သရဲကားကြည့်ခြင်းဟာ သွေးခဲမှု မြန်ဆန်စွာ ဖြစ်ပေါ်လာစေနိုင်



သရဲ ကားတွေ ကြည့်ရတာ ကြိုက်နှစ်သက်သူ တွေ ပြောလေ့ရှိတာက သူတို့ဟာ မမျှော်လင့်ထားတဲ့ ထိတ်လန့်မှု က တဆင့် သွေးကြောတွေလှုပ်ခါသွားမှု ကို သဘောကျတယ် လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီလို အထိတ်တလန့် ဖြစ်စေတဲ့ မြင်ကွင်းတွေဟာ သွေးလန့် မှုကို ဖြစ်စေနိုင်တာကို သတိပြုရပါမယ်။

နယ်သာလန် နိုင်ငံမှာရှိတဲ့ Leiden တက္ကသိုလ် ဆေးစင်တာ က သုတေသီတွေဟာ ဗောလန်တီယာ အဖွဲ့တစ်ဖွဲ့ ကို အသုံးပြုပြီး သရဲကားတွေရဲ့  ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။ ထို ဗောလန်တီယာ တွေကို ကြောက်ဖို့ ကောင်းတဲ့ သရဲကားတွေ ကြည့်စေပြီး သူတို့ရဲ့  သွေးအတွင်းက အေးခဲမှု ပမာဏ မြင့်တက်လာမှု ကို စောင့်ကြည့်ခဲ့ပါတယ်။

အဲဒီအခါမှာတော့ Freddy Krueger နဲ့ Saw ရုပ်ရှင်ကားတွေကို ကြည့်တဲ့အခါမှာ ကြည့်ရှုသူတွေရဲ့ သွေးကြောတွေဟာ စတင် အေးခဲလာတာကိုလည်း တွေ့  ခဲ့ရပါတယ်။ သုတေသီတွေဟာ အသက် ၃၀ အောက် ကျန်းမာရေးကောင်းတဲ့ ဗော်လန်တီယာ ၂၄ ယောက်ကို အဖွဲ့ ၂ ဖွဲ့ ခွဲပြီး စမ်းသပ်ခဲ့ပါတယ်။ ၁၄ ယောက်ကိုတော့ Insidious နဲ့ A year in Champagne ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကားတွေ ကြည့်စေခဲ့ပါတယ်။ ကျန်တဲ့ ၁၀ ယောက်ကိုတော့ ထို ရုပ်ရှင် ၂ ကားကိုပဲ တစ်ပတ် စီ ခွဲကြည့်စေခဲ့ပါတယ်။ အဲဒီနောက် သုတေသီတွေဟာ ရုပ်ရှင် မကြည့်ခင် ၁၅ မိနစ် နဲ့ ရုပ်ရှင်ကြည့်ပြီး ၁၅ မိနစ်တို့ ရဲ့ သွေးနမူနာတွေကို ရယူခဲ့ပါတယ်။

Insidious ဇာတ်ကား ကို ကြည့်ရှုတဲ့အခါမှာ ဗော်လန်တီယာ ၅၇ ရာခိုင်နှုန်း ဟာ သွေးခဲမှု ဖြစ်ပေါ်ခဲ့ပြီး မှတ်တမ်းရုပ်ရှင်ကားကတော့ ကြည့်ရှုသူ ၁၄ ရာခိုင်နှုန်းကို သာ သွေးလန့်မှု ဖြစ်ပေါ်စေခဲ့တာကိုလည်း တွေ့ ရပါတယ်။ သုတေသီတွေ ယုံကြည်ခဲ့တာကတော့ သွေးခဲမှု မြင့်တက်လာခြင်းဟာ ကြောက်ရွံ့ မှုတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုအနေနဲ့ခန္ဓာကိုယ်ရဲ့  ကြိုတင်ပြင်ဆင် တစ်ခုဖြစ်တယ်ဆိုတာပါပဲ။

"ငါတို့ သံသယရှိတာကတော့ ကြောက်လန့်ခြင်းဟာ သွေးခဲမှု ကို မြန်ဆန်စေနိုင်ပါတယ်" လို့ Nemeth Banne ဆိုသူ သုတေသီက ဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ