နေ့စဉ် အစားအစာတွေထဲမှာ သံပုရာသီးကို ထည့်သွင်းစားသုံးနိုင်စေမယ့် နည်းလမ်း ၅သွယ်



သံပုရာသီးဟာ အလွန်အသုံးဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့ကို ချက်ပြုတ်ရာမှာ သုံးနိုင်သလို သူ့ချည်းပဲလည်း သုံးစွဲနိုင်တာကြောင့်ဖြစ်ပါတယ်။ မုန့်ဖုတ်တဲ့အခါတွေမှာလည်း သူ့ရဲ့အနံ့နဲ့အရသာကြောင့် နာမည်ကြီးတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီကတည်းက အမျိုးမျိုးသုံးစွဲခဲ့ကြပါတယ်။


သံပုရာသီးမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေအများကြီး ပါဝင်သလို ဗီတာမင် စီကတော့ အဓိကအများဆုံးပါဝင်ပါတယ်။ ပြီးတော့ အမျှင်ဓါတ်တွေ၊ ကော့ပါးနဲ့ ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ ဖျားနာခြင်းတွေအတွက်လည်း သဘာဝဆေးစွမ်းကောင်း တစ်လက်ပဲဖြစ်ပါတယ်။ ဒီမှာတော့ နေ့စဉ်အစားအသောက်တွေထဲမှာ သံပုရာသီးကို ဘယ်လိုထည့်သွင်းစားသောက်နိုင်မလဲ ဆိုတာကို ဖော်ပြပေးထားပါတယ်…


အဆိပ်အတောက်ဖြည်ဆေး အဖြစ် အသုံးပြုနိုင်ခြင်း


သံပုရာသီးဟာ အူနဲ့အတွင်းကလီစာတွေကို ဆေးကြောသန့်စင်ပေးရာမှာ အလွန်အသုံးဝင်တာကို သိပါသလား? အူသိမ်ပိုင်းမှာ ရှိတဲ့အညစ်အကြေးတွေကို အကောင်းဆုံး သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် ကြိုက်နှစ်သက်ရာ လက်ဘက်ရည်ကြမ်းထဲမှာ ပါးပါးလေးတွေလှီးပြီး မိနစ် ၂၀လောက် စိမ်ထားပြီး သောက်နိုင်သလို အဆိပ်အတောက်ဖယ်ရှားပေးတဲ့ Detox Drink အဖြစ်လည်း သောက်သုံးနိုင်ပါတယ်။


ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်း


သံပုရာသီးဟာ ကိုယ်အလေးချိန် လျော့ကျစေတယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ သံပုရာရည်ကို သောက်သုံးခြင်းဖြင့် အမျှင်ဓါတ်တွေ ရရှိစေပြီး ကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုကိုလည်း ပိုမိုအားကောင်းစေပါတယ်။ စိတ်လက်ရွင်လန်းအောင် သောက်သုံးနိုင်သလို နွေရာသီအတွက် အကောင်းဆုံး ဖျော်ရည်လည်း ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်သုပ် များဖြင့် တွဲဖက်စားသုံးနိုင်ခြင်း



အကြိုက်နှစ်သက်ဆုံး ဟင်းသီးဟင်းရွက်သုပ်ပေါ်မှာ သံပုရာရည်လေးစမ်းပြီး စားရတာ အရသာ ရှိလှပါတယ်။ ။ သံပုရာရည်က ဟင်းသီးဟင်းရွက်တော်တော်များများနဲ့ လိုက်ဖက်တဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ တွဲဖက်စားသုံးပါက မူလဟင်းသီးဟင်းရွက်အရသာကို ပိုမိုပေါ်လွင်စေပါသတဲ့။


မုန့်ဖုတ်ရာမှာ ထည့်သွင်းအသုံးပြုခြင်း

မုန့်ဖုတ်ရာမှာပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသလို သရေစာအဖြစ်လည်း အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါတယ်။ သံပုရာအနံ့အရသာနဲ့ ပြုလုပ်ထားတဲ့ သရေစာတွေဟာ ချိုချိုချဉ်ချဉ်အရသာရှိတာမို့ ကြိုက်နှစ်သက်သူများပြားလှပါတယ်။

Ref : healthydietbase

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ