အိမ်ရှင်မများလက်စွဲ မီးဖိုချောင်မှ ဆေးဖက်ဝင် အစွမ်းထက်သော စပါးလင်


 အိမ်ရှင်မများ နေ့စဉ်ဟင်းလျာများ ချက်ပြုတ်ကြရာတွင် အသုံးပြုသော စပါးလင်အပင်သည် ဟင်းလျာအတွက် သာမက လူတိုင်းကျန်းမာရေးအတွက်လည်း အထောက်အကူပြု အသုံးဝင်လျက်ရှိသည်။ စပါးလင်သည် မြန်မာနိုင်ငံ နေရာမရွေး စိုက်ပျိုးပေါက်ရောက်နိုင်သော အပင်ဖြစ်သည်။ ယင်းအပင်သည် မြက်မျိုးအနွယ်ဝင်အပင်ဖြစ်ပြီး ဟင်းစား စပါးလင်နှင့် စပါးလင်မွှေးဟူ၍ နှစ်မျိုး နှစ်စားရှိသဖြင့် စပါးလင်မွှေးသည် ဟင်းစားစပါးလင်ထက်ပို၍ အရွက်ကြီးကာ ရှည်လျားခြင်းကြောင့် စီးပွားရေးဈေးကွက်များ၌ ပို၍မျက်နှာပန်းလှကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော စပါးလင်သည် ရနံ့မွှေးပျံ့ရုံသာမကသည့်အပြင် ဆေးစွမ်းလည်း ထက်မြက်ကြောင်း သိရသည်။

မြန်မာ့ဆေးဖက်ဝင်အပင်များသည် စပါးလင်အပင်ကို ချန်လှပ်၍မရခြင်းကြောင့် ယင်းအပင်နှင့်အရွက်၊ အဆီတို့ ကို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရာနှင့် ရောဂါများ ကုသရာ တွင် ပရဆေးစွမ်းကောင်းအဖြစ် အသုံးပြုကြသည်။ အိန္ဒိယ ဆေးကျမ်းများ၌ စပါးလင်မှာ အစာမကြေခြင်း၊ ခံတွင်းပျက် ခြင်းနှင့် အစာအိမ်အတွင်း၌ ပိုးနှောင့်ယှက်သော ရောဂါ ဝေဒနာများကို ကုသရာတွင် အကောင်းဆုံးဆေးတစ်လက် ဖြစ်ကြောင်း၊ စပါးလင်အပင်သည် ပဉ္စငါးပါးစလုံးအသုံးဝင် သဖြင့် လေသလိပ်များကို ကြေစေခြင်း၊ သွေးသားကို ကြည်လင်စေခြင်း၊ အစာကိုကြေစေပြီး သည်းခြေကို ပျက်စေခြင်း စသောအစွမ်းသတ္တိများရှိကြောင်း ဖော်ပြထား ပေသည်။ စပါးလင်ကို နှလုံး၊ လည်ချောင်းနှင့်ပတ်သက် သောရောဂါများကို ကုသနိုင်သည့်အပြင် ချောင်းဆိုး သွေးပါခြင်း၊ သွေးအန်ခြင်း၊ ကာလဝမ်းရောဂါနှင့် ငလိပ် ရောဂါတို့ကို နိုင်နင်းစွာကုသပေးနိုင်၍ အူသိမ်၊ အူနု၊ အူအကာနှင့် အမြှေးများ၏ လုပ်ဆောင်ချက်များကိုလည်း ပိုမိုကောင်းမွန်စေသည်ဟု သိရသည်။

မြန်မာ့ဆေးကျမ်းများအလိုအရ စပါးလင်ကို ချင်း၊ သကြားတို့ဖြင့် ရောစပ်အသုံးပြု၍ အဖျားရောဂါသည်များ ချွေးထွက်စေရန် အသုံးပြုနိုင်သည်။ စပါးလင်ပါသော ဖယောင်းလိမ်းဆေးကို လိမ်းပေးပါက ခြင်ကိုက်ခြင်းကြောင့် ဖြစ်စေသော ငှက်ဖျားရောဂါကို ကာကွယ်နိုင်သည့်အပြင် စပါးလင်ဆီကို အုန်းဆီ သို့မဟုတ် နှမ်းဆီနှင့်ရော၍ လိမ်းပေးခြင်းဖြင့် လေငန်းဆွဲခြင်း၊ လေဖြတ်ခြင်းတို့နှင့် ကြွက်တက်ခြင်း ဝေဒနာများကို သက်သာပျောက်ကင်းစေ ပါသည်။ ကလေးငယ်များ သန်ထိုးခြင်း၊ ဗိုက်နာခြင်းဖြစ် ပါက စပါးလင်ဆီပါးပါးလူး၍ အဝတ်ဖြင့်ပတ်ပေးပါက သက်သာစေပါသည်။ ဆီးကြောင့်ဖြစ်သော အသားဝါ ရောဂါများကို စပါးလင်လက်တစ်ဆုပ်ခန့် အမြီးခေါင်း ဖြတ်၍ ရေသုံးခွက်ထည့်ပြီး တစ်ခွက်ကျန်ကျို၍ တစ်နေ့ သုံးကြိမ် အနည်းဆုံး သုံးရက်မှ တစ်ပတ်ခန့် သောက်သုံး ခြင်းဖြင့် သက်သာပျောက်ကင်းစေကြောင်း အမျိုးသမီးများ မီးယပ်ရောဂါကြောင့် ကိုယ်လက်များ နာကျင်ကိုက်ခဲပါက စပါးလင်သတ္တုရည်တွင် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့် ၍ လိမ်းပေးလျှင် ဝေဒနာသက်သာပျောက်ကင်းစေပါ သည်။ လေကြောင့် စိတ်သောကရောက်နေသော ဝေဒနာ ရှင်များအတွက် ငရုတ်ကောင်း ပူဒီနာနှင့် သကြားတို့ကို စပါးလင်နှင့်ရောနှော၍ ပြုတ်သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

ထို့ကြောင့် ခေတ်မီစက်ကိရိယာများ တိုးတက်လာ သော ယနေ့ကာလတွင် ဆေးဝါးကုမ္ပဏီကြီးများတွင် စပါးလင်ဆီကို ပေါင်းခံကိရိယာများဖြင့် ထုတ်ယူ၍ လိမ်းဆေး၊ စားဆေး၊ သောက်ဆေးများအမျိုးမျိုးဖော်စပ် ၍ရောင်းချနေကြောင်း စပါးလင်၏ ပဉ္စငါးပါးတို့ဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုလျက်ရှိ ကြောင်း မြန်မာ့ဆေးဖက်ဝင်အပင်များသည် စပါးလင် အပင်သည် ချန်လှပ်၍မရကြောင်းနှင့် မြန်မာ့ရေမြေများ၌ လွယ်လင့်တကူ ပေါက်ရောက်၍ ရှာဖွေရလွယ်ကူသော စပါးလင်အပင်များမှာ တန်ဖိုးနည်းပါးလှသော်လည်း ဆေးစွမ်းထက်မြက်သဖြင့် နည်းလမ်းများစွာကိုအသုံး ပြုပြီး ရောဂါဝေဒနာများစွာကို ကုသပျောက်ကင်းမှု ပေးစွမ်းနေပါကြောင်းနှင့် အိမ်ရှင်မတို့၏ နေစဉ်သုံး မီးဖိုချောင်သာမက ကျန်းမာခြင်းဆုလာဘ်ကို ပေးစွမ်းနေ ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ဇွဲထက်ရှင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ