လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာခဲ့ပါက လူသားတို့အနေဖြင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်အလက်များကို သုတေသီများက ထုတ်ပြန်


အမေရိကန်သုတေသီများက လေထုညစ်ညမ်းမှုဖြင့် ရင်ဆိုင်လာခဲ့ရပါက လူသားတို့အနေဖြင့် မိမိတို့၏ ကျန်းမာရေး အတွက် လိုက်နာလုပ်ဆောင်သင့်သည့် အချက်အလက်များကို ဧပြီလ(၉) ရက်နေ့က ထုတ်ပြန်သွားခဲ့ကြောင်း HealthDay News သတင်းဌာနက ရေးသားဖော်ပြသွားခဲ့သည်။ ညစ်ညမ်းသော လေထုကို ရှုရှိုက်မိပါက လူသားတို့၏ ဦးနှောက်ပိုင်းဆိုင်ရာ၊ နှလုံးဆိုင်ရာနှင့် အဆုပ်ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ်စေသည့် အတွက်ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကလည်း သတိပေးချက်များ မကြာခဏ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် လေထုညစ်ညမ်းသော အခြေအနေမျိုးဖြင့် ရင်ဆိုင်ခဲ့ရပါက လိုက်နာ ဆောင်ရွက်သင့်သည့် ရှောင်ရန်ဆောင်ရန်များကို သုတေသီများက ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ဆောင်ရန်/ရှောင်ရန် အချက်အလက်များမှာ -
၁) လေထုသန့်စင်မှု ပမာဏမှာ သတ်မှတ်ပမာဏထက် လျော့နည်းနေကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ပါက လေတိုက်နှုန်းကို သတိပြုပါ။ လေတိုက်နှုန်းသည် အချိန်နှင့်အမျှ အပြောင်းအလဲ ဖြစ်ပေါ် လျက်ရှိပါသည်။ မိမိတို့ နေအိမ်လားရာကို တိုက်ခတ်လာခဲ့ပါက အိမ် ပြတင်းတံခါးများ၊ တံခါးများအား ချက်ချင်းပိတ်ပါ။ Exhaust Fan များတပ်ဆင်ပါ။ Exhaust Fan များကို အဆက်မပြတ်ဖွင့်ထားပါ။
၂) နွေရာသီကာလတွင် အပူချိန်မြင့်မားသည့် အတွက်ကြောင့် အပူချိန်မြင့်မားပြီး လေထုညစ်ညမ်းမှုသည် မော်တ်ေကားများ၊ စက်ရုံများမှ တစ်ဆင့် လေထုညစ်ညမ်းမှု အများဆုံး ဖြစ်ပေါ်လေ့ရှိသည်။ နွေရာသီ ကာလတွင် လေထုညစ်ညမ်းမှုသည် မွန်းလဲပိုင်းတွင် အများဆုံး ဖြစ်ပေါ်တတ်ပါသည်။ ထိုအချိန်တွင် အပြင်သို့ သွားလာလှုပ်ရှားခြင်းကို ရှောင်ရှားပါ။ ညနေပိုင်းတွင်းလည်း အားအင် ကုန်ခမ်းစေသည့် လေ့ကျင့်များ ပြုလုပ်ခြင်းကို ရှောင်ရှားပါ။ နံနက်မိုးလင်းချိန်၌ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အသင့်တော်ဆုံး ဖြစ်ပါသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ