တစ်နေ့ ၆နာရီနှုန်း မတ်တပ်ရပ်ပေးခြင်းက ခန္ဓာကိုယ်အဆီကို သုံးပုံတစ်ပုံ ကျစေနိုင်




တစ်နေ့ ကို အချိန်ကြာကြာထိုင်ခြင်းက သင့်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ အချိန်အတော်ကြာ မထဘဲထိုင်ခြင်းဟာ ဆေးလိပ်သောက်ခြင်းလိုပဲ သင့်သက်တမ်းရဲ့ နှစ်တော်တော်များများကို ဖဲ့ယူပစ်နိုင်ပါတယ်။

အခုအခါ တက္ကဆက်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ တစ်နေ့ ကို ခြောက်နာရီအထိ မတ်တပ်ရပ်ပေးခြင်းက ခနာကိုယ်အဆီပမာဏ သုံးပုံတစ်ပုံကို လျော့ချပေးနိုင်ကြောင်း တွေ့ ရှိခဲ့ပါတယ်။

တစ်နေ့ တာရဲ့ လေးပုံတစ်ပုံ၊ ခြောက်နာရီလောက်ကို အလုပ်သွားတဲ့ဘတ်စ်ကား ဒါမှမဟုတ် ရထားပေါ်၊ တီဗီရှေ့ နဲ့ သင့်အလုပ်စားပွဲရှေ့ တို့ မှာ မတ်တပ်ရပ်ပေးခြင်းက အ၀လွန်နိုင်ခြေကို ၃၂ ရာခိုင်နှုန်းတိတိ လျှော့ချပေးနိုင်ပါတယ်။

အမေရိကန်သုတေသနသိပ္ပံပညာရှင်တွေဟာ အရွယ်ရောက်ပြီးသူပေါင်း ၇၀၀၀ ကျော်ရဲ့ တစ်နေ့  မှာ မတ်တပ်ရပ်နေတတ်တဲ့အမူအကျင့်နဲ့ BMI (ခနာကိုယ်ထုထည်ညွှန်းကိန်း) ၊ ခနာကိုယ်အဆီရာခိုင်နှုန်း နဲ့  ခါးဆိုက်တို့ ကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

တွေ့ ရှိချက်အရ တစ်နေ့ ကို ခြောက်နာရီကြာလောက် မတ်တပ်ရပ်ပေးတတ်တဲ့အမျိုးသားတွေဟာ အ၀လွန် နိုင်ခြေ ၃၂ ရာခိုင်နှုန်းလျော့ကျသွားကြောင်း သိရှိခဲ့ရပါတယ်။ တစ်နေ့ တာရဲ့ တစ်ဝက် (၁၂နာရီ) လောက်ကို မတ်တပ်ရပ်ပေးသူတွေမှာ အ၀လွန်နိုင်ခြေ ၅၉ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။

ဒါပေမယ့် တစ်နေ့ တာရဲ့ အချိန် လေးပုံသုံးပုံကျော် မတ်တပ်ရပ်ပေးသူတွေကတော့ အ၀လွန်နိုင်ခြေနည်းတာနဲ့  ဆက်စပ်မှုမရှိတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။

အမျိုးသမီးတွေမှာဆိုရင်တော့ တစ်နေ့ တာအချိန်ရဲ့ လေးပုံတစ်ပုံ၊ တစ်ဝက် နဲ့  လေးပုံသုံးပုံ မတ်တပ်ရပ်ပေးခြင်းက ခါးအဆီကျဆင်းနိုင်ခြေ ၃၅ ရာခိုင်နှုန်း၊ ၄၇ ရာခိုင်နှုန်းနဲ့ ၅၇ ရာခိုင်နှုန်းတို့ အသီးသီးရှိပါတယ်။


မတ်တပ်ရပ်ပေးခြင်းအပြင် အပေါ့စားကိုယ်လက်လှုပ်ရှားမှုလေးတွေ မိနစ် ၁၅၀ လောက်ပါ ပြုလုပ်ပေးတာက အမျိုးသားကော အမျိးသမီးတွေမှာပါ အ၀လွန်နိုင်ခြေ၊ Metabolic Syndrome ခေါ် ခါးအဆီများခြင်း၊သွေးတိုးဆီးချို၊စတဲ့ ရောဂါလက္ခဏာစုရနိုင်ခြေ တွေ ပိုမိုကျဆင်းသွားကြောင်းကိုလည်း သုတေသနပညာရှင်တွေက လေ့လာတွေ့ ရှိခဲ့ရပါတယ်။ 

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ