အပြေးလေ့ကျင့်ခြင်းထက် ကယ်လိုရီ နဲ့ အဆီ ပိုကျစေမယ့် လေ့ကျင့်ခန်းများ




ကိုယ်ခန္ဓာကိုယ် ကျစ်လစ်တောင့်တင်းစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်းဆိုတဲ့ Fitness လောက မှာ လူတိုင်း ယုံကြည်နေကြတာက အပြေးလေ့ကျင့်ခြင်းဟာ ကယ်လိုရီပေါင်းမြောက်များစွာကို လောင်ကျွမ်းစေနိုင်တယ်ဆိုတာပါပဲ။ ဟုတ်ပါတယ် တစ်ကယ်လည်း ကယ်လိုရီများစွာကို လောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် အကောင်းဆုံး တော့မဟုတ်ခဲ့ပါဘူး။ ကယ်လိုရီတွေ ၊ အဆီတွေများစွာ လောင်ကျွမ်းလိုသူများ ၊ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူများအနေနဲ့ အပြေးလေ့ကျင့်ခြင်းအပြင် အခြားလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေရှိပါတယ်။ အဲဒါတွေကတော့



၁။ ဒိုက်ထိုး ၊ ပြန်ထ ၊ လက်မြှောက်

ဒီလေ့ကျင့်ခန်းကိုတော့ Burpees လို့ခေါ်ပါတယ်။ အရင်ဆုံး လက် ၂ ဖက်နဲ့ ကြမ်းပြင်ကိုထောက်ပြီး ကုန်းကုန်းလေးထိုင်ရပါတယ်။ ပြီးရင် ခြေထောက်ကို အနောက်ဆန့်ပြီး ဒိုက်ထိုးရပါတယ်။ ပြီးရင် မူလပုံစံအတိုင်း ကုန်းကုန်းလေးပြန်ထိုင်ပြီး မတ်တပ်ပြန်ထာကာ လက်မြှောက်ပြီး ခုန်ရပါတယ်။ Burpee တစ်ခါ လေ့ကျင့်ခန်းလုပ်တိုင်း ၁.၄၃ ကယ်လိုရီ လောင်ကျွမ်းသွားစေပါတယ်။



၂။ သံလုံး ဆွဲရမ်းခြင်း

ဒီလေ့ကျင့်ခန်းမျိုးကို အိန္ဒိယ က Gym တွေမှာ လေ့ကျင့်ကြတာများပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ၀မ်းဗိုက်ကြွက်သား တွေ ၊ ပခုံး ကြွက်သား တွေနဲ့ ကျော ကြွက်သားတွေကို ကောင်းမွန်စေပြီး ထိုလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်မိနစ် ကို ကယ်လိုရီ ၂၀ လောင်ကျွမ်းစေနိုင်ပါတယ်။



၃။ ကြိုးခုန်ခြင်း

ကြိုးခုန်တာ မိန်းကလေးတွေပဲ လုပ်သင့်တဲ့ လေ့ကျင့်ခန်း မဟုတ်ပါဘူး။ ယောကျာင်္းလေးတွေနဲ့လည်း သင့်တော်ပါတယ်။ တစ်မိနစ်ကို အကြိမ် ၁၀၀ မှ ၁၂၀ ခန့် ကြိုးခုန်ခြင်းဖြင့် ၁ မိနစ်ကို ၁၂ ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပါတယ်။



၎။ ကြိုးဆွဲ ၊ အလေးမ

ထိုင်လျက်အနေအထားနဲ့ ကြိုးကိုဆွဲခြင်းဖြင့် အလေးမ ရတဲ့ လေ့ကျင့်ခန်းဟာ မိနစ် ၃၀ အတွင်း ကယ်လိုရီ ၄၀၀ ခန့်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ဒီလေ့ကျင့်ခန်းဟာလည်း နောက်ကျော ၊ ရင်ဘတ် ၊ ပခုံး နဲ့ ၀မ်းဗိုက်နေရာတွေက ကြွက်သားတွေကို သန်မာလာစေနိုင်ပါတယ်။



၅။ ကြိုးလှုပ်ခါခြင်း

ဒီလေ့ကျင့်ခန်းကတော့ လက်မောင်းကြွက်သားတွေသန်မာလာအောင် ဆော့ရတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ ဒီလေ့ကျင့်ခန်းဟာ လည်း တစ်မိနစ်ကို ကယ်လိုရီ ၁၀ ကနေ ၁၂ အထိ လောင်ကျွမ်းစေနိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MensXP

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ