ကိုယ်တစ်ပိုင်းသေခြင်းအတွက် ပထမဆုံးဆေးဝါး FDA ခွင့်ပြုချက် ရရှိ


ဗဟိုအာရုံကြောစနစ်ယိုယွင်းပျက်စီးပြီး ဦးနှောက်နှင့်ခန္ဓာကိုယ်အချိတ်အဆက်ပြတ်တောက်သွားအောင် ခြင်း ကြောင့် အချို့ သောကိုယ်ခန္ဓာအစိပ်အပိုင်းများ လှုပ်ရှား၍မရနိုင်တော့သည့် ကိုယ်တစ်ပိုင်းသေခြင်း အတွက် ပထမဆုံးဆေးဝါး Ocrevus ကို အမေရိကန်ပြည်ထောင်စု၊ အစားအစာနှင့်ဆေးဝါး ကြီးကြပ်ရေးအဖွဲ့  FDA က ထုတ်လုပ်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။အာရုံကြောထိခိုက်သွားလို့  ကိုယ်တစ်ပိုင်းသေဆုံးရသူလူနာတွေဟာ ရွေးစရာလမ်းမရှိဘဲ ဝေဒနာကို တစ်သက်တာ ကြိတ်မှိတ်ခံစားသွားရလေ့ရှိပါတယ်။ အချို့ မှာလည်း ကိုယ်တစ်ပိုင်းသေမသွားဘူးဆိုပေ မယ့် အကြောမာတာ၊ အကြောဆိုင်းတာတွေဖြစ်သွားပြီး ပုံမှန်အတိုင်း မလှုပ်ရှားနိုင်တော့တာတွေ ဖြစ်ပါ တယ်။

 ဒီလိုဝေဒနာမျိုးကို ကုစားပေးနိုင်မယ့် Ocrevus လိုဆေးဝါးမျိုး ထွက်ပေါ်လာတာဟာ ဆေးလောကမှာတော့ အရေးပါတဲ့မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခြင်းပဲ ဖြစ်ပါတယ် ဟု ဆန်ဖရန်ဆစ္စ ကိုရှိ California တက္ကသိုလ်၊ အာရုံကြောဌာနပါမောက္ခဒေါက်တာ Stephen Hauser က ပြောပြသည်။ Ocrevus တွင် အဓိကပါဝင်သည့်ဆေးဝါးမှာ ocrelizumab အမျိုးအစားဖြစ်ကြောင်း၊ Genentech ကုမ္ပဏီ က ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ အကြောသေ၊လေဖြတ်၊ကိုယ်တစ်ပိုင်းသေမည့်အခြေအနေကို ဘေးထွက် ဆိုးကျိုးနည်းပါးစွာဖြင့် ဟန့် တားပေးနိုင်မည်ဖြစ်ကြောင်း၊ ကိုယ်တစ်ပိုင်းသေဆုံးပြီးလူနာများတွင်မူ ရောဂါ မပျံ့ ပွားစေရန် ဟန့် တားပေးခြင်းသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 ရောဂါဖြစ်ပွားပြီးသား လူနာတွေမှာ အကြောသေတာ ပိုပြီးပျံ့ မသွားအောင် ထိန်းပေးထားနိုင်ပြီး ရောဂါကို လည်း အနည်းအကျဉ်းတော့ သက်သာစေပါတယ်။ ရောဂါလက္ခဏာစနေပြီဖြစ်တဲ့လူနာတွေကိုတော့ Ocrevus က ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါဖြစ်ပွားပြီးလူနာတွေအတွက်လည်း ဒါဟာ အရေးပါတဲ့ တံခါး တစ်ချပ်ကို ဖွင့်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆေးဝါးကို တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာအောင် လုပ်နိုင်လာတဲ့တစ်နေ့ မှာ သူတို့ အတွက်လည်း မျှော်လင့်ချက်တွေရှိလာမှာပါ ဟု Hauser က ပြောပြ သည်။ Genentech ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကို ဆွီဒင်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစု Roche က ပိုင်ဆိုင်ပြီး Ocrevus ဆေးဝါးအတွက် တစ်နှစ်စာကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ရှိမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ