အသက်ကြီး မှ ကလေးမွေးတဲ့ အမျိုးသမီးတွေ အသက်ရှည်ရှည် နေရနိုင်ခြေ ပိုများ


လေ့လာမှုတစ်ခုမှာ အသက် ၃၃ နှစ်နောက်ပိုင်းမှ ကလေးမွေးတဲ့အမျိုးသမီးတွေဟာ အသက် ၉၀ ကျော် ဒါမှမဟုတ် အစောကြီးကလေးယူတာရပ်လိုက်တဲ့ အမျိုးသမီးတွေထက် အသက်ပိုရှည်ရှည်နေရနိုင်ခြေ နှစ်ဆ များနေတာကို တွေ့ ရှိခဲ့ရပါတယ်။

“ အမျိုးသမီးတွေနဲ့ ကိုယ်အသက်ရှည်နိုင်ခြေပိုများအောင်လို့ အသက်အရွယ်ရတဲ့အထိစောင့်ပြီး ကလေးယူဖို့  ဆိုလိုတာမဟုတ်ပါဘူး” လို့  လေ့လာမှုကို ပူးတွဲဦးဆောင်ခဲ့သူ၊ ဘောစတွန်တက္ကသိုလ်က ပရော်ဖက်ဆာ Thomas Perls က ပြောပါတယ်။

“ အသက်ကြီးတဲ့အချိန်မှာ သဘာဝအလျောက်ကိုယ်ဝန်ဆောင်၊မွေးဖွားနိုင်ခြင်းဟာ ဘာကိုညွှန်ပြသလဲဆိုတော့ ဒီ အမျိုးသမီးရဲ့ မျိုးပွားစနစ်က နှေးကွေးစွာပဲ ယိုယွင်းပျက်စီးနေတယ်ပေါ့။  ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေလည်း အလားတူပါပဲ”

ဘောစတွန်တက္ကသိုလ်ဆေးပညာဘာသာရပ်ဌာနက သုတေသနပညာရှင်တွေဟာ အမျိုးသမီးပေါင်း ၄၆၂ ဦးကို လေ့လာခဲ့ရာမှာ အသက် ၃၃ နှစ်နောက်ပိုင်းမှ ကလေးမွေးတဲ့အမျိုးသမီးတွေဟာ အသက် ၂၉ နှစ်အရွယ်မှာ နောက်ဆုံးကလေးယူခဲ့တဲ့အမျိုးသမီးတွေနဲ့ ယှဉ်ရင် အသက် ၉၀ ကျော်အထိ နေရနိုင်ခြေပိုများနေတာကို တွေ့ ရှိခဲ့ရပါတယ်။

Menopause ဂျာနယ်မှာဖော်ပြခဲ့တဲ့အဆိုပါလေ့လာမှုဟာ အသက်နှောင်းပိုင်းမှာကိုယ်ဝန်ဆောင်၊မွေးဖွားနိုင် ခြင်းနဲ့ အသက်ရှည်ရှည်နေရနိုင်ခြေတို့ အကြား ဆက်စပ်မှုအကြောင်းတရားကို အဖြေမထုတ်နိုင်ခဲ့ပေမယ့် အသက်အရွယ်နှောင်းပိုင်းမှာ သဘာဝအလျောက်ကိုယ်ဝန်ရစေနိုင်တဲ့ မျိုးရိုးဗီဇမူကွဲ နဲ့  အသက်ရှည်မှုတို့ ဟာ ဆက်နွယ်နေလို့ ဖြစ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Time

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ