ရှိမှုဟာ အ၀လွန်ရောဂါအတွက် ကုထုံးတစ်ခု ဖြစ်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒီလေ့လာမှုကိုတော့ eBiomedicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ