ကမ္ဘာ့ကျန်းမာရေးနေ့ တွင် Let’s Talk လှုပ်ရှားမှု ဆောင်ရွက်မည်


ကမ္ဘာတစ်ဝန်းတွင် စိတ်ကျဝေဒနာခံစားရပြီး နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေဖြင့် ဖျားနာသူ များ၊ ထိုမှတစ်ဆင့် သာမန်လူကဲ့သို့ လှုပ်ရှားသွားလာနိုင်ခြင်းမရှိတော့ဘဲ မသန်မစွမ်းဖြစ်လာသူများ ဦး ရေမှာ ၁၀ နှစ်အတွင်း ၁၈ ရာခိုင်နှုန်းတိုးလာသည့်အတွက် ၂၀၁၇ ဧပြီ (၇) တွင်ကျရောက်သည့် ကမ္ဘာ့ ကျန်းမာရေးနေ့ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က စိတ်ကျဝေဒနာခံစားနေရသူများကို အားပေး နှစ် သိမ့် စကားပြောပေးသည့် Let’s Talk လှုပ်ရှားမှုအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၁၀ နှစ်တာကာလ၌ ကမ္ဘာတစ်ဝန်းတွင် ဖျားနာသူများ၊ မသန်မစွမ်း ဖြစ်သူများ ဦးရေမှာ ၁၈ ရာခိုင်နှုန်းတိုးခဲ့ရာ ထိုသို့ ဖြစ်ရသည့်အဓိကအကြောင်းရင်းမှာ စိတ်ကျဝေဒနာ ဖြစ်သည်ကိုတွေ့ ရှိရပြီး နောက်ဆုံးကောက်ခံရရှိခဲ့သည့်ကိန်းဂဏန်းများအရ စိတ်ကျဝေဒနာခံစားနေရ သူဦးရေမှာ ကမ္ဘာတစ်ဝန်းတွင် သန်း ၃၀၀ ထက် မနည်း ရှိနေကြောင်း၊ ၄င်းဝေဒနာရှင်များအနက် အချို့  မှာ ဆေးဝါးဖြင့်စောင့်ရှောက်ပေးမှုလိုအပ်နေခြင်းဖြစ်သော်လည်း အများစုမှာ အားပေးနှစ်သိမ့်စကားပြော ပေးကာ နွေးထွေးမှုပေးမည့်သူများကိုသာ လိုအပ်နေခြင်းဖြစ်သည်ကို လေ့လာတွေ့ ရှိရကြောင်း ဂျီနီဗာ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ စိတ်ကျန်းမာရေးဌာန ဒါရိုက်တာ ဒေါက်တာ Shekha Saxena က ပြောသည်။ ကမ္ဘာတစ်ဝန်းမှာ စိတ်ကျဝေဒနာကို အပြည့်အ၀ဂရုစိုက်ကုသပေးတဲ့နိုင်ငံဆိုလို့  မရှိသလောက်ဖြစ်နေပါ တယ်။

စိတ်ကျန်းမာရေးချို့ တဲ့နေသူတွေက သူတို့ ကိုသူတို့  စိတ်ညစ်တယ်၊ စိတ်ဓါတ်ပျော့ညံ့တယ်လို့ ပဲ ထင်ကြပါတယ်။ ကိုယ်ကိုယ်တိုင် စိတ်ကျဝေဒနာခံစားနေရတာကို မသိကြပါဘူး။ ဘေးလူတွေကလည်း အားမလိုအားမရဖြစ်ကြပြီး ရေနှစ်သူကိုဝါးကူထိုးသည့်နှယ် စကားလုံး၊အမုန်း၊အမူအယာ အစရှိတာတွေနဲ့  တိုက်ခိုက်ကြပါတယ်။ အဲဒီအတွက် စိတ်ကျန်းမာရေးချို့ တဲ့နေသူတွေမှာ ရောဂါမျိုးစုံဝင်လာတဲ့အပြင် သာမန်လူလိုလဲ မလှုပ်ရှားနိုင်တော့ဘဲ မသန်စွမ်းသူဘ၀ကို ရောက်လာလေ့ရှိပါတယ်ဟု Saxena က ဆက်လက်ပြောပြသည်။ စိတ်ကျန်းမာရေးချို့ တဲ့နေသူများအား အားပေးနှစ်သိမ့်စကားများပြောပေးရန် အလွန်အရေးကြီးကြောင်းနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် Let’s Talk လှုပ်ရှားမှုကို ဧပြီ ၇ တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ