လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားခံရမှုကြောင့် ကျား ၊ မ မရွေး ကျန်းမာရေး ဆိုးရွားစွာထိခိုက်စေနိုင်


အမျိုးသမီး ၇ဝ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၅ ရာခိုင်နှုန်း ခန့်တို့သည် လုပ်ငန်းခွင်တွင် တစ်နည်း မဟုတ် တစ်နည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှု ခံရလေ့ ရှိပြီး အများစုမှာ ထိတ်လန့်ဖွယ် လုပ်ငန်းခွင် ပတ်ဝန်းကျင် ကို ဖြတ်သန်းရလေ့ ရှိသဖြင့် မိမိအလုပ်ကို အရည်အသွေး ပြည့်ဝအောင် မလုပ်နိုင် ကြတော့သည့် အပြင် ကျန်းမာရေး ဆိုင်ရာ ယိုယွင်းမှု များလည်း ဆိုးရွားစွာ ဖြစ်ပေါ်လေ့ ရှိကြောင်း သိရသည်။

''လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှု ဆိုတာ မုဒိမ်းကျင့် တာလိုမျိုး ပြင်းထန်တာကို မဆိုလိုပါဘူး။ အမျိုးသမီး ကြားလောက်အောင် မကြားဝံ့ မနာသာတွေ ပြောမယ်၊ မသင့်တော်တဲ့ Movie တွေ ၊ ဓာတ်ပုံတွေကို ဖွင့်မယ်၊ အဲဒီ အမျိုးသမီး ဝန်ထမ်းတွေကို ထိကပါး ရိကပါး လက် သရမ်းမယ်၊ ပါးစပ် သရမ်းမယ် ဆိုရင်ကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက် စော်ကားမှု မြောက်ပါတယ်။ ဒါ့ပြင် အမျိုးသား ဝန်ထမ်း တစ်ယောက် ကိုလဲ သူ့ရဲ့ ယောက်ျား မာနကို ရိုက်ချိုး လိုစိတ်နဲ့ အောက်ခြေသိမ်း တွေခိုင်းမယ်၊ မသင့်တော် တာတွေ သယ်စေမယ်၊ ထမ်းစေမယ်၊ သူကြား လောက်အောင် ယောက်ျားလေး တွေကို မှိုချိုးမျှစ်ချိုး ပြောမယ်ဆိုရင် မိန်းကလေး ဘက်ကလဲ လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက် စော်ကား မှု မြောက်ပါတယ်'' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရ သူများသည် လုပ်ငန်းခွင်တွင် အဆင်မပြေ သကဲ့သို့ ကျန်းမာရေး တွင်လည်း စိတ်ကျခြင်း၊ စိတ်ထိ ခိုက်နာကျင် မှုကြောင့် စိတ်ဖိစီးမှု ပုံစံ မူမမှန် ဖြစ်လာခြင်း၊ သွေးတိုးခြင်း၊ ည အိပ်မပျော်ခြင်း၊ မိမိကိုယ်ကို သေကြောင်း ကြံစည်ခြင်း တို့ကို ခံစားရ နိုင်ကြောင်း သိရသည်။

''သူတို့ဟာ တစ်သက်လုံး စိတ်ကျရောဂါ ကို ခံစားရ နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်သွား တာပေါ့။ ကိုယ့်ကိုယ်ကိုယ် အမြဲ သံသယဝင်မယ်၊ အပြစ်တင်မယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်လို့ တွေးပြီး ဝမ်းနည်းမယ် ၊ လူတွေ တစ်ခုခု ပြောလိုက်ရင်လဲ ကိုယ့်ကိုပဲ ပြောတယ်လို့ ထင်မယ် အစရှိတဲ့ စိတ်ကျရောဂါ တွေကို ခံစား ရနိုင်ပါတယ် '' ဟု ၄င်း သုတေသီ က ဆက်လက် ရှင်းပြသည်။

PyiChitThar
http://www.pyichitthar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ