တစ်နေ့ကို ၉နာရီလောက် လူမှုကွန်ရက်ကို ဝင်ကြည့်နေကြတဲ့ ဆယ်ကျော်သက်တွေ

အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက်တွေဟာ ကျောင်းချိန်၊ အိမ်စာလုပ်တဲ့ အချိန်တွင်ပြင်ပမှာ ဒစ်ဂျစ်တယ်မီဒီယာ ကြည့်ရှုသုံးစွဲတဲ့နှုန်းက ပျမ်းမျှအားဖြင့် တစ်နေ့ကို ၉နာရီလောက်ရှိတယ်လို့ဆိုပါတယ်။
Tween လို့ခေါ်တဲ့ အသက် ၈နှစ်နဲ့ ၁၂ နှစ်ကြား ကလေးငယ်တွေဟာ တစ်နေ့ကို ၆နာရီလောက်အသုံးပြုပြီး ဒစ်ဂျစ်တယ်မီဒီယာများ ကြည့်ရှုသုံးစွဲနေကြပြီး သူတို့ရဲ့ အစ်ကိုအစ်မတွေအသုံးပြုသလို အချိန်ပိုကြာကြာအသုံးပြုလာနိုင်ကြောင်း လေ့လာချက်အသစ်အရ သိရှိရကြောင်း Common Sense Media မှာဖော်ပြထားပါတယ်။
လူမျိုး၊ အတန်းနဲ့ ကျားမ ခွဲခြားသုံးစွဲတဲ့ မီဒီယာတွေပေါ်မှာ အခြေခံကာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ၀င်ငွေနည်းပါးတဲ့မိသားစုက ကလေးငယ်တွေနဲ့ ၀င်ငွေများတဲ့မိသားစုက ကလေးငယ်တွေအကြား ကွဲပြားခြားနားမှုကို သိသိသာသာတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

ဒစ်ဂျစ်တယ်မီဒီယာတွေဟာ လူတွေရဲ့နေထိုင်မှု ဘ၀မှာ ပိုမိုခြယ်လှယ်လာနေတဲ့အတွက် မိဘနဲ့ဆရာတွေအနေနဲ့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာနဲ့ တီဗီကြည့်ရှုတဲ့ အချိန်အတိုင်းအတာတွေကို ပိုပြီးဂရုစိုက်ဖို့ လိုလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။


အသက်၉နှစ်မှ ၁၄နှစ်အတွင်း ကလေးငယ်တွေရဲ့ ၆၂ရာခိုင်နှုန်းဟာ နေ့စဉ်တီဗီကြည့်လေ့ရှိပြီး ဆယ်ကျော်သက်တွေရဲ့ ၆၆ရာခိုင်းနှုန်းကတော့ နေ့စဉ် သီချင်းနားထောင်လေ့ရှိပါသတဲ့။ ဆယ်ကျော်သက်တွေရဲ့ တစ်ဝက်နီးပါးကတော့ Social Media သုံးစွဲကြပြီး ၄၅ ရာခိုင်နှုန်းကတော့ ဗီဒီယို ဒါမှမဟုတ် Audio မီဒီယာတွေကို သုံးစွဲနေကြတယ်လို့သိရပါတယ်။

( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ