Vaginal flora မွေးလမ်းကြောင်းမှာနေကြတဲ့ပိုးတွေ


မနေ့ကပဲ ယောနိဘီယာအကြောင်း ရေးလိုက်ပါတယ်။ အမျိုးသမီးတိုင်းရဲ့ ဗဂျိုင်းနားခေါ် မွေးလမ်းကြောင်းမှာ ပိုးတွေနေကြတယ်။ Vaginal microbiota လို့လည်းခေါ်တယ်။ အဲဒီမှာ ကိုလိုနီဖွဲ့ နေကြတာကို ၁၈၉၂ ကတည်းက ဂျာမန်ဆရာဝန်ကနေတွေ့ခဲ့တာပါ။ လူတကိုယ်လုံးမှာလည်း ပိုးတွေရှိနေကြတယ်။ ဗဂျိုင်းနားမှာ ပုံမှန်ရှိနေတဲ့ပိုးတွေဆိုတာ ဗက်တီးရီးယားတွေနဲ့ မှိုပိုးတွေဖြစ်တယ်။

ဗဂျိုင်းနားထဲမှာရှိနေကြတဲ့ ပိုးမွှားအရေအတွက်နဲ့ အမျိုးအစားကနေ ကျန်းမာရေးကိုသက်ရောက်စေတယ်။ Lactobacillus crispatus ကအဓိကဖြစ်တယ်။ ဒီအကောင်မျိုးက လက်တအက်စ်ထုတ်ပေးနိုင်တယ်။ အဲတာက ရောဂါဖြစ်မေယ့် ပိုးတွေရန်ကနေ ကာကွယ်မှုပေးနေလို့ ကောင်းတယ်။ B. fragilis, E. coli, G. vaginalis, M. spp., N. gonorrhoeae, P. anaerobius, P. bivia နဲ့ S. aureus အမျိုးအစားတွေကနေ ရောဂါတမျိုးစီရစေနိုင်တယ်။

ဗဂျိုင်းနားဟာ အမြဲ pH အက်စစ်ဓါတ်နည်းနည်းကဲနေရတယ်။ တချို့ပိုးတွေကနေ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်လည်း ထုတ်ပေးနေသေးတယ်။ သူကလည်းကောင်းစေတယ်။ အဲတာဟာ HIV-1, herpes simplex virus type 2 (HSV-2), Trichomonas vaginalis, G. vaginalis, P. bivia နဲ့ E. coli ပိုးတွေရန်ကနေ ကာကွယ်တယ်။ အနံ့ဆိုးထွက်စေတဲ့ ဗဂျိုင်းနားရောင်ခြင်းရောဂါ (BV) ဖြစ်တာကို သက်သာစေတယ်။

သားအိမ်ဝကထွက်တဲ့အရည်နဲ့ ယောက်ျားသုက်ရည်တွေဟာ H2O2 နည်းစေတာတွေ့ရတယ်။ အဲတာမကောင်းပါ။ A. vaginae, G. vaginalis, Mobiluncus spp., P. bivia, Prevotella corporis, Mycoplasma hominis ပိုးတွေ ဝင်လာစေနိုင်တယ်။ ဒီပိုးအကောင်းတွေရှိနေလို့ (ရိစ်) ပိုးဝင်တာကိုလည်း နည်းစေတယ်။ pH < 4.5 သာရှိနေရင် Gardnerella vaginalis ပိုးတွေ မနေနိုင်ဘူး။

Vaginal infections (vaginitis) ဗဂျိုင်းနားပိုးဝင်တာ အဖြစ်များတယ်။ ဗဂျိုင်းနားမှာ ပူလောင်၊ ယားယံ၊ အနံ့ဆိုး ဖြစ်တာဟာ ရောဂါပိုးကြောင့်ဖြစ်တယ်။ Douches မွေးလမ်းကို ဆေးကြောနည်းလုပ်ခြင်း၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း၊ Antibiotics ပိုးသေဆေးသုံးခြင်း၊ လိင်ဆက်ဆံခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးနို့တိုက်ခြင်းတွေကနေ ရောဂါပိုးဝင်လာစေနိုင်တယ်။ အမျိုးအစား ၁၊ ၂၊ ၃ ကအများဆုံးဖြစ်တယ်။

၁။ Yeast infections (ရိစ်) ခေါ် (ဖန်းဂတ်စ်) ခေါ် မှိုပိုးဝင်ခြင်း
အများဆုံးဖြစ်တယ်။ Candida albicans ပိုးအမျိုးအစားက အများဆုံးဖြစ်တယ်။ ပူနွေးတာ၊ စိုထိုင်းတာ၊ လေမရတာမျိုးကို ကြိုက်တယ်။ အဖြူဆင်းမယ်။ ဒိန်ခဲလို အဖတ်အဖတ်လေးတွေဆင်းမယ်။ ယားနိုင်တယ်။ နီရဲနေနိုင်တယ်။

၂။ Bacterial vaginosis (BV) ဗက်တီးရီးယားကြောင့်ဗဂျိုင်းနားရောင်ခြင်း
Lactobacilli ကောင်းတဲ့ဗက်တီးရီးယားတွေ နည်းရင်ဖြစ်တယ်။ Gardnerella အမျိုးအစားကနေဖြစ်တာများတယ်။ အဖြူဆင်းမယ်။ ဆင်းတာက မကျဲပဲ ထူပြစ်တယ်။ ကြည်တယ်။ ချွဲကျတယ်။ ယားနိုင်တယ်။ ပူလောင်နိုင်တယ်။ အတူနေရင် အနံ့ဆိုးစေတယ်။

၃။ Trichomonas ထရွိုင်ကိုမိုးနပ်စ်
လိင်ကတဆင့်ကူးစက်တယ်။ ပူလောင်နေမယ်။ ယားယံမယ်။ အနေရခက်မယ်။ နီရဲနေမယ်။ ရောင်နေနိုင်တယ်။ ခပ်ဝါဝါ၊ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းလည်းဆင်းမယ်။ အနံ့ဆိုးနိုင်တယ်။ ဆီးသွားရင်အောင့်နိုင်တယ်။

၎။ Chlamydia vaginitis ကာလ်မီးဒီယားပိုးဝင်ခြင်း
လိင်ကတဆင့်ကူးစက်တယ်။ တချို့အဖြူဆင်းမယ်။ တချို့မဆင်းပါ။ အတူနေချိန်သွေးဆင်းမယ်။

၅။ Noninfectious vaginitis ပိုးမဟုတ်ဘဲ ဗဂျိုင်းနားရောင်ခြင်း
ပိုးမဟုတ်ပဲ ဗဂျိုင်းနားရောင်ခြင်း။ တခုခုနဲ့မတည့်ရာကနေဖြစ်စေတယ်။ ရာသီလာစဉ်သုံးတာ၊ ရေမွှေးပါဆပ်ပြာ၊ အတွင်းခံဖွပ်လျှော်သန့်ရှင်းရာမှာ သုံးတာ။ ဖြစ်ရင် ဆေးမလိုပါ။ မသင့်တာကိုသာ အမြဲရှောင်ပါ။

၆။ Vulvodynia ရောဂါတမျိုး
တချို့အမျိုးသမီးတွေမှာ အကြောင်းခံရှိပဲ မျိုးပွါးအင်္ဂါမှာ နာနေတာ၊ အနေရခက်နေတာမျိုးဖြစ်တယ်။ ပိုးဝင်ခံရသလိုမျိုး အဖြူဆင်းတာ၊ ပူလောင်တာ၊ နီရောင်နေတာတွေလည်းခံစားရနိုင်တယ်။

၇။ Viral vaginosis ဗိုင်းရပ်စ်ကြောင့် ဗဂျိုင်းနားရောင်ခြင်း
ဗိုင်းရပ်စ်ကြောင့်ရောင်ခြင်းက လိင်ကတဆင့်ကူးစက်တာများတယ်။ Herpes simplex virus ရေယုံဗိုင်းရပ်စ်ကနေ အဖြစ်များတယ်။ အနာဖြစ်မယ်။

ကုသနည်းနဲ့ကာကွယ်နည်းတွေကို ရောဂါတခုခြင်းစာတွေ ဘလော့မှာဖတ်နိုင်ပါတယ်။
1. Chlamydia and Gonorrhea ကလာမိုင်ဒီယားနဲ့ ဂနိုးရီးယား
2. Dyspareunia (1) ဆက်ဆံချိန်မှာ နာကျင်တာ (၁)
3. Dyspareunia (2) ဆက်ဆံချိန်မှာ နာကျင်တာ (၂)
4. Dyspareunia (3) ဆက်ဆံချိန်မှာ နာကျင်တာ (၃)
5. Fungus အဖြစ်များ မှိုရောဂါများ
6. Fungal infections မိုးစိုစို မှိုသတိထား
7. Genital Herpes Antiviral Medicines လိင်လမ်းရေယုံဆေးများ
8. Herpes simplex ရေယုံနဲ့ ရေသီးသူကို ရေမန်းနဲ့ကုသခြင်း
9. Infection (အင်ဖက်ရှင်) ရောဂါပိုးဝင်ခြင်း
10. Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး
11. PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း
12. STDs (1) Basic လိင်မှတဆင့် ကူးစက်သော ရောဂါများ အခြေခံ
13. Vaginal Bleeding After Sex အတူနေပြီးသွေးထွက်ခြင်း
14. Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
15. Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း
16. Vaginal itching မိန်းမကိုယ်ယားခြင်း
17. Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း
18. White Discharge အဖြူဆင်းခြင်း

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ