အမျိုးသမီးတွေအနေနဲ့  ဆေးလိပ်ငွေ့ တစ်ဆင့်ရှူရှိုက်မိလျှင်ပင် သွေးဆုံးချိန် ၂ နှစ်စောရောက်နိုင်ပြီး မျိုးမအောင်နိုင်ခြေပါ ၂၀ ရာခိုင်နှုန်းရှိ



ဆေးလိပ်သောက်တတ်တာကော၊ မသောက်တတ်ပေမယ့် တခြားသူတွေရဲ့ ဆေးလိပ်ငွေ့ တွေကို တစ်ဆင့် ရှူရှိုက်နေရခြင်းကပါ အမျိုးသမီးတွေအတွက် သွေးဆုံးချိန်စောနိုင်ကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ ရှိခဲ့ပါတယ်။

ဆေးရွက်ကြီးလောင်ကျွမ်းမှုကထွက်လာတဲ့ဓာတ်ပစ္စည်းတွေနဲ့ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်စေ၊ တစ်ဆင့် ရှူရှိုက်ခြင်းကြောင့်ဖြစ်စေ၊ ထိတွေ့ မိခြင်းဟာ တစ်ခါမှဆေးလိပ်မသောက်ဖူးသူ၊ တစ်ဆင့်မရှူရှိုက်ဖူးသူတွေနဲ့  ယှဉ်ရင် တစ်နှစ်၊ နှစ်နှစ်စောပြီး သွေးဆုံးချိန်ကို ပိုမြန်မြန်ရောက်နိုင်ပါတယ်။

လက်ရှိသောက်နေသူ ဒါမှမဟုတ် ဆေးလိပ်ဖြတ်လိုက်သူ အမျိုးသမီးတွေမှာ မျိုးမအောင်နိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုများပြီး၊ ဆေးလိပ်အခိုးအငွေ့ တွေအများအပြားရှူရှိုက်နေရသူအမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ရဖို့ ရာ အခက်အခဲကြုံရနိုင်ခြေ ၁၈ ရာခိုင်နှုန်းပိုများနေပါတယ်။

‘Tobacco Control’ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ယခုလေ့လာမှုမှာ သုတေသနပညာရှင်တွေဟာ သဘာဝအလျောက် သွေးဆုံးချိန်ရောက်ပြီးသား အသက် ၅၀ ကနေ အသက် ၇၉ နှစ်အတွင်း အမျိုးသမီးပေါင်း ၇၉၆၉၀ ဦးကို လေ့လာခဲ့ပါတယ်။ ထို့ နောက်မှာတော့ သူတို့ ရဲ့ ဆေးလိပ်သောက်တတ်တဲ့အကျင့်၊ မျိုးအောင်မှု ပိုင်းဆိုင်ရာပြဿနာတွေနဲ့  သားအိမ်မထုတ်ဘဲ သဘာဝအလျောက်သွေးဆုံးချိန်ဝင်ခဲ့တဲ့ အသက်တွေကို မေးမြန်းခဲ့ပါတယ်။

ဆေးလိပ်သောက်တတ်သူ၊ သောက်ခဲ့ဖူးသူတွေကိုလည်း နေ့ စဉ် ဘယ်နှစ်လိပ် သောက်ခဲ့လဲ၊ စသောက်ခဲ့တဲ့အသက်၊ ဘယ်လောက်ကြာကြာသောက်ခဲ့လဲဆိုတာ စစ်တမ်းကောက်ခဲ့ပြီး၊ မသောက်ဖူးသူတွေကိုတော့ ကလေးဘ၀၊လူကြီးဘ၀မှာ ဆေးလိပ်သောက်သူနဲ့ အချိန်ကြာတူတူနေဖူးသလား ဆိုတာကို မေးမြန်းခဲ့ပါတယ်။

တွေ့ ရှိချက်အရ ဆေးလိပ်သောက်သူအမျိုးသမီးတွေဟာ မျိုးမအောင်နိုင်ခြေ ၁၄ ရာခိုင်နှုန်းပိုများပြီး အသက် ၅၀ မတိုင်ခင် သွေးဆုံးနိုင်ခြေလည်း ၂၆ ရာခိုင်နှုန်းပိုများနေပါတယ်။ တစ်ဆင့်ရှူရှိုက်သူတွေကတော့ မျိုးမအောင်နိုင်ခြေ ၁၈ ရာခိုင်နှုန်းပိုများပြီး ဆေးလိပ်သောက်သူနဲ့ အချိန်ကြာကြာ တူတူမနေဖူးတဲ့ အမျိုးသမီးတွေထက် ၁၃ လလောက်စောပြီး သွေးဆုံးဝင်ချိန် စောတတ်တာကို တွေ့ ရှိခဲ့ရပါတယ်။

ဒီတွေ့ ရှိမှုဟာ တခြားအကျိုးသက်ရောက်မှုတွေရှိနိုင်တဲ့ အရက်သောက်သုံးမှု၊ အားကစားလှုပ်ရှားမှု စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းတွက်ချက်ပြီးမှ ဆေးလိပ်သောက်ခြင်းနဲ့ သွေးဆုံးဝင်ချိန်၊ မျိုးမအောင်မှု တို့ အကြား ဆက်စပ်မှုကို အဖြေရှာခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: DailyMail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ