ညဘက်ညှစ်ထားတဲ့နွားနို့ ကို သောက်ပေးခြင်းက ညဘက် ပိုကောင်းကောင်းအိပ်မောကျစေနိုင်




ညဘက်ကောင်းကောင်းအိပ်မောကျချင်တဲ့ သူတွေဟာ နွားနို့ ပူပူလေးတစ်ခွက်လောက်သောက်ပြီး အိပ်ကြလေ့ရှိပါတယ်။

ယခုအခါမှာတော့ လေ့လာမှုတစ်ခုက နွားနို့ ဟာ အိပ်စက်မှုကိုပိုမိုကောင်းမွန်စေတဲ့စွမ်းအင်သတ္တိတွေ ရှိကြောင်း တွေ့ ရှိလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ညဘက်ညှစ်ထားတဲ့နွားနို့  ကမှ ဒီစွမ်းအင်တွေ ပိုရှိတယ်လို့  ဆိုပါတယ်။

ညဘက်ညှစ်ထားတဲ့နွားနို့ မှာ အိပ်စက်မှုနဲ့  စိတ်ပူပင်သောကတွေကို လျှော့ကျရာမှာ အထောက်အကူပြုပေးတဲ့ tryptophan နဲ့ melatonin ဆိုတဲ့ ဒြပ်ပေါင်းတွေ ပိုမိုပါရှိကြောင်း သုတေသနပညာရှင်တွေက တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။

လူ့ ခန္ဓာကိုယ်ဟာ tryptophan ဆိုတဲ့ ဒြပ်ပေါင်းကို လူကို အိပ်စက်ချင်လာအောင်လုပ်ပေးတဲ့ သဘာဝဟော်မုန်း serotonin အဖြစ် ပြောင်းလဲပေးပါတယ်။ ညဘက်ညှစ်ထားတဲ့နွားနို့ မှာ အိပ်စက်မှု တွန်းအားပေးဟော်မုန်း melatonin ၁၀ ဆ ပိုမိုပါဝင်ပြီး tryptophan ဒြပ်ပေါင်း ၂၄ ရာခိုင်နှုန်း ပိုမို ပါဝင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ က၊ Sahmyook တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ အစမ်းသပ်ခံ ကြွက်တွေကို ညဘက်ကော၊နေ့ ဘက်ပါ ညှစ်ထားတဲ့ နွားနို့ ကနေပြုလုပ်ထားတဲ့ နို့ မှုန့် တွေကို တိုက်ကျွေး စမ်းသပ်ခဲ့ကြပါတယ်။

တွေ့ ရှိချက်အရ ညဘက်နွားနို့ ကနေထုတ်ထားတဲ့နွားနို့ အမှုန့် တိုက်ကျွေးထားတဲ့ ကြွက်တွေဟာ နေ့ ဘက် နွားနို့ အမှုန့် ကို တိုက်ကျွေး ထားတဲ့ကြွက်တွေထက် လန်းဆန်းတက်ကြွမှု ပိုနည်းပြီး နေရာလွတ်တွေကို လျှောက်သွားချင်စိတ်ပိုများတာကြောင့် ကြောက်ရွံ့ စိုးရိမ်စိတ် ပိုနည်းနေတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။

ဒီ့အပြင် ညဘက်နွားနို့ အမှုန့် ကိုတိုက်ကျွေးထားတဲ့ကြွက်တွေဟာ အိပ်မောကျပိုမြန်ပြီး အိပ်စက်ချိန်လည်း ပိုမိုကြာတာကို တွေ့ ခဲ့ရပါတယ်။

ဒီအကျိုးသက်ရောက်မှုဟာ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့သူတွေကိုပေးလေ့ရှိတဲ့ Diazepam စိတ်ငြိမ်ဆေးရဲ့ အကျိုး သက်ရောက်မှုတွေနဲ့ နှိုင်းယှဉ်ရာမှာ တူညီနေတယ်လို့  သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ယခုစမ်းသပ်မှုကို လူတွေမှာပြုလုပ်ရခြင်းမရှိသေးပေမယ့်၊ ကောင်းကောင်းအိပ်စက်လို့ မရတဲ့သူတွေကို melatonin ပါဝင်တဲ့ဆေးတွေကို ဆရာဝန်တွေက တိုက်လေ့ရှိတာကြောင့် melatonin ကြွယ်ဝတဲ့ ညဘက် နွားနို့ ကလည်း အိပ်စက်မှုမှာ အထောက်အကူပြုနိုင်ဖွယ်ရာရှိပါတယ်။

အရင်ကလေ့လာခဲ့မှုတွေမှာလည်း နွားနို့ မှာ  လူတွေရဲ့စိတ်ပူပန်သောကတွေကိုဖြေလျှော့ပေးနိုင်တဲ့ ကယ်လ်ဆီယမ် ဓာတ်လည်း ပါဝင်မှုကြောင့် နွားနို့ ဟာ အိပ်စက်ခြင်းကို အကောင်းဆုံး အထောက်အကူ ပြုနိုင်ကြောင်း တွေ့ ရှိထားပြီးဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : DailyMail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ