ဆယ်ကျော်သက်များနဲ့ ယမကာ


Drunkorexia ဆိုတာကတော့ ယမကာ မမှီဝဲမီ၊ မှီဝဲနေစဉ်နဲ့ မှီဝဲပြီးနောက်မှာ ပြုမူတဲ့ ယမကာ မှီဝဲခြင်းနဲ့ ဆက်စပ်တဲ့ ရှုပ်ထွေးသော အမူအကျင့်ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ လူအများစုကကောလိပ်ကျောင်းသားတွေ ယမကာမှီဝဲပုံကို နမူနာအဖြစ်စံထားကြည့်ကြတဲ့အခါဘယ်ကျောင်းသားတွေမှာ ယမကာ မှီဝဲခြင်းက ဘာလို့သူတို့ကိုပြဿနာများများနဲ့ပိုကြုံစေတာလဲဆိုတာကိုသိပ်နားမလည်ခဲ့ကြပါဘူး။


ဘာအစာမှမရှိတဲ့ အချိန် ယမကာမှီဝဲရင် ပိုပြီးလွယ်လွယ်မူတတ်တယ်ဆိုတာအများလက်ခံထား ပြီးသားပါ။ အကြောင်းကတော့အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အခါ ယမကာ တွေကိုသွေးကြောထဲ ပိုပြီးမြန်မြန် စုပ်ယူစေလို့ပါပဲ ။ ကောလိပ်ကျောင်းသားတွေကြား နောက်ပိုင်း ခေတ်စားလာတဲ့စကားလုံးက Drunkorexia ဆိုတာပါပဲ ။ အကြမ်း အားဖြင့်အရက်သောက်ခြင်းနဲ့၊ အစားအသောက်အမူအကျင့်၊ လေ့ကျင့်ခန်းပိုလုပ်ခြင်း၊ အလွန်အကျွံသောက်ခြင်း၊ ၀မ်းနည်းမှုတွေ ကိုဖွင့်ထုတ်ခြင်း စတဲ့ အမူအကျင့်တွေ ဆက်စပ်နေတာဆိုလိုတာပါ။ ဟူစတန်တက္ကသိုလ်စိတ်ပညာဌာနမှပါမောက္ခ ဒီပါလီဗွီရင်ကာ က ]]ကျောင်းသားတွေကအဲဒီလိုအမူအကျင့်တွေကို ယမကာရဲ့အာနိသင်ပိုတိုးလာအောင် ဒါမှမဟုတ် ယမ ကာကြောင့်ကယ်လိုရီတက်မလာအောင်}} လုပ်ဆောင်လာကြ တာတွေ့လာရပါတယ်လို့ နယူးအော်လင်းမှာကျင်းပတဲ့ ၃၉ ကြိမ်မြောက်အရက်စွဲမှုသုတေသနနှစ်ပါတ်လည်မှာပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ရင်ကာက ယင်း အမူအကျင့်တွေကြောင့်နောက်ဆက်တွဲရလဒ်တွေအများကြီး ရှိနိုင် ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ယမကာသောက်ရာမှာအထိန်း အကွပ်မဲ့လာပြီး အရက်ရဲ့ဘေး ထွက်ဆိုးကျိုးတွေပိုခံစားရတာပါ။

ဒါ့အပြင်ကယ်လိုရီစားသုံးမှုကိုလျော့ချလိုက်တဲ့အတွက်ဗီတာမင်ချို့တဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ရင်ကာကသူမရဲ့သုတေသနက Drunkorexia ရဲ့ အဓိပ္ပါယ်ကိုသတ်မှတ်ဖို့နဲ့၊ Drunkorexia အမျိုးအစားတွေကိုတိတိကျကျခွဲခြားပြဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ယင်းကဲ့သို့ တွေ့ရှိခြင်းအားဖြင့် မည့်သည့်အမူ အကျင့်ရှိတဲ့ ယမကာ မှီဝဲသူတွေက ပြဿနာတွေ ကြုံတွေ့နိုင်တယ်ဆိုတာ ကြိုသိနိုင်မှာဖြစ်ပါတယ်။

လိင်အမျိုးအစားနဲ့အရက်သောက်စဉ်အမူအကျင့်ကွဲပြားတာကတော့ခွဲခြားပြဖို့ခက်ပါတယ်။ ဒါပေမယ့်အမျိုးသမီးအများစုကတော့ bulimic type လို့ခေါ်တဲ့ ယမကာမှီဝဲစဉ် အစား အသောက်လျော့စားတဲ့အမူအကျင့်ပိုများပါတယ်။ အကြောင်း ကတော့ အရက်ကြောင့် တက်လာမယ့်ကယ်လိုရီကိုတစ်ဖက်ကပြန်လျော့ချလိုတဲ့သဘောပါပဲ။ ယင်းအမူအကျင့်မျိုးက ယမကာနဲ့ဆက်စပ်ပြဿနာတွေတက်နိုင်ခြေပိုများတာတွေ့ရပါတယ်။

ယင်းအချက်တွေအပြင် ယမကာမှီဝဲသည့် ပမာဏ၊ အကြိမ်အရေအတွက်နဲ့ အမူအကျင့်တွေနဲ့ ဆက်စပ်ပြီးတော့လည်း ဘယ်လိုသူတွေကပြဿနာပိုတွေ့နိုင်မယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ အဓိကကတော့မိမိသောက်နိုင်တဲ့ပမာဏထက်ကျော်ပြီး အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ အထိ မသောက်မိဖို့ရယ် ၊ သောက်ပြီးနောက်နေ့တွေမှာလည်း ရေဓာတ်အပြည့်အ၀ ပြန်လည်ဖြည့် တင်းပေးဖို့ရယ် ၊ အစာအိမ်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် မသောက်မိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးပေးဖို့နဲ့လေ့ကျင့်ခန်းကိုလည်း ကျန်းမာရေးနဲ့သင့်တော်မယ့်အမူအကျင့်အတိုင်း လုပ်ဆောင်သင့်တယ်လို့အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ