ဆားစားသုံးမှုနှင့် ညအချိန်အပေါ့သွားရသည့်အကြိမ်ရေ ဆက်နွယ်နေ


ညအချိန် အပေါ့မကြာခဏထသွားရသူများသည် ဆားကိုလျှော့စားပေးခြင်းဖြင့် အိပ်ရေးမကြာခဏပျက် ရသည့် ပင်ပန်းဆင်းရဲမှုမှ သက်သာရရနိုင်ကြောင်း ဂျပန်နိုင်ငံ၊ Nagasaki တက္ကသိုလ်မှ သုတေသီများက ဆိုသည်။ ဆားစားသုံးမှုနှင့် ညအချိန်အပေါ့သွားရန်လိုအပ်မှုတို့  ဆက်နွယ်နေသည်ကိုတွေ့ ရကြောင်း၊ အသက် ၆၀ ကျော်လွန်သူများတွင် ညအပေါ့ထသွားရကြိမ် များလာလျင် ဆက်လက် အိပ်မပျော်နိုင်တော့ သည့် ကျန်းမာ ရေးပြဿနာ ဖြစ်လာနိုင်ကြောင်း၊ ညအချိန် မကြာခဏအပေါ့သွားရသည်မှာ တစ်ကယ်တမ်းတွင် Nocturia ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

 ဂျပန်သုတေသီများက လူ ၃၀၀ ဦးထက်မနည်းအား အခြေပြုကာ ၃-လ ကြာအောင် စောင့်ကြည့်လေ့လာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ဆားလျှော့စားလျင် nocturia ဖြစ်စဉ်လည်း လျော့နည်းသွားသည်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နေ့ တာအစားအစာတွင် အငန်ဓါတ်များနေလျင် ညအချိန်တွင်လည်း တစ်ဆက်တည်း နှစ်ခြိုက်စွာအိပ်စက်နိုင်တော့မည်မဟုတ်ဘဲ မကြာခဏဆီးသွားရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ညတရေးနိုးတပိုတပါးသွားပြီးလျင်လည်း ဆက်လက်အိပ်ပျော်နိုင်လေ့ရှိကြောင်း၊ သို့ သော် သက်ကြီးများ တွင် တစ်ကြိမ်နိုးပြီးလျင် ပြန်အိပ်ပျော်ရ ခက်သူများရှိကြောင်း သိရသည်။

 လူပေါင်း ၃၀၀ ကို ၃ လထက်မနည်း စောင့်ကြည့်လေ့လာတဲ့အခါ ဆားလျှော့စားပေးလာတာနဲ့ အမျှ ညအချိန် အပေါ့သွားဖို့  ၂ ကြိမ် ထရတာကနေ ၁ ကြိမ် အထိ လျော့ကျလာတာကိုတွေ့ ရပါတယ်။ ညအချိန် တင်မကပါဘူး။ နေ့ အချိန်မှာလည်း ဆီးခဏခဏထသွားရတဲ့ပြဿနာ လျော့နည်းသွားပြီး ဘ၀အရည်အသွေးတွေ ပိုမိုကောင်းမွန်လာတဲ့အကျိုးကျေးဇူးကို ခံစားရရှိတာ တွေ့ ရပါတယ်ဟု Nagasaki တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Marcus Drake က ပြောပြသည်။

လူတွေခံစားနေရတဲ့ဝေဒနာအများစုဟာ အစားမထိန်းလို့ ၊အရသာကိုမဆင်ခြင်လို့  ဖြစ်ပါတယ်။ ဆားကို လျော့စားလိုက်တာနဲ့ ခဏခဏဆီးသွားရတဲ့ပြဿနာ သက်သာတယ်ဆိုရင် အခြားသော အရသာဓါတ် တွေကိုလည်း လျော့စားပေးခြင်းဖြင့် အခြားသောကျန်းမာရေးကဏ္ဍတွေမှာလည်း အကျိုးထူးလာနိုင်မယ် ဆိုတာကို ဂရုပြုသိရှိမိဖို့  လိုအပ်ပါတယ်။ တကယ်တော့ ညအချိန် ဆီးခဏခဏသွားတယ်ဆိုတာ အများ ထင်သလို အိပ်ခါနီး ရေများမျာသောက်မိလို့ ၊ ဒါမှမဟုတ် ဆီးအိတ်ကြွက်သားတွေ လျော့နေလို့ ၊ ဒါမှ မဟုတ် သုက်ရည်ဂလင်းပြဿနာတွေရှိလို့  ဆိုတာ ရာနှုန်းပြည့် မမှန်ပါဘူး။ ဆားကိုသာ လျှော့စားကြည့် ပါ ဟု ၄င်းက ဆက်လက်ပြောပြသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ