တစ်နေ့ကို ၅ မိနစ်ခန့် တာတို ပြေးခြင်းဟာ ၄၅မိနစ်ပုံမှန်ကြိုးခုန်ခြင်းနဲ့ တူညီတဲ့ သက်ရောက်မှု ရှိ



တာဝေးပြေးခြင်းကို ခဏမေ့လိုက်ပါ တာတိုပဲ မိနစ်အနည်းငယ်ခန့် အပြေးလေ့ကျင့်ခြင်းဟာ လည်း တူညီတဲ့ ရလဒ်တွေကို ပေးစွမ်းနိုင်တယ်လို့ သုတေသီ တွေက အခိုငအမာဆိုလိုက်ပါတယ်။

သုတေသီတွေရှာဖွေတွေ့ရှိခဲ့တာကတော့ ၅ မိနစ် ၀န်းကျင်ခန့် တာတို အပြေးလေ့ကျင့်ခြင်းဟာ ၄၅ မိနစ်ခန့် ပုံမှန်ကြိုးခုန်သကဲ့သို့ပင် နှလုံးနဲ့ ၀မ်းတွင်းပိုင်းတွေမှာ ကျန်းမာရေး ကောင်းမွန်မှု ရရှိစေနိုင်တယ်ဆိုတာပါပဲ။ အဲဒီလို တာတို အပြေးလေ့ကျင့်ခြင်းဟာ ခါး တစ်ဝိုက်မှာ ရှိတဲ့ အဆီတွေကို လျော့နည်းသွားစေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်မှု ကို မြှင့်တင်ပေးနိုင်သလို သွေးထဲက သကြားဓါတ်ကို ဖယ်ရှားပေးမယ့် အင်ဆူလင်ဆိုတဲ့ ဟော်မုန်း ပမာဏကိုလည်း များလာစေနိုင်ပါတယ်။

ထိုလေ့လာမှုဟာ ကျန်းမာရေးကောင်းမွန်ပြီး လှုပ်ရှားမှုနည်းတဲ့ အသက် ၁၈ နှစ်ကနေ အသက် ၆၀ နှစ်ကြား လူဦးရေ ၉၀ ယောက်ကို ရိုးရာ အားကစားနည်း တွေ နဲ့ အဆင့်မြင့် လေ့ကျင့်ခန်းတွေကို ၁၀ ပတ်ခန့် ခွဲခြားပြုလုပ်စေခဲ့ပါတယ်။ အဆင့်မြင့်လေ့ကျင့်ခန်း လုပ်ရသူတွေကတော့ ၁၅ စက္ကန့်ပြေး ၄၅ စက္ကန့်ပြန်နားတဲ့စနစ်တဲ့ ၁၈ မိန်စခန့် ပြေးခဲ့ရပါတယ်။ စုစုပေါင်း ၄ မိနစ်နဲ့ ၃၀ စက္ကန့် ပြေးခဲ့ရပါတယ်။

အဲဒီလို မဟုတ်ရင်လည်း ၆၀ စက္ကန့်ပြေးပြီး ၂ မိနစ် ပြန်နားတဲ့ စနစ်နဲ့ ၂၅ မိနစ်ခန့် ပြေးစေခဲ့ပါတယ်။ စုစုပေါင်း ပြေးချိန် ၉ မိနစ် ရှိခဲ့ပါတယ်။ ထို ပြေးခဲ့ရသူအားလုံးဟာလည်း မှတ်တမ်းတင်ခြေရာခံ စမတ်နာရီ တွေ ၀တ်ဆင်ခဲ့ရပြီး သူတို့ရဲ့ အသက်အရွယ်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာကြည့်ခဲ့ရာမှာ ၉၀ ရာခိုင်နှုန်း ထပ်တူကျနေတာတွေ့ရပါတယ်။

ရိုးရာလေ့ကျင့်ခန်းအဖွဲ့ကတော့ စက်ဘီးစီးခြင်းကို မိနစ် ၃၀ ခန့် ပြုလုပ်ခဲ့ရပြီး ၁၀ ပတ်မှာ ၄၅ မိနစ်နှုန်း တစ်ပတ်ကို ၅ မိနစ် နှုန်းတွေနဲ့ လေ့ကျင့်ခဲ့ပါတယ်။ သူတို့ရဲ့ အသက်အရွယ်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာကြည့်ခဲ့ရာမှာတော့ ၇၀ ရာခိုင်နှုန်းသာ ထပ်တူကျနိုင်တာကိုတွေ့ခဲ့ရပါတယ်။ ထိုလေ့ကျင့်ပုံ ၂ မျိုးလုံးဟာ စောစော သေဆုံးခြင်းကို ဖြစ်စေနိုင်တဲ့ အောက်စီဂျင် လည်ပတ်မှုတွေမှာတော့ တိုးတက်လာစေနိုင်တာကိုတွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ