ဒဏ်ရာတွေကို ဆေးကြောသန့်စင်ဖို့ ရေနဲ့ဆပ်ပြာထက် ဆားပျော်ရည်က ပိုမိုသင့်တော်


ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရာမှာလည်း သန့်ရှင်းရေးအတွက်ဆပ်ပြာနဲ့ရေကို အိမ်တွေမှာလိုပဲ အဓိကအသုံးများဆုံး စံနည်းစနစ်အဖြစ် သတ်မှတ်ထားကြပေမယ့် ဒဏ်ရာတွေကို ဆေးကြောသန့်စင်ဖို့ဆိုရင် ဆားပျော်ရည်က ပိုမိုထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ သုတေသီတွေက လေ့လာမှုအသစ်အရ ထုတ်ဖော်ကြေညာထားပါတယ်။

McMaster University က သုတေသီတွေက စုတ်ပြဲဒဏ်ရာတွေကို ဆေးကြောသန့်စင်မယ်ဆိုရင် ဖိအားနည်းတဲ့ ရေဟာ ပိုပြီးအကျိုး သက်ရောက် မှုရှိတဲ့အပြင် ခွဲစိတ်ကုသမှုတွေ ပြီးတဲ့အခါမှာလည်း ကူးစက်ရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်ကာ ရေနဲ့ဆပ်ပြာသုံးစွဲမှုထက်ပိုပြီး ကုန်ကျစရိတ်သက်သာတာကို တွေ့ရပါသတဲ့။

“ပြင်းထန်တဲ့ ဒဏ်ရာတွေ၊ အရိုးကျိုးကြေတာတွေမှာ ရှိတဲ့ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေဖို့အတွက် ဒါဟာအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒဏ်ရာအားလုံးဟာ သေချာစင်ကြယ်အောင် ဆေးကြောသန့်စင်ဖို့ လိုအပ်တာဖြစ်ပေမယ့် ဆပ်ပြာသုံးစွဲပြီး သန့်စင်ဆေးကြောတာဟာ ရေနဲ့ဆေးကြောတာလောက်တောင် မသန့်ရှင်းဘူးဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ် “ လို့ McMaster University က ခွဲစိတ်အထူးပါမောက္ခ Dr. Mohit Bhandari က ဆိုပါတယ်။

ဆားပျော်ရည်ဟာ ဆပ်ပြာထက် ပိုမိုကောင်းမွန်တဲ့ အနာသန့်စင်ဆေးရည်ဖြစ်ပြီး ဆားပျော်ရည် သုံးစွဲသန့်စင်တဲ့ လူနာဦးရေ ၁၁.၆% ထက် ဆပ်ပြာသုံးစွဲသန့်စင်တဲ့ လူနာဦးရေ ၁၄.၈% ဟာ ပြန်လည်ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ