ရေဓာတ် ခန်းခြောက်ခြင်း မဖြစ်ရအောင်မရှိမဖြစ်ရေ


ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံသောအလေးချိန်က ရေဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ပေါင် ၁ဝဝ ရှိသော လူတစ်ယောက်မှာ ရေရဲ့အလေးချိန်က ၆၅ ပေါင် ပါရှိနေပါ တယ်။ သွေးထဲမှာ အရည်ဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နဲ့ ကြွက်သားတို့မှာ အရည်ဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အရိုးထဲမှာ ရေဓာတ် ၂၂ ရာခိုင်နှုန်းပါရှိ ပါတယ်။ ပျမ်းမျှအားဖြင့် လူသားတစ်ဦးနှစ် ၈ဝ ခန့် သက်တမ်းကာလအတွင်းမှာ ရေ ၇၅ဝဝဝ လီတာမျှ သောက်သုံးခဲ့ပါတယ်။ ရေတွေက ကမ္ဘာကြီးရဲ့ အပူချိန်ကို ထိန်းညှိေ ပးနိုင်သလို လူတွေရဲ့ခန္ဓာကိုယ်ကို လည်း အပူချိန်မျှတအောင် ထိန်းပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အာဟာရ ပစ္စည်းတွေ၊ အောက် ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဟော်မုန်းများ၊ အညစ်အကြေးများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးသူကလည်း ''ရေ''ပဲ ဖြစ်ပါတယ်။

ရေရဲ့ အခြားလုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာတဲ့အစားအစာတွေကို ခွန်အားအဖြစ် ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း၊ အသက်ရှူခြင်းကို အထောက်အပံ့ဖြစ်စေခြင်း၊ အရိုး အဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း၊ ခန္ဓာကိုယ်တွင်းဆဲလ်များကို အောက်ဆီဂျင် မပြတ်လပ် အောင်ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်းစေခြင်း၊ ခေါင်းကိုက်သက် သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေ ပျောက်စေကာ စိတ်ကြည်လင်လန်းဆန်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေအလားအလာကို လျော့ပါးသွားစေခြင်း၊ အမောအပန်းခံနိုင်ပြီး လေ့ကျင့်ခန်းကြာကြာလုပ်နိုင်လာခြင်း၊ အသားအရေကောင်းပြီး အရွယ်တင်နုပျိုစေ ခြင်း၊ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါတို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြု တာကြောင့် ' ရေ'ဟာ လူသားတို့အတွက် မရှိမဖြစ်ပါ။

ရေဓာတ် ဆုံးရှုံးရခြင်း

အသက်ရှူထုတ်လိုက်တဲ့အခါမှာ ရေငွေ့ပုံစံဖြင့်သော်လည်းကောင်း၊ ချွေး၊ ဆီး နှင့် မစင်တို့တွင် ပါဝင်သော ရေပုံစံမျိုးဖြင့် လူ၏ခန္ဓာကိုယ်မှ နေ့စဉ် ရေဓာတ်ဆုံးရှုံးသွားပါ တယ်။ ရေဓာတ်နှင့်အတူ ခန္ဓာကိုယ်၏ ဆား ဓာတ်အနည်းငယ်လည်း ဆုံးရှုံးသွားပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှတစ်နေ့တာ အတွင်း ရေ ၂ ဒသမ ၆ လီတာ ခန့် ဆုံးရှုံးနေပါတယ်၊ ၎င်းတို့မှာ ဝမ်းမှ သုည ဒသမ ၂ လီတာ၊ အသက်ရှူ လမ်း ကြောင်းမှ သုည ဒသမ ၃ လီတာ၊ အရေပြားချွေး ထွက်ခြင်းမှ သုည ဒသမ ၆ လီတာ၊ ဆီးမှ ၁ ဒသမ ၅ လီတာပမာဏရှိတဲ့ ရေဓာတ်တွေ နေ့စဉ်ထွက်ရှိနေလို့ပါပဲ၊ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေပမာ ဏဟာ ၁ ရာခိုင်နှုန်း လျော့သွားတာနဲ့တစ်ပြိုင်နက်တည်း ရေသောက်ချင်စိတ် (ရေငတ်ခြင်း)ဖြစ်လာပါတော့ တယ်။ ဒါကြောင့် လူတို့ အစာမစားရဘဲ တစ်လအထိ အသက်ရှင်နိုင်သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ခုနစ်ရက်)ထက်ပို၍ အသက်မရှင်နိုင်ကြပါဘူး။ (ရေလိုအပ်နေသူတစ်ဦး ရေမရလျှင်ချက်ချင်း သေနိုင်ပါတယ်။)

ရေဓာတ်ခန်းခြောက်ခြင်းကို ဖော်ပြနေတဲ့ လက္ခဏာများ

ရေဓာတ်အလွန်များပြားစွာ ဆုံးရှုံးသွားချိန်မှာ ခန္ဓာကိုယ်က ထိန်းညှိနိုင်မှုမရှိတော့ခြင်း သို့မဟုတ် ရေဓာတ် ခန်းခြောက်လာခြင်းကို ဖြစ်စေပါတယ်။ အသေးစား ရေဓာတ် ခန်းခြောက်မှုမှ ပြင်းထန်သော ရေဓာတ်ခန်း ခြောက်မှုအထိ ရောဂါလက္ခဏာများတွင် ရေဆာလောင်မှု ပိုမိုဆိုးလာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်းနှင့် လျှာ ရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏလျော့နည်းခြင်းတို့ဖြစ်စေပါတယ်။ ရေဓာတ်ခန်းခြောက်မှုနှင့် ကြုံနေရသူအနေနဲ့ တစ်ရက်ထက် ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁ဝ၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက် ကျော်လွန်သည်အထိ ဝမ်းလျှောခြင်း၊ ကိုယ် အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်းတို့

ကြုံရပါက ဆရာဝန်နဲ့ ပြပါ။ အကယ်၍ ကိုယ်အပူချိန် ၁ဝ၃ ဒီဂရီဖာရင်ဟိုက်ထက်ပို၍ ဖျားနေရင် ခေါင်းကိုက် ခြင်း၊ တက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပြီးခဲ့တဲ့ ၁၂ နာရီ အတွင်း ဆီးမသွားခြင်းကဲ့သို့ ပြဿနာများ ကြုံတွေ့ ပါက ၎င်းလူနာကို အရေးပေါ်ဌာနသို့ ပို့ပေးပါ။

အောက်ပါ လက္ခဏာကြီး (၃)ရပ်က ရေဓာတ်ခန်း ခြောက်ခြင်းကို ထင်သာမြင်သာသိစေနိုင်ပါတယ်၊

(၁) ခေါင်းကိုက်ခြင်း

ရေဓာတ်ခန်းခြောက်ခြင်းနဲ့အတူ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ဆားဓာတ်များလည်း ဆုံးရှုံးသွားပါ တယ်။ အဲဒီအငန်ဓာတ်တွေဆုံးရှုံးခြင်းက သွေးထဲက ဓာတုပစ္စည်းဖွဲ့စည်းမှုကို ကမောက်ကမဖြစ်စေပြီး ခေါင်း ကိုက်ခြင်းကို ဖြစ်လာစေပါတော့တယ်။ ရေဓာတ်ခန်းခြောက်လာလေလေ သွေးဖိအားကျဆင်းပြီး ဦးနှောက် သို့ အောက်ဆီဂျင်ရောက်ရှိမှု နည်းလာလေလေ ဖြစ်တာကြောင့် ''ရေဓာတ်ခန်းခြောက်ခြင်းအစ ခေါင်းကိုက် ခြင်းက'' လို့ သတိရှိပါလေ။

(၂) ဆီးအဝါရောင်သွားခြင်း

အရိုးရှင်းဆုံးနှင့် အလွယ်ဆုံးပြောရရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိတဲ့အခါ စွန့်ပစ် အရည်ပ စ္စည်းများဟာ လွယ်လွယ်ကူကူ ထွက်ရှိလာပါတယ်။ အ ကယ်၍ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်သွားတဲ့ အခါမှာတော့ ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ အဖန်တလဲလဲ ခက်ခက်ခဲခဲ ချက်လုပ်ရ ခြင်းကြောင့် ဆီးကဲ့သို့သော စွန့်ပစ်အရည်ဓာတ်ဟာ ထွက်ရှိမှုပမာဏနည်းလာပြီး ဆီး၏အရောင်မှာ အဝါ ရောင်သို့မဟုတ် ပယင်းရောင် ရင့်ရင့်ပြောင်း သွားပါတော့ တယ်။

(၃) ဝမ်းချုပ်ခြင်း

ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဝမ်းကလည်း ဆီးလိုပါပဲ၊ ရေဓာတ်ရှိမှသာ အူမကြီးကို ကောင်းစွာ အလုပ် လုပ်စေပြီးတော့ မလိုလားအပ်တဲ့ အစာဟောင်းတွေကို လွယ်လွယ်ကူကူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးနိုင် ပါလိမ့်မယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်တဲ့အခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ် ရောက်ပြီးသူ လူသားတိုင်း သန့်ရှင်းသောသောက်ရေ ကို တစ်နေ့လျှင် အနည်းဆုံး ရှစ်ဖန်ခွက်မျှ သောက်သုံးသင့်ပါတယ်။ ရေသောက်ရန် အသင့်လျော်ဆုံးအချိန် ရေခဲေ ရနဲ့ ရေနွေးတွေကိုမဆိုလိုပါ။ (ရိုးရိုးသောက်ရေ သန့်ကိုသာ သောက်ပါ)

(၁) တစ်ညတာလုံးငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ ဆော်ပေးဖို့ နံနက်အိပ်ရာထတာနဲ့ သောက်ရေ နှစ်ခွက်ေ သာက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့  ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေတစ်ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေတစ်ခွက်သောက်ပေးရပါမယ်။

(၄) လေဖြတ်၊ နှလုံးရောဂါတွေမဖြစ်အောင် ညမအိပ်ခင် ရေတစ်ခွက် သောက်ပေးရပါမယ်။

(၅) အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တစ်ရေးနိုးတဲ့ အခါ ရေထသောက်ပေးပါ။

ရေလုံးဝ မသောက်သင့်ဆုံး အချိန်

အမေရိကန် ကျန်းမာရေး သုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူမျိုးတွေမှာ အူ ကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့၊ အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစား နေစဉ်မှာ ရေခဲရေ၊ ရိုးရိုးရေအေး မသောက်ကြဘဲ ရေနွေးဖြူ သို့မဟုတ် လက်ဖက်ရည်ကြမ်းပူပူကိုသာ သောက် သုံးလေ့ရှိလို့ပါပဲ။ အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက (ဥပမာပြရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်း အဆီတွေက) အစာအိမ်နဲ့ အူလမ်း ကြောင်းမှာ ရွှံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာ ဖြစ်လာစေပါ တယ်။

ဒါ့အပြင် ထမင်းဟင်းပူပူစားရင်း ရေခဲရေအေးအေး သောက်လိုက်တဲ့အခါ များမှာလည်း အပူအအေးတစ်ပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေ ပါတယ်။ အပူအအေး တန်ပြန် သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက်ကမဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေ ပါတော့တယ်။ ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ၊ သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ သို့မဟုတ် ရေနွေးဖြူ သို့မဟုတ် ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုတ်မနင်အောင် မျှော ချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော်ကြာမှသာ သောက်ရေအေး သောက်ကြပါရန် အမေရိ ကန်ရှိ ကျန်းမာရေးသုတေသီများက Daily Health Tips ခေါ် အင်တာနက်သတင်းမှာ အကြံပေးဖော်ပြ သွားပါတယ်။

သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက် မိမိကိုယ်ကိုဆင်ခြင်ကြပြီး မိသားစု၊ ဆွေမျိုး၊ မိတ် ဆွေများအားလုံးကိုလည်း ကျန်းမာရေး အသိပေးမျှဝေ ပေးခြင်းဖြင့် လူ ၁ဝ ဦးမှာ အနည်းဆုံး တစ်ဦးကို အ သက်ကယ်တင်နိုင်မှာဖြစ်ပါကြောင်း အသိပေး နှိုးဆော်လိုက်ရပါတယ် ။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ