လူလုပ်သွေးနီဥဖြင့် သွေးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည်


ကမ္ဘာတစ်ဝန်း၌ သွေးလိုအပ်ချက်ကြီးမားစွာဖြစ်ပွားနေပြီး သွေးလှူရှင်နှင့်သွေးလိုအပ်သူလူနာအချိုးအစား မမျှတမှုကို ဖြည့်ဆည်းပေးနိုင်ရန် သွေးနီဥကို လိုအပ်သလောက် ထုတ်လုပ်နိုင်မည့်နည်းကို စမ်းသပ် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ Bristol တက္ကသိုလ်နှင့် အမျိုးသားကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်း တို့ မှ ပူးပေါင်းသိပ္ပံပညာရှင်များအဖွဲ့ က ထုတ်ပြန်ကြေညာသည်။

သွေးနီဥကို အရင်ကတည်းကလည်း ဓါတ်ခွဲခန်းထဲမှာ ထုတ်လုပ်နိုင်ခဲ့ပြီးသားပါ။ ဒါပေမယ့် အရေအတွက် လိုအပ်သလောက်မထုတ်နိုင်ခဲ့ပါဘူး။ အခု လတ်တလောစမ်းသပ်မှုတွေအရ သွေးနီဥကို အကန့် အသတ် မရှိ၊ လိုအပ်ရင်လိုအပ်သလို ထုတ်လုပ်နိုင်မယ့်နည်းစနစ်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေ ကို ထုတ်လုပ်ပေးတဲ့ ပင်စည်ဆဲလ်တွေကိုအသုံးပြုပြီး သွေးနီဥဆဲလ်တွေထပ်ထုတ်တာက နည်းလမ်း ဟောင်းဖြစ်ပါတယ်။ အားနည်းချက်က ပင်စည်ဆဲလ်တွေ လောင်ကျွမ်းသေဆုံးခြင်း ဖြစ်ပါတယ်။ အဲဒီလို လောင်ကျွမ်းသေဆုံးချိန်မှာ ပင်စည်ဆဲလ်တစ်ခုစီက သွေးနီဥဆဲလ် ၅၀၀၀၀ ခန့် ကိုသာ ထုတ်လုပ်ပေး ပါတယ်။ ဒါဟာ သွေးလိုအပ်ချက်ကို ဘယ်လိုနည်းနဲ့ မှ မဖြည့်ဆည်းပေးနိုင်ပါဘူး။ နည်းလမ်းသစ်မှာ ပင်စည်ဆဲလ်တွေကို လောင်ကျွမ်းကုန်ခမ်းသွားတဲ့အဆင့်အထိ အရောက်မခံဘဲ ထိန်းထားလိုက်ပါတယ်။ အဲဒီတော့ ပင်စည်ဆဲလ်တွေကလည်း အကန့် အသတ်မရှိ ပွားများပြီး သွေးနီဥတွေကိုလည်း အကန့်  အသတ်မရှိ ထုတ်လုပ်ပါတော့တယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

သို့ သော် သုတေသီများ၌ သွေးနီဥအကန့် အသတ်မရှိထုတ်လုပ်နိုင်မည့် ဇီဝနည်းစနစ်သာ ရှိနေခြင်း ဖြစ်ပြီး လိုအပ်သည့်သွေးအမြောက်အများရရှိအောင် မည်ကဲ့သို့ ထုတ်လုပ်ရမည်ဟူသည့် ထုတ်လုပ်မှု နည်းပညာကို စူးစမ်းလေ့လာရန် လိုအပ်နေသေးကြောင်း၊ ထို့ ကြောင့် လူလုပ်သွေးထုတ်လုပ်မှုကို ချက်ခြင်းဆောင်ရွက်နိုင်ဦးမည် မဟုတ်ကြောင်း၊ သွေးတစ်အိတ်တွင်ပင်လျင် သွေးနီဥဆဲလ်မှ တစ်
ထရီလီယံထက်မနည်း ပါရှိကြောင်း၊ ထို့ ကြောင့် ဇီဝအင်ဂျင်နီယာနည်းပညာလောက၌ ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။ ထို့ အပြင် ကုန်ကျစရိတ်အားဖြင့်လည်း သက်သာမည် မဟုတ်ကြောင်း၊ ဖော်ပြပါလူလုပ်သွေးအတုကို အလှူရှင်များမှရရှိသည့်သွေးထက် အဆများစွာပိုပေးကာ ၀ယ်ယူရမည် ဖြစ်ကြောင်း၊ ထို့ ကြောင့် အလွန်ရှားပါးပြီး အလှူရှင်လည်း အလွယ်တကူမရနိုင်သည့် သွေးအမျိုးအစား ပိုင်ရှင်များအတွက်သာ အဓိကထား ထုတ်လုပ်သွား ဦးမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ