သက်လတ်ပိုင်းမှာ အကောင်းမြင်စိတ် ထားခြင်းဟာ အသက်ကြီးတဲ့အခါ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်




အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

အသက်အရွယ်ကြီးရင့်လာခြင်းကို အကြောပေးခြင်းလို့ ပဲ သတ်မှတ်ရှုမြင်ထားတဲ့ သက်လတ်ပိုင်း ပုဂ္ဂိုလ်တွေဟာလည်း ရူးသွပ်သွားခြင်းကဲ့သို့သော ဦးနှောက်ရဲ့ ပြောင်းလဲမှုတွေကို ဆယ်စုနှစ် အနည်းငယ်အကြာမှာ တွေ့မြင်လာရနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒါဟာ အတွေးအခေါ်တွေနဲ့ ကြောက်ရွံ့မှုတွေက ဖန်တီးပေးလိုက်တဲ့ စိတ်ဖီးစီးမှု တွေဟာ ဦးနှောက်ကို အချိန်ကြာလာတာနဲ့အမျှ စားသုံးပစ်လိုက်ကြပါတယ်။ အမေရိကန် သုတေသီတွေရဲ့ ပြောကြားချက်အရ ကျန်းမာတဲ့အစားအစာ တွေဟာ စိတ်ပိုင်းဆိုင်ရာ နုပျိုနေအောင် ထိန်းသိမ်းပေးထားနိုင်တယ်ဆိုပေမယ့်လည်း သုတေသီတွေကတော့ အကောင်းမြင်စိတ် ထားရှိခြင်းဟာ အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ ကောင်းကျိုးများစွာ ရရှိစေ တယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းထက် လွယ်ကူပြီး ဆေးဝါးတွေအားလုံးထက် ဈေးသက်သာ တဲ့ အကောင်းမြင်စိတ်ထားခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါ ရှင်သန်လာမှုကိုလည်း တားဆီးပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါသေးတယ်။ လက်ရှိ အယ်လ်ဇိုင်းမား ရောဂါသည်တွေအတွက် ထုတ်လုပ်နေတဲ့ ဆေးဝါးတွေဟာလည်း အရေအတွက် ကန့်သတ်မှု ရှိနေပြီး ကောင်းမွန်ပါတယ်ဆိုတဲ့ ကုသနည်းတွေဟာလည်း အကြိမ်ကြိမ် ရှုံ့ချခံခဲ့ရဖူးပါတယ်။

အမေရိကန် ပြည်ထောင်စု Yale တက္ကသိုလ်ရဲ့ ပြည့်သူကျန်းမာရေးကျောင်း က ဒေါက်တာ Levy ဟာ အမျိုးသားနဲ့ အမျိုးသမီး ၇၄ ယောက်ရဲ့ သက်လတ်ပိုင်းအရွယ်က စတင်ပြီး သေဆုံးချိန်အထိ ဒေတာ အချက်အလက်တွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။ အားလုံးဟာ အသက် ၅၀ နောက်ပိုင်းနဲ့ အသက် ၆၀ အစောပိုင်းတွေမှာ ကျန်းမာရေးကောင်းမွန်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

ပထမဆုံးတော့ သုတေသီတွေဟာ အစမ်းသပ်ခံသူတွေရဲ့ စာရိတ္တနဲ့ အသက်အရွယ်ကို ချိတ်ဆက်နိုင်မယ့် စစ်တမ်းကောက်ယူမှု ကို သတ်မှတ်ခဲ့ကြပါတယ်။ နှစ်၂၀ခန့်အကြာမှာတော့ သူတို့ဟာ ဦးနှောက်ရဲ့ အလိုလျောက် အာရုံခံ စနစ်ဖြစ်ပြီး ခံစားမှု တွေနဲ့ မှတ်ဥာဏ်တွေကို သိုလှောင်တဲ့ ဗဟိုနေရာ ဖြစ်တဲ့ Hippocampus ရဲ့ အရွယ်အစားကို Scan ဖတ်ကြည့်တဲ့အခါ အသက်ကြီးလာတနဲ့အမျှ hippocampus ရဲ့ အရွယ်အစားလည်း သေးငယ်လာတာကိုတွေ့ရပြန်ပါတယ်။

ဦးနှောက်ဟာ အသက်ကြီးလာတာနဲ့အမျှ ပုံမှန်အားဖြင့်သေးငယ်လာပေမယ့် ဆယ်စုနှစ် ၂ ခု မတိုင်မီက တွေးခဲ့ဖူးတဲ့ မကောင်းမြင် စိတ် တွေဟာ အသက်ကြီးလာတဲ့အခါ Hippocampus ရဲ့ အရွယ်အစားကို ၃ ဆ ပိုမို မြန်ဆန်စွာ သေးငယ်သွားစေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ် ကို သက်လတ်ပိုင်းကတည်းက တွေးခေါ်လာတဲ့အခါမှာ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ အယ်လ်ဇိုင်းမားအပါအ၀င် အခြား ဦးနှောက်ရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

ဒီလေ့လာမှုကိုတော့ Psychology and Aging ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ